Zawgyi
ညစာစားပြီးတော့ Suhoသတိတရဖုန်းဆက်လိုက်မိတာက Chennie...
Chen-"အေး...ပြော..."
Suho-"Chennie....!!!!"
သူ့နာမည်ကိုခေါ်ကာ အာပြဲကြီးနှင့်အော်ငိုတာကြောင့်-
Chen-"ဘာဖြစ်တာတုန်း...ငါ့နာမည်ခေါ်ပြီးငိုမနေနဲ့။တော်ကြာနေပတ်ဝန်းကျင်က ငါသေလို့ငိုတယ်ထင်နေကြအုံးမယ်။"
Suho-"မင်းကလည်း ငါပြောမလို့ကို။"
Suhoကငိုသံကြီးနှင့်ပြောလာလေသည်။
Suho-"ငါလက်ထပ်ရတော့မယ်။"
Chen-"ဟုတ်လား...မင်းချစ်သူနဲ့လား?"
Suho-"မဟုတ်ဘူး။ဘယ်ကမှန်းမသိတဲ့သူနဲ့။"
Chen-"ဘာ!!!!ဘာပြောတယ်!!!!"
Suhoစကားကြောင့် Chennie၏ အောင်မြင်သောအသံကspeakerပေါက်ကနေ ဟိန်းထွက်လာလေတော့သည်။
Suho-"အိမ်ကသဘောတူတာကွ။ငါလည်း ငြင်းလို့မရဘူး။ငါ့အမေအကြောင်းလည်း မင်းသိတာပဲကွာ။"
Chen-"ဘယ်လိုဖြစ်တာတုန်း..."
Suho-"ဒီလိုပဲ...."
ဟုအစပြုကာ သူနဲ့သူ့အမေတို့ပြောခဲ့သော အကြောင်းအရာများကိုအကုန်ပြောပြလိုက်တော့သည်။
အကြောင်းစုံကြားရပြီးတဲ့နောက်မှာတော့-
Chen-"အဲဒီတော့ ဘယ်လိုလုပ်မှာလဲ?"
Suho-"ငါလည်းမသိဘူး။ငါ့အမေက ရှေးရိုးဆန်တယ်။ပြီးတော့သူက ငါ့သဘောကိုဘယ်တော့မှမမေးဘူး။သူလုပ်ချင်တာလုပ်တာ။"
Chen-"မင်းချစ်သူကော သိပြီးပြီလား?"
Suho-"မသိသေးဘူး။ငါXingကို ဘယ်လိုပြောရမလဲကွာ။သူစိတ်ညစ်သွားမှာလည်း ကြောက်တယ်။"
Chen-"မင်းပြောသင့်တယ်လို့ငါထင်တယ်။"
Suho-"အေးပါ။"
Chen-"မနက်ဖြန်တွေ့ရင်ပြောလိုက်ကွာ။ခက်ခဲမယ်ဆိုတာ ငါသိပါတယ်။ဒါပေမယ့် မင်းမပြောရင်ပိုရှုပ်ကုန်လိမ့်မယ်။"
Suho-"အင်း...ငါပြောလိုက်မယ်။"
Chen-"အေး..."
Suho-"ဒါနဲ့..မင်းယောက်ျားနဲ့ကော အဆင်ပြေလား?"
YOU ARE READING
ကိုကိုကျွန်တော့ကိုချာတိတ်လို့မခေါ်နဲ့ (Completed)
RomanceZawgyi ကလေး...မင်းရဲ့အချစ်ကိုသာကိုကိုခိုးယူလို့ရမယ်ဆိုရင်သိပ်ကောင်းမှာပဲ... Unicode ကလေး...မင်းရဲ့အချစ်ကိုသာကိုကိုခိုးယူလို့ရမယ်ဆိုရင်သိပ်ကောင်းမှာပဲ...