နှင်းသို့စွန့်ခွါခြင်း (FINAL)

1.4K 152 29
                                    

" ငါတို့......အပြင်​မှာထွက်​ထိုင်​ရ​အောင်​လား....ခြံထဲကခုံ​လေး​ပေါ်မှာ​လေ....."

ခပ်​တိုးတိုးနဲ့အားယူ​ပြောလာ​သောသူ့စကားကိုမငြင်းရက်​​သော်​လည်းဒီ​လောက်​​အေး​နေတဲ့အချိန်​ကြီးမှာခြံထဲမှာထွက်​ထိုင်​ဖို့က......။

"Chanyeol-ah.......အပြင်​မှာနှင်း​တွေကျ​နေတယ်​​လေ....ပြီး​တော့အရမ်း​အေး​နေတာ......​နေ​ကောင်း​တော့မှထွက်​ထိုင်​ရ​အောင်​.....​နော်​....."

ကျ​နော်​စကားအဆုံးနှစ်​သိမ့်​သလိုပြုံးပြလာတဲ့သူ့အပြုံး​တွေကအဲ့လိုအခွင့်​​အ​ရေးမရှိနိုင်​​တော့ဘူးလို​ကြေကွဲစွာ​ပြောပြ​နေသ​ယောင်​.....။ဟင့်​အင်း။အဲ့လိုမပြုံးပါနဲ့....။

"ကိုယ်​အခုသွားချင်​တယ်​.....​ကျေးဇူးပြုပြီး....ဘဝမှာဒုတိယအကြိမ်​မက်​ခဲ့ဖူးတဲ့အိမ်​မက်​​လေးကိုအ​ကောင်​အထည်​​ဖော်​ခွင့်​​ပေးပါ......"

စီးကျလာ​သောမျက်​ရည်​တို့အကြား​ကျ​နော်​​ခေါင်းငြိမ့်​ပြလိုက်​မိလားမသဲကွဲ​တော့....။

💦💦💦On the snow💦💦💦

"နှင်း​လေး.......အဖြူ​ရောင်​​လေး......."
ခုံတန်း​လေး​ပေါ်မှာကျ​နော့်​လက်​တဖက်​ကိုဆုပ်​ကိုင်​ထားကာ​ကောင်းကင်​ကို​မော့ကြည့်​ရင်းသူကခပ်​တိုးတိုး​ခေါ်သည်​.....။ဦးထုပ်​​ဆောင်းဖို့​ပြောမရလို့သူ့​ခေါင်း​ပေါ်မှာအဖြူ​ရောင်​နှင်းပွင့်​​လေး​တွေအခန့်​သား​နေရာယူလို့......။

"ကိုယ်​မင်းကိုအဲ့လို​ခေါ်ချင်​ခဲ့တာ....ပြီး​တော့ကိုယ့်​ရဲ့ဒုတိယအိမ်​မက်​ဆိုတာက​လေ........."

မောသွားဟန်​ဖြင့်​ခနရပ်​ပြီးမှ.....

"ကိုယ်​ချစ်​တဲ့နှင်း​တွေကျ​နေတာကို....ကိုယ်​ချစ်​တဲ့မင်းလက်​​လေးကိုကိုင်​ပြီးအတူတူထိုင်​ကြည့်​ချင်​ခဲ့တာ........."

အံ့သြဝမ်းသာရမဲ့အစားမျက်​ရည်​တစက်​က​ဖောက်​ခနဲ......။ကျ​နော်​ဘာကိုဝမ်းနည်း​နေသည်​လဲ?။ထားရစ်​ခဲ့​တော့မဲ့တစုံတရာကိုကြိုမြင်​​နေ၍လား?။ကျ​နော်​လည်းသူ့ကိုချစ်​ပါတယ်​လို့ဝန်​မခံရဲတာလား?ဝန်​ခံလိုက်​ရင်​စိတ်​ချစွာ​ကျောခိုင်းခဲ့မည်​ကိုမလိုလား၍လား....?။

On the snow 「 completed 」Where stories live. Discover now