စိတ်ဝင်စားနေပြီပြောလိုက် အဖြေပေးမယ်ပြောလိုက်နဲ့
လူကို ဖိုးသိုးဖတ်သပ်ဖြစ်အောင် လုပ်ရတာပျော်ရဲ့လား ဘေဘီ ?
ညကလည်းတညလုံးအိပ်မရ မနက်ကျထတော့
ကိုယ့်မျက်နှာကို ပြန်ကြည့်မိတော့ သရဲအလား -_-||
မျက်ကွင်းကညိုလို့
မနက်စာထစားတော့ အန်တီကမေးတယ် သားဘာဖြစ်တာလဲတဲ့
ကျွန်တော်လည်းဖြီးပဲပြလိုက်တယ်
ဟိုကလေးစုတ်ကတော့ တခွီခွီနဲ့
အမယ်သိတယ်ပေါ့ သူ့ကြောင့်အိပ်မရတာ ? 😒
နေစမ်းပါစေ ပိုင်ကာမှ အတိုးချ အပြစ်ပေးပစ်ဦးမယ် ဟွန့် 😒
အီစ်းး သူက Yes လို့ပေးမှာလား NO လို့ပေးမှာလားလည်းမသိပဲနဲ့
စိတ်ကူးတွေယဉ်နေပြန်ပြီ ပတ်ခုချန်းယောလ်လေးက 😫
မသိဘူး ရင်ထဲ နေမကောင်းဘူး စိတ်တွေအခုန်လွန်ပြီ သေမလိုပဲ
ကလေးစုတ်ရဲ့ 😬Jong: Chan ရေ
Chan: ဗျ ဗျာ
Jong: အမယ် ဗျာတဲ့ 😝
အားဒီကလေးစုတ် လူကြီးကို
အယောင်ယောင်အမှားမှားဖြစ်နေတာသိရင်ကောင်းမယ် 😒
ရူးနေတာ
Chan: ပြောဘာပြောမို့တုန်းကလေး ?
Jong: ဟိုဒီနေ့တင်္နဂနွေဆိုတော့ လျှောက်လည်ရအောင်လို့ လာပြောတာ
Chan: သွားလေကလေး ဘယ်သွားမလဲ ?
Jong: အင်း ကစားကွင်း ပြီးတော့ ရုပ်ရှင်လည်းကြည့်မယ် အယ်နေဦး ကုန်တိုက်လည်းပတ်ချင်တယ် ဟန်မြစ်ဘေးလည်းလမ်းလျှောက်ချင်တယ်
Chan: အမလေးဗျာ များလာချည်လား ?
Jong: ဟီး အရင်တုန်းက တစ်ယောက်တည်းဆို ပျင်းပြီးမသွားချင်ဘူးလေ အခုကျတော့ အဖော်ရှိလာပြီဆိုတော့ လျှောက်သွားချင်လာလို့
YOU ARE READING
Baby And His Teacher
FanfictionChanyeol : အိုး ချစ်စရာလေး Jongin : အိပ်ချင်လိုက်တာ