ကျူးပစ်၏စေညွှန်ရာ...(အပိုင်း-၉)
======================အောင်နိုင်စိကိုတင်းထားရင်း အိမ်ခန်းထဲခေါက်တုံခေါက်ပြန်လမ်းလျှောက်နေသည်။ဝေထူးနဲ့မေပျိုက ထိုင်ခုံပေါ်ထိုင်ကာငိုနေသည်။
"ဂျိန်း........."
လျှပ်စီးတစ်ချက်အပြတ် နောက်မှာကြားလိုက်ရသောမိုးချိန်းသံကြောင့်အောင်နိုင်တုန်သွားသည်။ကျော်ကြားကိုလဲစိတ်ပူမှုကလွန်ကဲလာသည်။ဒီအချိန်ဘာများဖြစ်နေပြီလဲကျော်ကြားရယ်...။မင်းဘာလို့အိမ်ကိုမပြန်လာတာလဲ...။မင်းဘယ်တွေလျှောက်သွားနေတာလဲ...။မင်းငါတို့ကိုတကယ်ခွဲခွာနိုင်ပြီလားကျော်ကြား...။အောင်နိုင်အတွေးတွေရောက်ရပ်ခက်နေသည်။အောင်နိုင်ဘာမှထပ်မတွေးတော့ပဲအိမ်ပေါ်ကပြေးဆင်းလာသည်။
"ဦးငယ်...ဦးငယ်..."
ဝေထူးနဲ့မေပျိုစကားပင်မကြားတော့...။စိတ်ထဲမှာကျော်ကြားကိုသာစိုးရိမ်နေသည်။
မင်းကိုငါစိတ်ဒုက္ခတွေအရမ်းပေးနေမိပြီကျော်ကြားရယ်....။အောင်နိုင်ခြေလှမ်းများက အန်တီချိုဆိုင်ဘက်သို့ဦးတည်နေသည်။ကျော်ကြား ညနေကအန်တီချိုဆိုင်မှာကွတ်သယိုစားမယ်လ်ု့ပြောခြင်းကြောင့်ဖြစ်သည်။အောင်နိုင် အန်တီချိုဆိုင်ရှေ့အရောက် အန်တီချိုက ဆိုင်သိမ်းနေပြီ....။"မောင်အောင်နိုင်ပါလား....မိုးရွာတော့မှာမို့ဆိုင်ပိတ်ပြီလေ..."
"ဟို...ဟိုအန်တီချိုကျော်ကြားကိုတွေ့မိသေးလား...:
စိုးရိမ်စိတ်ကြောင့် အောင်နိုင်အသံကအနည်းငယ်တုန်နေသည်။
"ညနေကလာသေးတယ် ပိုင်ပိုင်နဲ့တွေ့ပြီး သူ့နောက်လိုက်သွားတာမုန့်တောင်မစားသွားဘူး...."
အောင်နိုင် အန်တီချိုကိုထပ်မမေးတော့ပဲ မားပိုင်ဆိုင်ဘက်ပြေးလာခဲ့သည်။ခုမှစိတ်နည်းနည်းသက်သာလာသည်။မိုးသားတိမ်တိုက်ကြောင့် ရွာလမ်းကြီးကမှောင်မိုက့နေသည်။တစ်ခါတစ်ရံလျှပ်စီးလပ်မှ လမ်းကိုအနည်းငယ်မြင်ရသည်။အောင်နိုင်ခလုတ်တိုက်မိသည်ကအခါခါ....။မားပိုင်ဆိုင်ရောက်တော့ ကျော်ကြားက ဆိုင်ကဧည့်သည်ထိုင်တဲ့ထိုင်ခုံပေါ်ထိုင်ကာ တဟီးဟီးတဟားဟားနဲ့ မားပိုင်နဲ့စကားပြောရင်း ထမင်းစားနေသည်။
အောင်နိုင်ဒေါသထွက်မိပြန်သည်။ငါ့ခမျာတော့ စိတ်ပူလိုက်ရတာ မင်းကဒီမှာလာပျော်နေတယ်ပေါ့ ကျော်ကြား...။
YOU ARE READING
ကျူးပစ်၏စေညွှန်ရာ...
Romanceအဟောင်းလေးပါနော် Fbက all about yaoi pageမှာ တင်ခဲ့တာတစ်နှစ်ကျော်ပြီ Wattpad မှာမဖတ်ရသေးတဲ့သူရှိမလားလို့ ပြန်တင်ပေးတာ???