Part-4

3.6K 343 8
                                    

"Hyg Kim Kai ရေ.... မင်း ဟို တစ်ယောက်ကို
ဘယ်တော့ လိုက်မှာ လဲ..."

"ဘယ်တစ်ယောက်လဲ..."

"MiNa လေကွာ...မင်းကလည်း ကိုယ်လိုက်မယ့်
မိန်းကလေးရဲ့ နာမည်တောင် မသိဘူး.."

ChanYeol က ပြောလိုက်တော့ Kai တစ်ယောက် ခပ်မဲ့မဲ့
ပြုံးလိုက်သည်။

"ChanYeol မင်း သူ နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ
ရှာထားပေး... အဲ့တာတွေ ရရင် ငါ့အစီအစဉ် စ မယ်.."

"Ok ok ငါနဲ့ Kris နဲ့ ရှာထားလိုက်မယ်...ဒါနဲ့ မင်းအခုတလော
ပျော်နေတယ်ထင်တယ်...အရင်က Kai နဲ့တောင် မတူတော့ဘူး"

"သွားပြော မနေနဲ့ ဒီကောင်ကြီး အချစ်တွေ့ပြီ ထင်တယ်.."

"No no no တွေ့တာတော့ မှန်ပေမယ့် ငါ ချစ်နေတာလား
မချစ်ဘူးလား ဆိုတာ မသေချာသေးဘူး."

"တွေ့တော့ တွေ့နေပြီမလား..."

ChanYeol ရဲ့ အပြော ကို Kai ခေါင်းညိမ့် ပြလိုက်သည်။

"ဒါဆို Mina ကို လိုက်ဖို့ က ရော..."

"သူ့ ကို အရင်လိုက်မှာပါ
ငါ့စိတ်ကို သေချာအောင် စစ်ဆေးပြီးမှ ခုနက တစ်ယောက်ကို လိုက်မှာ.."

"Wow wow Kim Kai တို့ အချစ်တွေ့ပြီ ထင်ပါတယ်ကွာ.."

"Ha ha ငါသွားပြီ ."

"ဘယ်ကို ထပ်သွား ဦးမှာလဲ.."

"ငါ ပြောတဲ့ တစ်ယောက်ဆီကိုပေါ့ကွာ..."

~~~~~~~~~

အိပ်ရာထ နောက်ကျတာကြောင့် KyungSoo
ကျောင်းကို အလောတကြီး ပြေးလာရသည်။

မနေ့က လျှောက်လည်ခဲ့တဲ့ အကြောင်းတွေ ပြန်စဉ်းစားပြီး
၁ နာရီမှအိပ်ရာဝင်ဖြစ်ခဲ့တာကြောင့်
မနက်ကျ နောက်ကျ နေခြင်းပေ။

"ဟောဟဲ ဟောဟဲ..
မောလိုက်တာ... တော်ပါသေးရဲ့ ကျောင်းတတ်ဖို့
၁၅ မိနစ်လိုသေးလို့..ဟူး
မောလိုက်တာ.."

ပြောရင်း ဆိုရင်း နဲ့ နဖူးပေါ်မှာ ကျနေတဲ့ ချွေးလေးတွေကို
အကျီင်္လက်ဖြင့် သုတ်လိုက်သည်။

ထို့နောက် ကျောပိုးအိတ်ထဲကနေ ရေဘူးလေးကို ထုတ်ပြီး
အဝ သောက်နေသည်။

My Innocence BabyWhere stories live. Discover now