ကျွန်တော်နဲ့ 'နှင်း'

2.4K 147 8
                                    

.........​ဆောင်းဦးသို့အနဲငယ်​ဝင်​လာပြီဖြစ်​တာ​ကြောင့်​​အေးစိမ့်​စိမ့်​ဖြစ်​လာတဲ့ရာသီဥတုနဲ့အတူခပ်​ဖွဲဖွဲ​လေးကျ​နေတဲ့ပထမဆုံးနှင်းတို့ကိုလည်းမြင်​​နေရတယ်​....။

ပြတင်း​ပေါက်​က​နေတဆင့်​သူ့မျက်​နှာကိုနူးညံ့စွာကျီစယ်​လာတဲ့autumn morningရဲ့​လေနု​အေး​လေး​တွေ.....​လေနု​လေး​တွေထဲမှာပါလာတဲ့..သူသိပ်​သ​ဘောကျတဲ့နှင်း​လေး​တွေရဲ့အ​ငွေ့အသက်​ကိုလည်းခံစားမိပါရဲ့.....။

"ဟူး......"

....ဘယ်​​တော့များမှအဲ့ဒီနှင်း​လေး​တွေအ​ပေါ်မှာလမ်း​လျှောက်​ခွင့်​ရပါ့မလဲ....??။လူမှန်းသိတတ်​စအရွယ်​ထဲကမက်​ခဲ့ဖူးတဲ့အိမ်​မက်​လှလှ​လေးထဲမှာသူဟာနှင်း​တွေ​​ပေါ်မှာ​ပြေးလွှားလို့လွတ်​လပ်​စွာက​လေးတ​ယောက်​လိုပြုံးရယ်​​နေခဲ့တယ်​တဲ့...။
က​လေးဆန်​တဲ့အိမ်​မက်​မှန်းသိပါတယ်​...၊ဒါ​ပေမဲ့ဘဝမှာလိုအပ်​တာမှန်​သမျှမ​တောင့်​မတဘဲရခဲ့ဖူးတဲ့သူ့အတွက်​ဘာမဟုတ်​တဲ့အဲ့ဒီ့အိမ်​မက်​​လေးကပဲကမ္ဘာတခုစာကြီးမားတယ်​.။....ဘာလို့များသူဟာအခြားသူ​တွေနဲ့မတူတဲ့လူတ​ယောက်​အဖြစ်​​မွေးဖွားခဲ့ရသလဲကွယ်​...။

°°°°°°°သာယာလှတဲ့​ဆောင်းဦးရဲ့မနက်​ခင်း​​လေး​​တွေတိုင်းမှာတစုံတရာ​သော​မျှော်​လင့်​ချက်​နဲ့လမ်းမ​ပေါ်ကနှင်းစက်​​လေး​တွေကို​ငေးရင်းအလိုမကျစွာစူပုတ်​​နေတဲ့​ကောင်​​လေးတ​ယောက်​ဟာနန်း​တော်​တမျှခမ်းနားတဲ့အိမ်​ကြီးရဲ့အ​ပေါ်ဆုံးထပ်​ပြတင်း​ပေါက်ေ​လးမှာအမြဲလိုလိုရှိ​နေခဲ့ပါတယ်​တဲ့°°°°°°°

💦💦💦On the snow💦💦💦

".....ကျွီ...."
"အို!!!......chanyeolရယ်​.....ပြတင်း​ပေါက်​နားမှာသွားထိုင်​​နေပြန်​ပြီ....တံခါးကြီးလည်းဖွင့်​ထား​သေး....​နေမ​ကောင်းဖြစ်​​တော့မှာပဲ..."

...တံခါးဖွင့်​သံနဲ့တဆက်​တည်းဆိုသလိုကြားလိုက်​ရတဲ့​မေ​မေ့အသံ....။စိတ်​ပျက်​လှပါပြီ..၊​နေမ​ကောင်းဖြစ်​​တော့မှာပဲဆိုတာကြီးလည်းကြားရလွန်းလို့မုန်းလှပြီ...။ထပ်​ပြီးကြားရဦးမယ်​...။ဆေးသွားသွင်းရမယ်​...ဆိုတဲ့မကြားချင်​ဆုံးစကား....။

On the snow 「 completed 」Where stories live. Discover now