16

515 49 6
                                    

Jong: K Kris!

Chan: ကလေး ဘာဖြစ်လို့လဲ အသိလား?

Jong: ဆရာ ကျနော်ကို ဒီကနေခေါ်ထုတ်သွားပေးပါ မြန်မြန်

ကလေးတစ်ယောက် အရမ်းကိုတုန်နေသည်
ကျနော် သူပြောတဲ့နာမည်ကိုကြားဖူးသော်ညား အခုမမှတ်မိတော့
အခုပဲမေ့လဲတော့မလိုဖြစ်နေတဲ့ကလေး အခြေအနေတော့ သိပ်မဟန် သူပြောတဲ့အတိုင်း ပြန်မှကောင်းမည်

Chan: အင်းအင်း သွားမယ်နော် လာ ကလေး
ဟုလက်ကလေးကိုဆွဲခေါ်လိုက်တော့ ကလေးလက်ကလေးတွေတုန်ပြီး အေးစက်နေလေတယ်
ကားပေါ်မှာလည်း တစ်လမ်းလုံးစကားမပြော လက်သည်းတွေချည်းဖိကိုက်နေတယ်
အခုချိန်တော့ ဘာမှမမေးတော့ဘူး အိမ်ရောက်မှပဲ မေးတော့ မည်

Chan: ကလေးရောက်ပြီ အိမ်ကို

ဖြေသံမကြား

Chan: ကလေး!!!
လို့ပုခုံးကိုကိုင်ပြီးရမ်းလိုက်မှပဲ
"ဟင် ဘာပြောတာလဲ" တဲ့

Chan: ကလေး ရောက်ပြီလို့

Jong: ဪအင်းအင်း

ဆိုပြီး အိမ်ထဲကိုပြေးဝင်သွားတော့ ကျနော်လည်းအနောက်ကလိုက်ပြေးရတယ် သူ့အမေကတော့ ဘာဖြစ်တာလဲလို့ မေးပေမယ့် အဖြေမရ အခန်းထဲရောက်သွားပြီ အဲ့ခါမှ ကျနော်ကိုသူ့အမေက သတိထားမိတယ်

Chan: အန်တီ

J'omma: မင်း မင်း Chanyeollie ???

Chan: ဟုတ်ပါတယ် ကျနော်ပါ

J'omma: မင်းကဘယ်လိုဖြစ်လို့?

Chan: ကျနော်က Jong လေးတို့ အတန်းပိုင်ဆရာပါ Jong လေးက ကျနော်ကို မသိပါဘူး ဒါပေမယ့် ပြောပြထားပြီး တောင်းပန်ထားပါတယ် အန်တီ
အန်တီ့ကိုလည်းတောင်းပန်ချင်လို့လာခဲ့တာပါ

J'omma: မလိုပါဘူး ငါ့သားရယ် ဒီကိစ္စငါ့သားမှားတာမဟုတ်ပဲ မင်းအဖေကသာ .... ကဲပါထားပါ ဟိုကိုယ်တော်ချောဘာဖြစ်လာတာလဲ?

Baby And His TeacherWhere stories live. Discover now