ကျူးပစ်၏စေညွှန်ရာ...(အပိုင်း-၁၃)
======================ကျော်ကြား မားပိုင်နားရောက်တော့မားပိုင်က မုန့်လုံးနေသည်။
"မားပိုင်...ကျွန်တော်ကူလုံးပေးမယ်လေ ကုသိုလ်ရတာပေါ့..."
မားပိုင်မျက်နှာရွဲ့လိုက်သည်။
"ကုသိုလ်ရမှာမဟုတ်ဘူးအေ မားတို့ကငရုတ်သီးနဲ့လုပ်နေတာဟီးဟီး.."
"ရတယ်...ကျွန်တော်ဝိုင်းလုံးပေးမယ်..."
မားပိုငင်ကို ဝိုင်းကူပေးနေတုန်း ကျော်ကြားဘေးနားသို့ အောင်နိုင်ရောက်လာသည်။
"ညီ...ဘာတွေလုပ်နေတာလဲ...."
ကျော်ကြားနှာခေါင်းကိုတရှုတ်ရှုတ်နဲ့အနံခံနေပြီး အောင်နိုင်ကိုစောင်းကြည့်လိုက်ပါသည်။
"ခင်ဗျားခွေးမသောက်တဲ့အရေသောက်လာတာလား...."
"အမ် မဟုတ်ပါဘူး...အသူရာရည်ပါ..."
အောင်နိုင်အသံများကဗလုံးဗထွးဖြစ်နေသည်။
"အဲ့ဒါအရက်ပေါ့ အဲ့ဒီအရက်သောက်ပြီးကျွန်တော့်နားလာမကပ်နဲ့ "
မားပိုင်ကျော်ကြားတို့ကိုသာပြူးပြီးကြည့်နေသည်။
"ကပ်မှာပဲကွာ...."
အောင်နိုင်ပြောရင်းနဲ့ကျော်ကြားကိုဖက်လိုက်သည်။လူအများရှေ့မှာဖြစ်၍ကျော်ကြားမျက်လုံးပြူးပြီးမျက်နှာနီရဲသွားသည်။ကျော်ကြားလိုပင် မားပိုင်လဲမျက်လုံးပြူးသွားသည်။
"ခင်ဗျားများနေပြီ.....ဖယ်...."
ကျော်ကြားအောင်နိုင်ကိုတွန်းထုတ်လိုက်သည်။
"ဘာဖြစ်တာလဲ ကိုယ့်ညီကိုကိုယ်ချစ်လို့ဖက်တာပဲ..."
"အား...ခင်ဗျားတော်တော့ ခင်ဗျားများနေပြီ..."
အောင်နိုင် ကျော်ကြားအနားကပ်လာပြန်သည်။ကျော်ကြား မုန့်ဆည်တဲ့ယောင်းမကိုကိုင်လိုက်ပြီးအောင်နိုင်ကိုရွယ်လိုက်သည်။
"ဟဲ့...ဟဲ့..အမလေးတော်ကြပါတော့နင်တို့ကလဲတွေ့တာနဲ့ကိုက်နေတာပဲ ညီအကိုချင်းဘာတွေဖြစ်နေတာလဲ ဟိုကလဲအထိမခံ၊ဟိုကလဲမကြိုက်တာကို သိသိကြီးနဲ့စ ဒီတစ်ခါငါ့ဆိုင်ပေါ်တက်လာရင်လက်မခံတော့ဘူးနော်....တော်တော့"
YOU ARE READING
ကျူးပစ်၏စေညွှန်ရာ...
Romanceအဟောင်းလေးပါနော် Fbက all about yaoi pageမှာ တင်ခဲ့တာတစ်နှစ်ကျော်ပြီ Wattpad မှာမဖတ်ရသေးတဲ့သူရှိမလားလို့ ပြန်တင်ပေးတာ???