အဖြူရောင်လူသား

1.1K 130 11
                                    

.........ခပ်​ဖြည်းဖြည်း​လေးတိုက်​​နေတဲ့​လေက​ဆောင်းနှင့်​အတူနှင်းရဲ့အ​ငွေ့အသက်​​တွေကိုပါယူ​ဆောင်​လာသဖြင့်​အ​တော်​အတန်​​အေး​နေ​ပေမဲ့လို့ဝတ်​ထားတဲ့အ​နွေးထည်​က​ခေါင်းစွပ်​​လေးကိုချွတ်​လိုက်​ပြီး​ခေါင်းကို​မော့ကာလတ်လတ်​ဆတ်​ဆတ်​​လေကိုတဝကြီးရှုပစ်​လိုက်​သည်​....။
မနက်​​စော​စောမို့လမ်း​ပေါ်မှာလူလည်းသိပ်​မရှိလှပါ...။လမ်း​ဘေးတဖက်​စီမှာ​တော့သူသိပ်​သ​ဘောကျတဲ့အဖြူ​ရောင်​နှင်း​တွေ....။အရမ်းကို....အရမ်းကိုလှတယ်​....။အရူးလိုလို​အ​ပေါလိုလိုနဲ့နှင်း​တွေ​ပေါ်လမ်း​လျှောက်​ရင်းထခုန်​လိုက်​​သေး....။သစ်​ပင်​ကိုင်း​တွေ​ပေါ်​တင်​​နေတဲ့နှင်း​တွေကိုခါချကာတ​ယောက်​တည်းတဟားဟားထရယ်​လို့ရယ်​.....။
..........မသိခဲ့ဘူး။သူ့အိမ်​မက်​​တွေဒီ​လောက်​မြန်​မြန်​ဖြစ်​လာလိမ့်​မယ်​လို့.....။

....လက်​ဝါးတဆုပ်​စာနှင်းတို့ကို​ကောက်​ယူလိုက်​ပြီးလက်ဖဝါးထဲက​တဖူးဖူးမှုတ်​ထုတ်​လိုက်​သည်​။တချို့​သောနှင်းတို့ကသူ့မျက်​နှာ​ပေါ်လာကပ်​သည်​ကိုသူ့မှာသ​ဘောကျမဆုံး.....။အို....ဒီလိုကျ​တော့လည်းမျက်​စိ​ရှေ့မှာမြင်​မြင်​သမျှအရာ​တွေကချစ်​ဖို့​ကောင်း​နေလိုက်​တာ.....။

"ကယ်​ကြပါ.......အမ​လေး......ကယ်​ကြပါဦး...!!!!!!!!!!!!!!!"

စကြာဝဠာတခွင်​ပြဲပြဲစင်​​လောက်​​တဲ့အသံနဲ့ခြစ်​​အော်​လိုက်​​သောခပ်​စူးစူးထိုအသံ​ကြောင့်​သူ့လည်းလန့်​သွားကာအသံလာရာသို့ပြူးပြဲကြည့်​လိုက်​မိ​တော့......။😯😯......နှင်း​တွေကိုပဲအမြဲ​တွေး​နေမိလို့နှင်း​တွေပဲမြင်​​နေသလားမှတ်​ရ​လောက်​​အောင်​သူမြင်​လိုက်​ရတဲ့ထိုလူသား​လေးဟာအဖြူ​ရောင်​နှင်း​လေး​တွေလို....။အ​မောတ​ကော​ပြေးလာရလို့ထင်​ပါ့..၊နဖူးစပ်​နားက​ချွေးစက်​​တွေ​တောင်​စီးကျလို့..၊ဖြူလွန်းတဲ့အသားအ​ရေနဲ့လိုက်​ဖက်​လို့​နေတယ်​။ခေါင်းမှာ​ဆောင်းထားတဲ့အရုပ်​​လေးပါ​သောအဖြူ​ရောင်​​ခေါင်းစွပ်​​လေးက​ပြေးလိုက်​တိုင်းဖတ်​လတ်​ဖတ်​လတ်​...၊ခန္ဓာကိုယ်​​သေး​သေး​လေးနဲ့မလိုက်​ဝတ်​ထား​သောအ​နွေးထည်​အဖြူပွပွကြီးကပဲထို​ကောင်​​လေးကိုပိုမိုချစ်​စရာ​ကောင်း​စေသလို...၊မျက်​နှာတခုလုံး​ဖွေး​ဖွေးဖြူ​နေပြီးနှာ​ခေါင်းထိပ်​လုံးလုံး​လေးကရဲရဲတွတ်​​နေသည်​မှာတကယ့်​နှင်းလူသား​လေးလို.....။သူ့အ​တွေးများစွာဖြင့်​​ကြောင်​ကာရပ်​​နေတုန်း.......။

On the snow 「 completed 」Where stories live. Discover now