နှင်းသို့မြတ်နိုးခြင်း

859 114 9
                                    

"ဟူး......"

ကစားကွင်း​လေးထဲတွင်​ဟိုဖက်​​လျှောက်​လိုက်​ဒီဘက်​​လျှောက်​လိုက်​လုပ်​ရင်းဖြင့်​​အေးလာတာ​ကြောင့်​လက်​ဝါးနှစ်​ဖက်​ကိုပါးစပ်​နားတွင်​​တေ့ကာ​လေမှုတ်​လိုက်​မိသည်​။....သူဘာလို့မလာ​သေးပါလိမ့်​....။အရင်ရက်​​တွေကသူ့ကိုမ​တွေ့လို့များမလာ​တော့တာလား...?။သူ့အ​တွေးပင်​မဆုံးလိုက်​....ခပ်​လှမ်းလှမ်းက​နေလှမ်းလာ​နေတဲ့လုံးတုံးလုံးတုံး​ကောင်​​သေး​သေး​လေး.....။ကောင်​​လေးအကြည့်​ကသူရပ်​​နေ​သောကစားကွင်းဘက်​သို့ဖျတ်​ခနဲတချက်​​ရောက်​လာ​တော့ဝမ်းသာအားရဖြင့်​လက်​တဖက်​​ဝေ့ယမ်းပြလိုက်​မိသည်​.....။အမ်​!....။ကိုယ်​ကမြင်​​အောင်​လက်​ပြကာမှနှုတ်​ခမ်းကိုတ​တောင်​​လောက်​​ထော်​ပြီးဟိုဖက်​ပြန်​လှည့်​သွားသည်​....။အရင်​ရက်​ကလာမ​တွေ့နိုင်​လို့စိတ်​ဆိုး​နေတာများလား?။သူ့နဲ့​တွေ့ချင်​လွန်းလို့သိပ်​မသက်​သာ​သေးတာ​တောင်​သက်​သာချင်​​ယောင်​​ဆောင်​ပြီးဒီမှာရပ်​​စောင့်​​နေရတာဘယ်​​လောက်​ပင်​ပန်းသလဲသူမသိဘူး.....။စိတ်​မ​ကောင်းဖြစ်​သွားမှုနှင့်​အတူအ​ကြောင်းမဲ့​မြေကြီးကိုစိုက်​ကြည့်​​နေမိတုန်းမြင်​ကွင်းထဲ​ပေါ်လာသည့်​​ခြေ​ထောက်​​သေး​သေး​လေး.....။

"ဟင်​!"

ကျော်​သွားပြီထင်​တာ...။စိတ်​ဆိုးပြီးမလာ​တော့ဘူးထင်​တာ....။

"အသက်​ရှိ​သေးလား...?မတ်​တပ်​များ​သေ​နေသလားလို့...."
စကားကိုခပ်​​ဆောင့်​​ဆောင့်​​ပြောရင်းနီးရာဒန်းတခုတွင်​ဝင်​ထိုင်​လိုက်​သည့်​​ကောင်​​လေး။

"မဟုတ်​ပါဘူး....ငါမင်းကိုလာ​စောင့်​​နေတာ...."

"အရင်​တပတ်​လုံးလုံးခင်​ဗျားဘာလို့ဒီမှာမရှိတာလဲ?ကျ​နော်​ကခင်ဗျား​စောင့်​​နေမှာစိုးလို့ဒီဖက်​ကတကူးတကလှည့်​ပြီး​တောင်​​ကျောင်းသွားရတာကို......"

လူပုစိတ်​တိုအစအ​နောက်​သန်​​သောသူ့စရိုက်​​လေးနဲ့ဆိုကျ​နော့်​ကိုစိတ်​ဆိုး​နေမယ်​ထင်​တာ.....။အခု​ပြော​နေပုံ​လေးက,စိတ်​မ​ကောင်းဖြစ်​​နေသလို​လေး........။နှစ်​ခါလားပဲ​တွေ့ဖူးကြတဲ့ကျ​နော်​တို့နှစ်​​ယောက်​ကြားမှာဘယ်​အရာကဒီ​လောက်​ထိငြိတွယ်​​စေခဲ့တာလဲ.....။မဖြစ်​ဖူးမလား...?။ဘာမှန်းမသသိတဲ့ကျ​နော့်​​ရောဂါကြီးကိုကျ​နော်​​ကြောက်​တယ်​....။တ​နေ့တခြားကိုယ်​ခံစား​နေရတဲ့အ​ခြေအ​နေကိုယ်​သာသိတာမို့်ပို​ကြောက်​တယ်​...။အားလုံးကိုထားခဲ့ရ​တော့မယ်​ဆိုတဲ့အသိကပိုပိုပြီးနီးကပ်​လာလို့​ကြောက်​တယ်​.....။ပြီး​တော့....ပြီး​တော့.....၊ကျ​နော့်​ရဲ့နှင်း​လေးအ​ပေါ်ညီ​လေးတ​ယောက်​ဆိုတာထက်​ပိုသွားမှာ​ကြောက်​တယ်​.......။.......မသိစိတ်​ထဲကမြတ်​နိုးခြင်း​တွေပွင့်​အန်​လာမှာ​ကြောက်​တယ်​...။
.............နှစ်​ပတ်​​တောင်​မပြည့်​​သေးတဲ့ကာလအတွင်းနှစ်​ကြိမ်​သာ​တွေ့ဖူးကြတဲ့ကျ​နော်​တို့နှစ်​​ယောက်​.........မဖြစ်​သင့်​ဘူး​လေ​နော်​!။
ဒီလိုမှန်းသိခဲ့ရင်​နှင်း​တွေ​ပေါ်လမ်း​လျှောက်​ချင်​ခဲ့တဲ့ကျ​နော့်​အိမ်​မက်​ကိုအ​ကောင်​အထည်​​ဖော်​မိမှာမဟုတ်​ဘူး.....။ဘယ်​သူ့ကိုမှရင်​မဖွင့်​ဖြစ်​ခဲ့တဲ့ကျ​နော့်​ရဲ့ဒုတိယ​မြောက်​အိမ်​မက်​​လေးကိုလည်းစိတ်​ကူးယဉ်​ခဲ့မိမှာမဟုတ်​ဘူး.....။

On the snow 「 completed 」Where stories live. Discover now