19

435 49 9
                                    

မနေ့ကသူပြောထားတဲ့စကားလေးကြောင့် ကျွန်တော့်ရင်က အခုထက်ထိ အတိုင်းမသိ ခုန်နေလေရဲ့

သေမလို့ခုန်နေတာလား ? -_-

ကိုယ့်ဟာကိုယ်လည်း ရီမိတယ်

လခွမ်းနဲ့မှ ဆယ်ကျော်သက်အရွယ်လေး ရင်ခုန်နေတာကြ

အို သိဘူး သိဘူး ဟိုဟာလေးက စိတ်ဝင်စားနေပြီလို့ပြောတာနဲ့တင်သေနိုင်တယ် xP

လူကအရူးလိုပဲ ပြုံးစိစိနဲ့

Jong: Chan

ရူးပြီး ငါလေးသွားရှာပြီ

Jong: Chan လို့ !!!!

Chan: ဟမ် ? ဘာ ဘာကြီးလဲကလေး ?

Jong: ဘာတွေတွေးနေတာတုန်း ? မနည်းခေါ်ရတယ်

Chan: ဟီး ဘာရယ်မဟုတ်ပါဘူး

Jong: သိပါဘူး တစ်ယောက်တည်းပြုံးလိုက် ခေါင်းကိုထုလိုက်နဲ့ ရူးပြီမှတ်တာ xP

Chan: အမယ် အမယ် အကြီးကို လျှာထုတ်ပြီးတောင်ပြောင်ပြနေသေးတယ် လာစမ်း လာစမ်း

Jong: ဟာဟ လုပ်နဲ့ အိစ် ယားတယ် အဟိဟိ အား မလုပ်နဲ့လို့

Chan: ပြောင်ချင်ဦိး

သူ့ကိုကလိထိုးတော့ အိပ်ယာပေါ်တင် ထွန့်ထွန့်လူးနေလေရဲ့

မောသွားခါမှ သူ့ဘေးလှဲအိပ်ဖြစ်တယ်

ပြီးသူ့ဘက်လှည့်လိုက်တော့ သူကလည်း ကျွန်တော့်ကို လှည့်ကြည့်နေခိုက် နဲ့ကြုံလေတယ်

အတော်ကြာ အကြည့်စုံပြီးတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးမိကြတယ် ပြီး သူ့ပါးလေးကိုလက်နဲ့အုပ်ကိုင်ကာ

Chan: ဒီမျက်လုံးမို့မို့လေး ဒီနှာခေါင်းလေး ဒီနှုတ်ခမ်းထူထူလေး ဒီမျက်ဝန်းညိုညိုလေးတွေကို သိပ်ချစ်တာပဲ ဟင်း

ကျွန်တော်အဲ့လိုပြောတော့ မျက်လုံးလဲ့လဲ့လေးတွေနဲ့ ကျွန်တော့်ကို ကြည့်ပြီး ရင်ခွင်ထဲအတင်တိုးဝင်လာလေသည်

Baby And His TeacherWhere stories live. Discover now