Married life - 3

13.6K 611 34
                                    

[Unicode]

I figured it out, I figure it out from black and white. Seconds and hours, may be they had to take some time.
I know how it goes, I know how
it goes from wrong and right.

ဘုန်းမြတ်ပိုင်သည် မျက်လုံးလေးမှိတ်ကာ ဂစ်တာသံနှင့်အတူ ထွက်ပေါ်နေသည့် နေမဟော့်သံစဉ်လေးထဲ မျောပါနေမိပြီး သီချင်းဆုံးသွားသည်ကိုပင်မသိလိုက်ပေ။ သီဆိုနေသည့် သီချင်းလေးဆုံးသွားတော့ ပရိတ်သတ်က လက်ခုပ်တီးကာ အားပေးကြလေသည်။ ထိုအခါမှ ဘုန်းမြတ်ပိုင်လည်း မျက်လုံးလေးဖွင့်ကြည့်လိုက်သည်။

"စိတ်ချပါကိုကို ဒီသီချင်းစာသားလေးတွေလိုပဲ ကျွန်တော်တို့နှစ်ယောက်ကြား ဘယ်အရာမှ ၀င်လို့မရစေရဘူး။ နောက်ဆုံးနေ၀င်ချိန်အထိ ကျွန်တော်တို့လက်တွေ ခိုင်မြဲနေမှာ"

ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော့်နားအနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ မျက်ရည်တွေလည်း ၀ဲလျက်ပေါ့။ နေမဟော်ကတော့ ဘုန်းမြတ်ပိုင်၏ မျက်ရည်တွေကို တို့သုတ်ပေးလိုက်ပြီးနောက် နဖူးပြင်ထက် မြတ်နိုးစွာနမ်းရှိုက်လိုက်တော့ partyပွဲကိုတက်ရောက် ချီးမြှင့်သူမျာက ဝိုးခနဲအော်ကာ လက်ခုပ်တီးကြပြန်လေသည်။

"ဒယ်ဒီ သားတို့နားတော့မယ်နော်။ ကလေးပင်ပန်းနေပြီမို့လို့"

နေမဟော်ခွင့်တောင်းလိုက်တော့ ဦးမင်းမဟော် ခေါင်းငြိတ်ပြလိုက်သည်။ ဦးမင်းမြတ်ပိုင်ကတော့ မျက်ရည်အဝဲသားဖြင့် သားဖြစ်သူကိုကြည့်နေမိပြီးနောက် သူတို့နှစ်ယောက်၏ လက်တစ်ဖက်စီကို ဆွဲယူလိုက်သည်။ ထို့နောက်နေမဟော့် လက်ထဲသို့ သားဖြစ်သူ၏ လက်ကိုထည့်ပေးကာ ကတိတောင်းလိုက်သည်။

"သားတို့နှစ်ယောက်လုံး ဘယ်လိုပြဿနာတွေပဲရှိရှိ တွဲထားတဲ့လက်တစ်စုံကို လုံး၀မဖြုတ်ဘဲ အတူဖြေရှင်းကြမယ်လို့ ဒယ်ဒီ့ကိုကတိပေးနိုင်မလား"

"ဟုတ်ကဲ့ ကတိပေးပါတယ်"

ဦးမင်းမြတ်ပိုင်၏ တောင်းဆိုမှုကို နှစ်ယောက်စလုံး ပြိုင်တူပင်ဖြေလိုက်ကြသည်။ ထို့နောက်ဦးမင်းမြတ်ပိုင်သည် လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်ရာ ဘုန်းမြတ်ပိုင်လည်း သူ့ဒယ်ဒီကို ဖက်ထားလိုက်တော့သည်။

You Are My Cancer [Completed]Tahanan ng mga kuwento. Tumuklas ngayon