Part-38,Love Birds

2.5K 254 4
                                    

Zawgyi

စိတ်တိုတိုနဲ့ မျက်စောင်းထိုးပစ်လိုက်ပြီး အရှေ့ဘက်ကို လှည့်လိုက်တော့-

Suho-"ဟင်!"

Xingက အသားတုံးလေးကို ခရင်းမှာထိုးကာ သူ့ကိုလာကျွေးနေတာကြောင့် ကြောင်တောင်တောင်ဖြစ်သွားမိသည်။

Xing-"ခွံ့ကျွေးတာလေ။မစားချင်ဘူးလား?"

Suho-"မဟုတ်ပါဘူး။စားချင်ပါတယ်။"

ဟုပြော၍ Xingခွံ့ကျွေးတာကိုစားလိုက်ပြီး ကျေကျေနပ်နပ်ကြီး ပြုံးပစ်လိုက်လေသည်။ စိတ်ထဲမှာတော့-

Suho pov/တွေ့ပြီလား...သူ့ကို ငါပိုင်တယ်။/

Xing-"စားလို့ကောင်းတယ်မလား?"

Suhoခေါင်းငြိမ့်ပြလိုက်ပြီး-

Suho-"စားလို့ကောင်းတယ်။"

တစ်ဘက်ဝိုင်းကိုကြည့်လိုက်တော့ ကောင်မလေးတွေက ပါးစပ်တွေတောင်မစေ့နိုင်ဘဲ သူတို့နှစ်ယောက်ကို သတိလက်လွတ်ကို ငေးနေကြတာကို တွေ့လိုက်ရလေသည်။သူတို့ကို ပြုံးပြလိုက်ကာ အစားကိုဆက်စားနေလိုက်လေသည်။သူတို့နှစ်ယောက် စားသောက်ပြီးလို့ ထွက်သွားတော့ ဆိုင်ထဲမှာကျန်ခဲ့တဲ့ကောင်မလေးတွေကတော့

"ချစ်စရာလေးတွေ..."

ဟုပြောကာ တဟိဟိနှင့် ကျန်ခဲ့လေတော့သည်။ အဲဒါကတော့ Suhoမတွေးလိုက်မိတဲ့အပိုင်းလေးပေါ့။ သူသိတာကတော့ သူသဝန်တိုတယ်ဆိုတာပါပဲ။

Suhoအိမ်ရှေ့ကိုရောက်တော့ ကားလေးကို စက်ရပ်လိုက်ပါတယ်။Suhoက ကားပေါ်ကဆင်းမယ်လုပ်တော့ တံခါးကဖွင့်မရပြန်ပါဘူး။Xingဘက်ကို စိတ်မရှည်စွာ လှည့်ကြည့်လိုက်ပြီး-

Suho-"ဘာလဲ?"

ဟု လေသံရှည်ဆွဲကာ မေးလိုက်တော့ Xingက-

Xing-"ငါတို့ချစ်သူတွေဖြစ်သွားကြပြီမလား?"

Suho-"ဟုတ်တယ်လေ။"

Xing-"ဒါဆို အခေါ်အဝေါ်တွေပြောင်းသင့်ပြီမလား?"

Suho-"ခင်ဗျားကြိုက်သလိုခေါ်ပေါ့...ဘာလို့လာမေးနေတာလဲ?"

စိတ်ထဲကတော့ ပျော်နေပေမယ့် တည်ငြိမ်သူစတိုင်ဖမ်းလိုက်ပြီး ထိုင်းကားများထဲကလို အသံရှည်ဆွဲပြီး မေးလိုက်တော့-

ကိုကိုကျွန်တော့ကိုချာတိတ်လို့မခေါ်နဲ့ (Completed)Tahanan ng mga kuwento. Tumuklas ngayon