Part-11

2.8K 285 21
                                    

KyungSoo တစ်​​ယောက်​ ဆိုင်​​ရောက်​တာနဲ့ သူစားချင်​တာ​တွေမှာပြီး
Kai ကို မျက်​နှာ​လေးဖြီးပြလိုက်​သည်​ ...
လိုချင်​တာ ရသွား​တော့ စတင်​ချွဲလာပြီ ..

"​တော်​ပြီလားက​လေး  ထပ်​မမှာ​တော့ဘူးလား "

"မှာချင်​​သေး​ပေမယ့်​ .. မမှာ​တော့ဘူး ကိုကို .."

သေ​ရော ... ရွဲ့​ပြောလို့​ပြောမှန်းမသိ ။
ထပ်​​တောင်​မှာချင်​​သေးတယ်​ဆိုပဲ... မှာထားတာက ၇ ခု​လောက်​ကို.
ဒီက​လေး ဒီ​လောက်​စားနိုင်​လို့ ဝက်​ဖြစ်​​နေတာ ...

ခဏကြာ​တော့ မှာထားတာ​တွေ တစ်​ခုချင်းစီ ချ​ပေးသည်​။
KyungSoo က​တော့ ​ခေါင်းမ​ဖော်​ပဲ စားမြဲစား​နေ၏..

"ဖြည်းဖြညိးစားပါ က​လေးရယ်​ .. နင်​​နေဦးမယ်​ .."

ပါးစပ်​​တွေလည်း ​ပေပွကာ စား​နေတဲ့ KyungSoo ကို
စားပွဲ​ပေါ်လက်​​ထောက်​ပြီး ကြည့်​​နေမိသည်​ ..

KyungSoo မျကိနှာ​လေးကို ကြည့်​ရုံနဲ့ ​ဗိုက်​ပြည့်​သွားပြီ ..

"စားလို့​ကောင်းလိုက်​တာ ... "

စားပြီးတာနဲ့ .. ပါးစပ်​​လေးကို သုတ်​ပြီး သွား​ပေါ်​အောင်​ ရယ်​ပြလာသည်​။

"ဗိုက်​​ရောဝရဲ့လား .."

"ဝတာ​ပေါ့ ကိုကိုရဲ့ ..ဒါနဲ့ ..ကိုကို​ရော ဘာမှမစားဘူးလား .."

"က​လေးမျက်​နှာ​လေးကို ကြည့်​ရုံနဲ့တင်​ ဗိုက်​ပြည့်​တယ်​ .."

ထိုသို့​ပြောလိုက်​​တော့ ပါးနှစ်​ဖက်​​လေးဟာ ရဲကနဲ ဖြစ်​သွားသည်​။

"Arigoo ချစ်​လိုက်​တာ .. က​လေးရယ်​ .."

ပါး​လေးနှစ်​ဖက်​ကို ကိုင်​လိုက်​​တော့ ​ရှေ့ကို
စူထွက်​လာတဲ့ နှုတ်​ခမ်း​လေးအား ပြွတ်​စ်​ ကနဲ မြည်​​အောင်​နမ်းပြီး
စုပ်​လုံး​လေးလို ဆွဲယူငုံလိုက်​သည်​ ။

"အား
. ကိုကို​နေိာ.. လူ​တွေကြည့်​​နေတာကို .. ရှက်​လိုက်​တာ .."

"ဘာ ရှက်​စရာရှိလို့လဲ ..ကိုယ့်​ချစ်​သူ​လေးကို နမ်းတာပဲ.."

"ဒီက​နေ မြန်​မြန်​သွားရ​အောင်​​နော်​..ကျွန်​​တော်​ မျက်​နှာ​တွေပူလှပြီ.."

My Innocence BabyDove le storie prendono vita. Scoprilo ora