YAMC - 6

13.2K 1.1K 13
                                    

[Unicode]

ဘုန်းမြတ်ပိုင်တစ်ယောက် ရုပ်ရှင်ရုံမှအပြန် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ အရင်ကစကားများလှသည့် အစ်ကိုက အခုတော့ဖြင့် ငြိမ်ချက်သားကောင်းနေတာမို့ နှင်းမြတ်ပိုင်တစ်ယောက် မနေနိုင်တော့ပေ။
    
"ကိုကို... ကိုကိုလို့..."
    
"အာ... ဟင်... ဘာလဲညီမလေး"
    
ခေါ်သံကိုမကြားတာကြောင့် အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည့်အခါမှ ဘုန်းမြတ်ပိုင်တစ်ယောက် လန့်ဖြန့်သွားကာ လှည့်ကြည့်လေသည်။ သူမအစ်ကို၏ပုံစံက တစ်ခုခုကိုအလေးအနက် တွေးနေပုံပေါက်နေတာမို့ "ဘာတွေ စဉ်းစားနေတာလဲ"လို့ မေးလိုက်တော့မဖြေပါ။

"ဘာလို့လဲ "
    
"မသိဘူးလေ မျက်နှာကြီးနီနေတာ ခရမ်းချဉ်သီးမှည့်ကြီးလို ဖြစ်နေပြီ ဟိဟိ"
    
ဘူန်းမြတ်ပိုင်သည် နှင်းမြတ်ပိုင်က သူ့မျက်နှာကိုကြည့်ရင်း တဟိဟိရယ်နေတာကြောင့်  မနေတတ်တော့ပေ။ သူ့မျက်နှာသူ ကားမှန်တွင်ကြည့်လိုက်တော့ အနည်းငယ်လောက် ရဲနေသည်မှာမှန်သော်လည်း ငြင်းချက်ထုတ်မိသည်။
    
"ဘယ်မှာနီလို့လဲ မနီပါဘူး"
    
"နီနေပါတယ်ကိုကိုရာ ဟင်းဟင်း... သိနေတယ်နော်သိနေတယ် toilet... toilet ဟုတ်တယ်မလား။ ဘာတွေဖြစ်လာကြပါလိမ့်နော်။ ဟီဟိ ဟုတ်တယ်မလား ဟုတ်ပါတယ်။ ကြည့်ကြည့်ပါးလေးရဲနေတယ်။ ဟောဟော... နှာခေါင်းလေးလဲ ရဲလာပြီ"
    
နှင်းမြတ်ပိုင်တစ်ယောက် အပြန်လမ်းတစ်လျှောက်လုံး အေးအေးဆေးဆေးမနေပါချေ။  ကားမောင်းနေသည့် အစ်ကိုဖြစ်သူဘက်ကိုလှည့်ကြည့်ကာ မရမကမေးမြန်းစနောက်နေလေသည်။
    
"နှင်းမြတ်ပိုင်..."
    
ဘုန်းမြတ်ပိုင်သည် နဂိုကတည်းက ရှက်နေပါသည်ဆိုကာမှ ပုလိပ်စစ်သလိုလာစစ်နေသော ညီမဖြစ်သူကြောင့် ရှက်ရှက်ဖြင့်အော်လိုက်တော့သည်။ သို့သော်လည်း နှင်းမြတ်ပိုင်ကတော့ မျက်နှာပိုးမသေဘဲ စပ်ဖြဲဖြဲမျက်နှာဖြင့်သာ။
    
"ရှင်... ရှင့်"
    
"ပါးစပ်လေး ပိတ်ထားလို့မရဘူးလား"
    
"မရပါဘူး။ ပါးစပ်က မေမေမွေးကတည်းက အပေါက်ကြီးပါလာတာကို"
    
"အာရုံတွေများအောင်မလုပ်နဲ့။ ယာဉ်ကြောတွေက ရှုပ်နေတာနော်။ ဒီနားမှာတင် သေသွားချင်လို့လား"
    
"ဟင့်... မသေချင်သေးပါဘူး။ ကိုကို့ကို ယောကျ်ားပေးစားရမဲ့ တာ၀န်ရှိသေးတယ်"
    
"နှင်းမြတ်ပိုင်..."
    
"အာ... ကိုကိုကလဲ အဲဒီ့လောက်မအော်ပါနဲ့။ တိုးတိုးပြောရင်လည်းကြားပါတယ်။ အရှေ့ကိုပဲဂရုစိုက်။ တော်ကြာနေ ယောကျ်ားမရသေးဘဲ သေသွားရင် ငိုမဲ့သူမရှိပဲနေမယ်"
    
နောက်ဆုံးမှာတော့ ဘုန်းမြတ်ပိုင်သာ အရှုံးပေးလိုက်ရတော့သည်။ ဒီကလေးမကို သူဘယ်လိုမှ စကားနိုင်လုလို့မရပါလေ။ အမြဲတမ်းပင် တစ်ဦးတည်းသောအစ်ကိုကိုသာ ယောကျ်ားပေးစားချင်နေသည်။

You Are My Cancer [Completed]Donde viven las historias. Descúbrelo ahora