Chan: ကလေး ဘာ ဘာပြောလိုက်တယ် ??
Jong: ဆရာ အိမ်မှာလာနေပေးပါလားလို့
Chan: ဘာ ဘာလို့လဲ ကလေး?
Jong: ကျွန်တော်လေ Insecure ဖြစ်နေတယ်လို့ခံစားနေရတယ် ဆရာ
ကျွန်တော်အရမ်းကြောက်နေမိတယ် တစ်ခုခုဖြစ်တော့မလိုပဲ ကျွန်တော်ကိုယ့်ကိုကိုယ်လည်းမကာကွယ်တတ်ဘူး မသိဘူးဆရာ ကျွန်တော်မလုံခြုံဘူးလို့ပဲခံစားနေရတယ်သနားစရာ ကလေး ကျွန်တော်လည်းဘယ်လိုနှစ်သိမ့်ရမည်မသိ
သူ့ကိစ္စကို အန်တီကိုယ်တိုင်က ဂဂနန မသိ
သူသာလျှင် သိမည့်ကိစ္စ
ကျွန်တော်မေးလိုက်ချင်သော်ငြား ကလေးကစိတ်ထိခိုက်သွားမှာလည်းဆိုးသေးသည်Jong: အဲ့တာကြောင့် ဆရာ ကျွန်တော်နဲ့လိုက်နေပေးပါလား? အမေနဲ့ကျွန်တော် နှစ်ယောက်တည်းမို့ အိမ်မှာအခန်းတွေလည်းပိုပါတယ်ဆရာ
Chan: လိုက်ပေးလို့ရပါတယ်ကွာ ကလေးကလည်း ဒါပေမယ့် ကိုယ့်ကိုဘာလို့ခေါ်တာလဲ? ဒီလိုလေ အကယ်၍ Sehun ကိုခေါ်လည်း သူလာမှာပေါ့ ကိုယ်နဲ့ဆိုပိုစိတ်ကျဉ်းကြပ်နေမယ်ထင်တယ်နော်
Jong: ကျ ကျွန်တော် ဆရာနဲ့ စကားကြာကြာပြောလာလေ ရင်းနှီးမှုနဲ့ နွေးထွေးမှုကို ခံစားလာရလေမို့ပါဆရာ
ဒီစကားပြောရင်း မျက်နှာလေးမှာ ပန်းရောင်လေးသမ်းလို့
ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ကလေးJong: တောင်းပန်ပါတယ်ဆရာ ဟင့်~ ကျွန်တော် ဆရာ့ကိုမမှတ်မိလို့
ဆရာ မဖြစ်နိုင်ရင်လည်းရပါတယ်နော် ဆရာအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်နေမှာဆိုးလို့ပါ ရွှတ်~ကလေးဟာပြောရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာလေသည်
Chan: ဟေ့ဟေ့ မငိုနဲ့လေ ခင်ဗျားလေးရယ် ဘာနဲ့တောင်ဖြစ်တာတုန်း? ကိုယ်ကအဆင်ပြေတယ် ကလေး လာပါမယ့် Sorry Sorry ကလေးကို မဟုတ်တာတွေမေးမိနေတယ် တိတ်တိတ်
YOU ARE READING
Baby And His Teacher
FanfictionChanyeol : အိုး ချစ်စရာလေး Jongin : အိပ်ချင်လိုက်တာ