ကျူးပစ်၏စေညွှန်ရာ (အပိုင်း-၁)
--------------------------မိုးကုပ်စက်ဝိုင်းမှ တိမ်ဆိုင်တိမ်များသည် ကမ်းခြေသို့လိမ့်တက်လာသည် ။ လေတိုက်ခတ်သံများကလည်း ပြင်းလှသည်။ လေပြင်းများကြောင့် ကမ်းခြေရှိအုန်းပင်များက ဘယ်ညာနွဲ့ကာယိမ်းယိုင်နေသည် ။ မိုးသီးမိုးပေါက်များလည်း တစ်ပေါက်နှစ်ပေါက်စ ကျဆင်းနေရာမှအရှိန်အဟုန်ဖြင့်ရွာသွန်းစပြုလာသည် ။ နေလုံးကြီးသည် မိုးတိမ်ကြားမှာ ကွယ်ပျောက်သွားလေပြီ။ မိုးတိမ်တိုက်တို့သည်း ညိုမှောင်သောအရောင်ကိုဆောင်နေသည် ။
ပင်လယ်ပြင်ကကြည့်ရင် ကမ်းခြေပေါ်ရှိ ငွေသောင်ယံ ဟိုတယ်ကို မှုန်မှုန်ဝါးဝါးသာ လှမ်းမြင်နေရသည်။ မိုးသံလေသံတွေကိုဂရုမစိုက်နိုင်ပဲ ဟိုတယ်ဝန်ထမ်းများ ပြေးလွှားပြီး အလုပ်ရှုပ်နေကြသည်။ ဘာကြောင့်ပါလဲ...
ဒီနေ့ ငွေသောင်ယံ ဟိုတယ်ပိုင်ရှင်သူဌေး ဦးထွဋ်ခေါင်လာမည်ဆိုသောကြောင့်ဖြစ်သည်။ ဦးထွဋ်ခေါင်သည် ချမ်းသာသလို မာနကြီးသည်။ မောက်မာသည့်အပြင် စည်းကမ်းတင်းကြပ်သည်။ သူ့စိတ်နဲ့အံမဝင်လျှင် ဘွင်းဘွင်းပြောတတ်သည်။ အသက်က၂၅လောက်ပဲရှိပေမယ့် လေးစားသမှုနဲ့ ဦးတပ်ခေါ်ကြတာဖြစ်သည်။ ထိုသို့ခေါ်ဆိုမှုကို ဦးထွဋ်ခေါင်ကကျေနပ်သည်။ နို့ရောင်လိုဖြူဆွတ်သောအသားအရေကို သွယ်လျသောမေးရိုးနှင့်ဘောင်ခတ်ထားသောမျက်နှာမှာ ချွန်မြသောနှာခေါင်းနှင့် မျက်အိမ်ကျယ်ကျယ်တို့ကပါ ဦးထွဋ္ဋ်ခေါင်ကိုလူချောတစ်ယောက်အဖြစ်ပံ့ပိုးပေးထားသည် ။ သို့သော်လည်းအမြဲပင်ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းပါးတစ်စုံက ပြုံးရယ်ဖို့ထက်သူများကိုအပြစ်ပြောရန်သာအားသန်သည်မို့ ရုပ်ရည်ချောသလောက်လူအမြင်ကပ်ခံရသူလည်းဖြစ်သည် ။
ဦးထွဋ်ခေါင်သည် အသက်ငယ်ပေမယ့် စီးပွားရေးအမြင်ရှိပြီး ကွက်ကျော်မြင်တတ်သည်။ သူ့တွင် ဇနီးချောတစ်ယောက်ရှိသည်။ နာမည်က သီရိမေ။ မိဘများရှိစဉ်က နောင်ရေးစိတ်ချရအောင် နှစ်ဘက်မိဘသဘောနဲ့ လက်ထပ်ထားကြသည်။ ခုတော့ နှစ်ယောက်လုံးတွင် မိဘများမရှိတော့။ဟိုတယ်ဝန်ထမ်းများပါ ဦးထွဋ်ခေါင်ကို ကြောက်ကြရသည်မဟုတ်...သူ၏ဇနီး သီရိမေပင် ကြောက်ရသည်။ သီရိမေခမျာ အိမ်ထောင်သာ ကျနေသည်။ ထောင်သဘောအတိုင်းပင်။ ဦးထွဋ်ခေါင်ကို ဘယ်တော့မှမလွန်ဆန်ရဲ။ ဦးထွဋ်ခေါင်မျက်နှာကြည့်၍ နေရသည့်ဘဝပင်။ ဦးထွဋ်ခေါင် အလုပ်ကိစ္စကြောင့်ခရီးထွက်သည့် ကာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ရသလိုပင် ပျော်ရွှင်ခဲ့ရသည်။ အခုတော့ သူတို့၏ နေမဝင်အင်ပါယာကြီးသည် ပျက်စီးခဲ့လေပြီ။
YOU ARE READING
ကျူးပစ်၏စေညွှန်ရာ...
Romanceအဟောင်းလေးပါနော် Fbက all about yaoi pageမှာ တင်ခဲ့တာတစ်နှစ်ကျော်ပြီ Wattpad မှာမဖတ်ရသေးတဲ့သူရှိမလားလို့ ပြန်တင်ပေးတာ???