ကျူးပစ်၏စေညွှန်ရာ (အပိုင်း-၄)
====================ကျော်ကြား ထိုင်နေရာမှ အောင်နိုင်ကိုမော့ကြည့်လိုက်သည်။
"ဒီမှာ ခင်ဗျားနာမည်က အောင်နိုင်လား..."
အောင်နိုင်ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားကျွန်တော့်ထက်ကြီးမယ်ထင်တယ်၊ဒါပေမဲ့ခင်ဗျားကို ကိုတော့တပ်မခေါ်နိုင်ဘူး၊ခင်ဗျားလဲကျွန်တော့်ကိုညီလို့မခေါ်နဲ့မကြိုက်ဘူး...ရှင်းတယ်နော်၊ဒါနဲ့ ကျွန်တော်ကဘယ်မှာအိပ်ရမှာလဲ..."
"အမ်....ဒီမှာအခန်းပိုမရှိဘူး၊ငါနဲ့ပဲအိပ်ပေါ့..."
"ဘာ..."
"ဘာလဲမအိပ်ချင်ဘူးလား..၊အဲ့ဒါဆို ကလေးတွေနဲ့အိပ်..."
ကျော်ကြား ဝေထူးနဲ့မေပျိုကိုစောင်းကြည့်လိုက်သည်။ ကလေးနှစ်ယောက်ကပြုံးပြီးကြည့်နေသည်။ တစ်အိမ်လုံးကအသားညိုသူတွေဖြစ်တာကြောင့် ဖြူဖြူချောချောလေးဖြစ်တဲ့ကျော်ကြားကို ကလေး၂ယောက်ကသဘောကျနေကြပုံပင် ။
"ပြီးရော..အဲ့ဒါဆိုကလေးတွေနဲ့ပဲအိပ်တော့မယ်..."
"ခု ငါဖျားနေလို့အနားယူမယ်...ဆူညံဆူညံမလုပ်နဲ့ ငါနိုးရင် ဒီအခန်းပြောင်တာလိုချင်တယ်..."
"ဘာပြောတယ်...."
အောင်နိုင်ပြုံးလိုက်ပြီး...
"မင်းအရင်ကပြောခဲ့တဲ့စကားကိုဖြည့်ဆည်းပေးတာပါ..."
"ဟား....ငါအတိတ်မမေ့ခင်က ဒါတွေပြောခဲ့တယ် တဲ့လား စိတ်ပျက်ဖို့ကောင်းလိုက်တာ..."
ကျော်ကြား ပတ်လက်လှဲချလိုက်သည်။
"အိပ်မနေနဲ့အိပ်ချင်ရင် သန့်ရှင်းရေးလုပ်ပြီးမှအိပ်..."
အောင်နိုင်အခန်းထဲဝင်သွားသည်။ကျော်ကြား အောင်နိုင်ကို သတ်ချင်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေသည် ။ ဝေထူးက...
"ဒါနဲ့ ဦးကို ဘယ်လိုခေါ်ရမလဲဟင်..."
"ဟာကိုကိုကလဲ...ဦးငယ်ထက်ငယ်တော့ ငယ်ငယ်ပဲခေါ်တာပေါ့..."
ကျော်ကြားကလေးနှစ်ယောက်ကိုအလိုမကျတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေသည်။
ဝေထူးနဲ့မေပျိုက ကြောက်သလိုလိုနဲ့ကြည့်ကာ...
YOU ARE READING
ကျူးပစ်၏စေညွှန်ရာ...
Romanceအဟောင်းလေးပါနော် Fbက all about yaoi pageမှာ တင်ခဲ့တာတစ်နှစ်ကျော်ပြီ Wattpad မှာမဖတ်ရသေးတဲ့သူရှိမလားလို့ ပြန်တင်ပေးတာ???