နှင်းသို့တွယ်ငြိခြင်း

850 104 6
                                    

"......သား​လေး.....chanyeol-ah....​မေ​မေ​တောင်းပန်​ပါတယ်​အားလုံးက​မေ​မေ့အမှား​တွေပါ.....အနဲဆုံးသား​ဘေးမှာ​မေ​မေအချိန်​ပြည့်​ရှိ​နေ​ပေးခဲ့ရမှာ.....သားရယ်​......​မေ​မေ​တောင်းပန်​ပါတယ်​...."

ဆေးပိုက်​များရှုပ်​ယှက်​ခတ်​​နေ​သောကုတင်​​ပေါ်တွင်​လဲ​လျောင်း​နေ​သောသားchan၏လက်​​လေးကိုဖွဖွဆုပ်​ကိုင်​ရင်းမျက်​ရည်​များတွင်​တွင်​စီးကျလျက်​​​တောင်းပန်​​နေမိသည်​။မေ​မေ့ရဲ့က​လေး​လေး....၊အရွယ်​နဲ့မလိုက်​တဲ့​ဝေဒနာ​တွေခံစား​နေရရှာတဲ့​မေ​မေ့က​လေး​လေးရယ်​..၊က​လေးရဲ့အထီးကျန်​မှု​တွေကိုလျစ်​လျူရှူပြီးတ​ယောက်​တည်းပစ်​ထားသလိုဖြစ်​သွားလို့​တောင်းပန်​ပါတယ်​chan​လေးရယ်​....။ပိုက်​ဆံများများရှာနိုင်​မှ​မေ​မေ့သား​လေးအသက်​အသက်​ကိုကယ်​နိုင်​မယ်​ထင်​ပြီး​မေ​မေအ​တွေးမှားခဲ့တယ်​။......တကယ်​တမ်းအဲ့ဒီ့ပိုက်​ဆံ​တွေသုံးမကုန်​​တော့​အောင်​ရပြီဆိုတဲ့အချိန်​ကျ​တော့မှသားကိုဘယ်​လိုမှကယ်​လို့မရ​တော့ရင်​ဆိုတာကို​မေ​မေထည့်​မစဉ်းစားခဲ့မိဘူးက​လေးရယ်​.......။

စီးကျလျက်​ရှိ​နေ​သေး​သောမျက်​ရည်​တို့ကိုလက်​ခုံဖြင့်​သုတ်​လိုက်​ရင်းအိမ်​​တော်​ထိန်းလီကိုလှမ်းကြည့်​လိုက်​သည်​...။

"အိမ်​​တော်​ထိန်းလီ.....​ဒေါက်​တာချွဲကိုပြန်​ပို့လိုက်​ပါဦး...."

"ဟုတ်​ကဲ့ပါ....​ဒေါက်​တာ....ဒီဖက်​ကိုကြွပါ...."

...................................
သားရဲ့အပြစ်​ဆိုစရာတကွက်​မှမရှိတဲ့မျက်​နှာ​ချော​ချော​ပေါ်ခပ်​ဝဲဝဲ​လေးကျ​နေ​သော​ရှေ့ဆံပင်​​လေးတို့ကိုအသာအယာသပ်​တင်​​ပေးလိုက်​ရင်းအ​တွေးထဲကိုဖျတ်​ခနဲဝင်​လာသည်​ကက​လေးတ​ယောက်​လိုချစ်​စရာ​ကောင်းတဲ့မျက်​နှာ​သေး​သေး​လေးကိုပိုင်​ဆိုင်​ထား​သော​ကောင်​​သေး​သေး​လေး....။

"သားနဲ့အဲ့က​လေးကဘယ်​တုန်းကသိပြီးရင်းနှီးခဲ့ကြပါလိမ့်​..?"

💦💦💦On the snow💦💦💦

"ကျစ်​....အ..အား...."

"သား...သား​လေးchan....သတိရလာပြီလား....​ဟင်​!သား...​ခေါင်း​ရောမူး​နေ​သေးလား....ဘယ်​လို​နေလဲဟင်​!"

On the snow 「 completed 」Where stories live. Discover now