ကျူးပစ်၏စေညွှန်ရာ...(အပိုင်း-၁၀)
=======================အောင်နိုင့်အတွက် လသာနေသောနွေညကို လှပါသည်ဟု သတိပြုမိခဲ့သည်။ဘယ်အချိန်က သတိပြုမိခဲ့သည်မသိ။လသာနေသည်ကိုပင် ဘယ်တုန်းကသတိပြုမိခဲ့သည်ကိုပင်မသိခဲ့ပါတကား။ထိုကဲ့သို့ပင်...အောင်နိုင်ရင်ထဲရစ်ပတ်နေသောသံယောဇဉ်သည် ခိုင်မြဲနေမှန်း ဘယ်အချိန်ကသတိပြုမိခဲ့သနည်း။အောင်နိုင်၏သံယောဇဉ်သည် သတိ မပြုမိသည့်အချိန်အတွင်း ရင်ခွင်တစ်ခုလုံးကိုရစ်ပတ်ဖွဲ့နှောင်သွားပါသည်။
အောင်နိုင် ချွေးသံတရဲရဲနဲ့ဆေးပေးခန်းသို့ရောက်လာခဲ့သည်။အောင်နိုင်အပေါက်ဝကနေလှမ်းကြည့်လိုက်တော့.....ကျော်ကြားကုတင်တစ်ခုပေါ်တွင်မျက်လုံးမှိတ်ပြီးအိပ်နေသည်။ကျန်းမာရေးမှူးက နားကျပ်နဲ့ကျော်ကြားကိုစမ်းသပ်နေသည်။အောင်နိုင် ကျန်းမာရေးမှူးဘေးအပြေးသွားလိုက်ပါသည်။ကျော်ကြားမျက်နှာပေါ်ဘာဒဏ်ရာမှမတွေ့ရ။မျက်လုံးမှိတ်ထားသည့်ကြားကမျက်ရည်စီးကျနေသည်။ကျော်ကြားမျက်ရည်များကိုမြင်ရတော့အောင်နိုင်ပင့်သက်ရိုက်သံတစ်ချက်ထွက်လာသည်။အောင်နိုင်မျက်နှာစိုးရိမ်မှုအပြည့်နဲ့မျက်ဝန်းများကမျက်ရည်စို့နေသည်။
"ဆရာ...ကျော်ကြားဘာဖြစ်သွားတာလဲ..."
"ဘာမှတော့မဖြစ်ပါဘူး....ဆိုင်ကယ်ဘေးကရှပ်ဖြတ်သွားတာလေးပါ.....လန့်ပြီးခုထိတော့သတိမလည်သေးဘူး......."
အောင်နိုင်စိုးရိမ်စိတ်များကြား ဒေါသကနေရာဝင်ယူသွားသည်။
"အဲ့ဒီဆိုင်ကယ်သမားဘယ်မှာလဲ....လူတစ်ယောက်လုံးကိုမမြင်ရအောင်..သူကမျက်လုံးကန်းနေလို့လား....၊အဲ့ဒီကောင်ဘယ်မှာလဲ...."
အောင်နိုင် ပေါက်ကွဲသံများကကျယ်လောင်နေသည်။ကျန်းမာရေးမှူးအောင်နိုင်ကိုမျက်လုံးပြူးကာကြည့်လိုက်သည်။
"ဆိုင်ကယ်သမားက ဆေးခန်းကိုလာပို့ပေးတာပါ....သူလဲအလုပ်ရှိတယ်ဆိုလို့ ပြန်သွားပြီ...၊အဲ့ဒါနဲ့ခင်ဗျားကိုလာခေါ်ခိုင်းလိုက်တာ..."
ကျော်ကြားလက်များကလှုပ်လာသည်။နှုတ်ခမ်းများကလဲဟလာသည်။
YOU ARE READING
ကျူးပစ်၏စေညွှန်ရာ...
Romanceအဟောင်းလေးပါနော် Fbက all about yaoi pageမှာ တင်ခဲ့တာတစ်နှစ်ကျော်ပြီ Wattpad မှာမဖတ်ရသေးတဲ့သူရှိမလားလို့ ပြန်တင်ပေးတာ???