"ကိုကို ဒီနေ့ အိမ်မပြန်ပဲ နေပါလား "
လက်ဖဝါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အိမ်မပြန်ဖို့တောင်းဆိုလာတဲ့ KyungSoo ကြောင့် Kai အံ့သြမိသည်။
"ကိုက အိမ်မပြန်လို့ဘယ်မှာနေရမှာလဲ ကလေးရဲ့ "
ဆံပင်လေးက်ုဖွလိုက်ပြီး စလိုက်တော့ တစ်ချက်ငြိမ်သွားသည်။
"ကလေး အိမ်မှာလိုက်နေလေ "
ခေါင်းလေးမော့ပြီး နှုတ်ခမ်းလေးဆူကာ ပြောနေတဲ့ KyungSoo က တကယ်ကလေးပေါက်စနဲ့တူလွန်းသည်။
"ကလေး မေမေ ဆူနေဦးမယ် "
"Omma က မဆူပါဘူး ... နော် .. နော်လို့ ... အိမ်မပြန်ပါနဲ့ "
JongIn လက်ကိုဆွဲခါပြီး မတောင်းဆိုစဖူး တောင်းဆိုနေတာကြောင့် KyungSoo ကို ပြုံးပြုံးကြီးသာ ကြည့်နေလိုက်သည်။
" ဒီနေ့မှ ထူးထူးဆန်းဆန်းပါလား .... ပြောပါဦး ... ဘာလို့မပြန်စေချင်တာလဲ "
လက်ကလေးကို ဆုပ်ကိုင်ရင်း မေးလိုက်ပြန်တော့ KyungSoo က ဆုပ်ကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ပြီး ခါးကို တင်းတင်းကျပ်ကျပ်ဖက်လာသည်။
"မသိဘူး ... ဒီတိုင်း ... ကိုကိုနဲ့ အတူတူရှိချင်လို့ "
ရင်ဘက်လေးထဲ ခေါင်းဝင်ပြီး ပိုပြီးတင်းကျပ်အောင် ဖက်ပြန်တဲ့
KyungSoo ကို JongIn တိုး၍ဖက်လိုက်သည်။×
×
×"KyungSoo လေးရဲ့ စီနီယာပါလား .. ဘာကိစ္စရှိလို့လဲ..
KyungSoo တစ်ခုခုဖြစ်လာလို့လား "တံခါးပေါက်နားမှာတင် KyungSoo တစ်ခုခုဖြစ်လို့လားဆိုကာ
စိုးရိမ်တကြီး မေးနေတဲ့ KyungSoo အမေ ကြောင့် JongIn
အနည်းငယ် ဝမ်းနည်းမိသွားသည်။JongIn ဒီလိုမခံစားရတာ ၁၀ နှစ်ကျော်ခဲ့ပြီ။
"ဟာ. . Omma ကလည်း သားက ဘာဖြစ်ရမှာလဲ "
"မသိဘူးလေ သားရယ် ...သားရဲ့ စီနီယာကပါလာတော့
သားလေးများ တစ်ခုခုဖြစ်လားဆိုပြီး စိုးရိမ်လို့ပါ "သားမိနှစ်ယောက် အချင်းချင်း နွေးထွေးမှုအပြည့်နဲ့ ပြောနေတဲ့ ပုံလေးက်ုကြည့်ပြီး ဝဲတတ်လာတဲ့ မျကိရည်တွေကိုသုတ်ပစ်လိုက်သည်။
![](https://img.wattpad.com/cover/130801147-288-k378529.jpg)
YOU ARE READING
My Innocence Baby
FanfictionKaisoo###Dika### Yaoi## Romance### မင်း အရမ်းကို ဖြူစင်တယ် ကလေး... ပြီးတော့ အရမ်းချစ်ဖို့ကောင်းတယ်### @AuTuMn_EuNN