Part-12

2.6K 281 11
                                    

မျက်​နှာ​ပေါ် ခပ်​​နွေး​နွေးတစ်​ခု ကျ​ရောက်​​နေသလို ခံစားမှု​ကြောင့်
အိ​ပ်ရာနိုးလာခဲ့သည်​။

စူးရှရှ​နေ​ရောင်ြ​ခည်​က ပြတင်း​ပေါက်​က​နေတစ်​ဆင့်​ မျကိနှာ​ပေါ်ကို
ကျ​ရောက်​​နေသည်​။

ထို​နေ​ရောင်​ခြည်စူးစူးကို
လက်​ဖြင့်​ကာရင်းနဲ့ ရင်​ခွင်​ထဲက အနှီ​ကောင်​​လေးကို
ငုံ့ကြည့်​လိုက်​​တော့ နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေသည်​ပင်​။

အဖျား​ကြောင့်​ ရဲတက်​​နေတဲ့ ပါး​ဖောင်း​​ဖောင်း​လေးနဲ့
နှုတ်​ခမ်း​လေးရှိရာ မျက်​နှာ​ပေါ်ကို ​နေ​ရောင်​ခြည်​ရဲ့ အလင်း​ရောင်​က
ကျ​ရောက်​ပြန်​တာ​ကြောင့်​ KyungSoo ဟာ
အိပ်​​ပျော်​​နေ​သော​နတ်​သားတစ်​ပါးအလား
ထင်​မှတ်​ရ​လောက်ေ​အာင်​ ပြည့်​စုံလွန်း​နေသည်​။

လက်​​ဖောင်း​ဖောငိးတုတ်​တုတ်​​လေး​တွေနဲ့ ခါးကိုတင်းကြပ်​စွာ
ဖက်​ထား​သော KyungSoo ပုံစံက သူ့အနားက​နေ
ထွက်​မသွား​ရန်​ တားမြစိ​နေသလို။

"က​လေး​ရေ .. ဒီတစ်​ခု​တော့ စိတ်​ချ... ကိုယ်​မင်းကို
ထားသွားမှာမဟုတ်​ဘူး ..တကယ်​လို့များ ..
ကိုယ်​မင်းကို ထားသွားခဲ့ရင်​ .. ​သေချာတယ်​ ..အဲ့​နေ့က
ကိုယ်​​သေမယ့်​​နေ့ပဲ ... "

ဆံပင်​​လေးကို သပ်​​ပေးရင်းနဲ့ စိတ်ထဲက​နေ
KyungSoo မကြားနိုင်​​သောစကားကို ​ပြောလိုက်​သည်​။

နဖူး​ပေါ်ကို ရှည်​ကြာ​သောအနမ်း​ပေးရင်း
အိပ်​​ပျော်​​နေ​သော KyungSoo ကို တစ်​စိမ့်​စိမ့်​ကြည့်​​နေလိုက်​သည်​။

~~~~~

"ဝါး ... "

"နိုးပြီလား က​လေး "

လေးပင်​​နေ​သော မျက်​ခွံ​​တွေကို အံတုရင်း ဖွင့်​လိုက်​​တော့
သူ့ကိုငုံ့ကြည့်​တာ ​နွေး​ထွေး​သော အပြုံးနဲ့ကြိုဆို​နေတဲ့
သူ့ကိုကို ...

ခါး​လေးကို ပိုပြီးတင်းကြပ်​​အောင်​ဖက်​လိုက်​ပြီး သူ့ရင်​ခွင်​ထဲဝင်​ကာ
ခေါင်းငြိမ့်​ပြလိုက်​သည်​။

My Innocence BabyTempat cerita menjadi hidup. Temukan sekarang