After Uni,Part-3

2K 164 21
                                    

Zawgyi

Chennieတစ်ယောက် ဖိုင်တွဲလေးပိုက်ပြီး Min Seokရုံးခန်းဘက်ကိုထွက်လာခဲ့ပါတယ်။ဒါပေမယ့် ရုံးခန်းထဲကိုဝင်လိုက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ပါတယ်။

Chennieသူ့မျက်စိတွေကိုတောင် သူမယုံနိုင်ပါဘူး။အံ့အားသင့်မှုနဲ့အတူဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုတွေကလည်း နှလုံးသားကိုဆက်တိုက် လောင်ကျွမ်းပြာချနေပြန်ပါတယ်။သူသိထားတဲ့ Min Seokက အဲလိုလူမှမဟုတ်တာဘဲ....

မျက်စိရှေ့ကမြင်ကွင်းကို ဆက်ကြည့်နိုင်စွမ်း မရှိတော့တာကြောင့် တံခါးကိုတောင်ပြန်မပိတ်နိုင်တော့ဘဲ Chennie လှည့်ထွက်လာခဲ့ပါတော့တယ်။

ရုတ်တရက်ဖြစ်သွားတဲ့အခြေအနေတွေမှာ Chennieကိုလည်း ရုတ်တရက်ကြီးတွေ့လိုက်ရတာကြောင့် Min Seokစိတ်ထဲအရမ်းကို စိတ်မကောင်းဖြစ်သွားရပါတယ်။

သူ့ချာတိတ်လေး စိတ်ညစ်သွားရှာပြီလေ... ချာတိတ်လေး အထင်လွဲသွားရှာပြီ... ရုတ်တရက် လှည့်ထွက်သွားတဲ့ Chennieကိုကြည့်ရင်း ခေါင်းထဲမှာတခြားအတွေးတွေမတွေးနိုင်တော့ပါဘူး။
ပတ်ဝန်းကျင်ကအခြေအနေတွေအားလုံးကိုလည်း မေ့သွားပြီး သူ့စိတ်ထဲမှာရှိနေတာ တစ်ခုတည်းက Chennieနောက်ကို လိုက်သွားဖို့...ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် သူ့ကိုဖက်ထားတဲ့ Eun Haeကို ကြမ်းပြင်ပေါ်တွန်းချပစ်ခဲ့ပြီး Chennieနောက်ကို အပြေးတစ်ပိုင်း လိုက်လာခဲ့ပါတယ်။

Chennieကို Min Seok တွေ့လိုက်တဲ့ အချိန်မှာတော့ မြန်ဆန်လွန်းတဲ့ချာတိတ်လေးက ဓာတ်လှေကားထဲကိုတောင် ရောက်နေပါပြီ။ဓာတ်လှေကားတံခါး ပိတ်လုပိတ်ခင်လေးမှာ အမြန်ပြေးဝင်လိုက်တော့ ကံကောင်းစွာပဲ ဓာတ်လှေကားထဲကို Min Seokရောက်သွားခဲ့ပါတယ်။အခုတော့ ဓာတ်လှေကားထဲမှာ သူတို့နှစ်ယောက်တည်းပါ။

Min Seokဝင်လာတာမြင်တော့ Chennieက ဓာတ်လှေကားနံရံတွေဘက်ကို မျက်နှာလှည့်သွားပါတယ်။တစ်ဘက်လှည့်နေတဲ့ Chennieကိုနောက်ကနေ ဖက်ထားလိုက်ရင်း-

Min-"ချာတိတ်..."

လို့...သူ့နာမ်စားလေးကို တိုးတိုးဖွဖွခေါ်လိုက်တော့ Chennieက သူ့ခေါင်းကို Min Seokနဲ့ဆန့်ကျင်ဘက်ကိုလွှဲသွားပြန်ပါတယ်။

ကိုကိုကျွန်တော့ကိုချာတိတ်လို့မခေါ်နဲ့ (Completed)Donde viven las historias. Descúbrelo ahora