YAMC - 1

63.6K 2.4K 81
                                    

[Unicode]

နေမဟော်သည် ဦးထုပ်ဆောင်းလိုက်ပြီးနောက် dashboardပေါ်က ပါဆယ်ဘူးကိုယူကာ ကားပေါ်မှဆင်းလိုက်သည်။ ထို့နောက် သူဦးတည်ကာ လျှောက်လှမ်းသွားသည်က 'မင်းမြတ်ပိုင်'ဟု အမည်ရသည့် ကုမ္ပဏီဆီသို့ဖြစ်သည်။

သေချာတာကတော့ သူ့နှုတ်ခမ်းထက်၌ ပြုံးခြင်းလား၊ မဲ့ခြင်းလားမသဲကွဲသည့် ဖော်ပြချက်လေး တစ်ခုရှိနေပေလိမ့်မည်။ ပါဆယ်ဘူးကိုပို့ပြီးနောက် ကားထဲ၌ ပြန်ထိုင်နေလိုက်ပြီး ခဏအကြာမှာတော့ car parking ထဲသို့ ကားလေးတစ်စီးဝင်လာသည်ကို သူမြင်လိုက်သည်။

ကားရပ်သွားပြီးနောက် အနက်ရောင်အနောက်တိုင်းဝတ်စုံဖြင့် လူငယ်တစ်ယောက်ဆင်းလာပြီး ဝန်ထမ်းများဦးညွှတ်ကာနှုတ်ဆက်သည်ကို အလိုက်သင့်ပြုံးပြကာ ကုမ္ပဏီထဲသို့ ဝင်သွားလေသည်။ နေမဟော်လည်းပြုံးလိုက်ပြီး အတော်လေးကြာတော့ဖုန်းကို ယူလိုက်သည်။

ထိုအခါ သူ့လက်ချောင်းလေးများက phone contact ဆိုသည့် appလေးကို အလိုလို နှိပ်မိပြီးသားဖြစ်နေလေပြီ။ ထို့နောက်မှာတော့ ခေါ်ဆိုလိုက်သည့် contact nameလေးက baby...

*****

ဘုန်းမြတ်ပိုင်သည် ကားပေါ်မှဆင်းလာကာ သူ့ကိုနှုတ်ဆက်သည့် ဝန်ထမ်းအချို့ကို ပြန်လည်ပြုံးပြပြီး companyထဲသို့ ဆက်ဝင်လာလိုက်သည်။ သူ့ကိုတွေ့တွေ့ချင်းမှာပဲ အတွင်းရေးမှူးမလေးက ပါဆယ်ထုပ်တစ်ခုနှင့်အတူ အနားသို့လျှောက်လာသည်။

"မင်္ဂလာပါဆရာ"

"မင်္ဂလာပါသန္တာ"

"ဆရာ့အမည်နဲ့ပါဆယ်ထုပ်တစ်ခု ရောက်လာတယ်ဆရာ ဒီမှာပါ"

"Ok, thank you ပါ"

ဘုန်းမြတ်ပိုင်သည် သူ၏အတွင်းရေးမှူးဖြစ်သူ သန္တာ့ထံမှ ပါဆယ်ဗူးကိုယူပြီးနောက် ရုံးခန်းထဲဝင်လာလိုက်သည်။ ပါဆယ်ဘူးကိုစားပွဲပေါ်တင်လိုက်ပြီးနောက် ဝတ်ထားသည့် coatကိုချွတ်ကာ coat rockတွင် ချိတ်လိုက်သည်။

ထို့နောက်ခုံတွင်ထိုင်ကာ စားပွဲပေါ်မှပါဆယ်ဘူးကိုယူပြီး အလှထုပ်ထားသည်များကို ဖယ်လိုက်သည်။ ထိုအခါတွေ့လိုက်ရသည်က မွေးနေ့ကိတ်ဘူးနှင့် စာတစ်စောင်ဖြစ်သည်မို့ ရုတ်တရက်တော့ အံ့အားသင့်သွားရသည်။

You Are My Cancer [Completed]Tahanan ng mga kuwento. Tumuklas ngayon