Part-7

3.9K 355 20
                                    

အိပ်ပျော်နေသော ကောင်လေးကို အနမ်းခြွေပြီးနောက်
သူ့ဘေးနားဝင်လှဲပီး ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်သည်။

ကြည့်မဝသော မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်လိုက်ပြီး
မျက်နှာ အစိတ်အပိုင်းတစ်ခုစီကို လက်ချောင်းလေးတွေနှင့်
ထိတွေ့လိုက်သည်။

နေမကောင်းသော အရှိန်ကြောင့် ရဲနေသော နှာခေါင်းလေး
ပါးလေးနှင့် နှုတ်ခမ်းလေးကို ကြည့်ပြီး စိတ်မထိန်းနိုင်တာနဲ့
နောက်တစ်ကြိမ် သိမ်းပိုက်လိုက်သည်။

ထိကပ်ရုံတင်မဟုတ်ပဲ နှုတ်ခမ်းလေးကို ငုံထားပြီး
လျှာဖျားလေးနှင့် ကစားနေတာကြောင့် အိပ်ပျော်နေသော
KyungSoo လူးလွန့်လာသည်။

Kai လညိး နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်လိုက်တော့
နာသွားသောကြောင့် အိပ်နေရာမှ နိုးလာကာ
မျက်ဝန်းအဝိုင်းသားလေးဖြင့် ကြည့်နေသော KyungSoo ကြောင့် တစိချက်စုတ်သပ်ပြီး လွှတ်ပေးလိုက်သည်။

"ကလေး နိုးလာပြီလား.."

"Sry ကိုယ့်ကြောင့် နိုးသွားလို့.."

"ကလေး နေမကောင်းဘူးဆို...ဘာလို့ ကိုယ့်ကို မပြောတာလဲ@

"ဖုန်းဆက်တော့လည်း မကိုင်ဘူး..ကိုယ်က တစ်ခုခုများဖြစ်နေတာလားလို့..."

"ကလေးက  ၃ ရက်တောင် ကိုယ့်ဆီ အဆက်အသွယ် မလုပ်ပဲ
နေနိုင်တယ်နော်.."

"လာပါဦး ဒီကိုယ်လေးကို မဖက်ရတာ ကြာပြီ.."

KyungSoo ဆံပင်လေးကို ဖွပြီး ဖက်မည်အလုပ်
ရှောင်ထွက်သွားတဲ့ KyungSoo ကြောင့် Kai ထိုနေရာမှာပင်
ကြောင်တောင်တောင်ဖြင့် ထိုင်နေမိသညိ။

"ဟိုလေ...ကျွန်တော်.တစ်ယောက်တည်း နေချင်လို့...ထွက်သွားပေးပါ့လားဟင်...."

KyungSoo စကားကြောင့် ပို၍ အံ့သြသွားသည်။

"ကလေး..."

Silent....

"Do KyungSoo..."

အသံမာမာနှင့် ခေါ်လိုက်တာကြောင့် KyungSoo ကိုယ်လေး
ဆက်ကနဲ တုန်သွားသည်။

"ဒါ ဘာလုပ်တာလဲဟမ်..."

"ကျွန်တော် ဘာလုပ်လို့်လဲ...."

My Innocence BabyWhere stories live. Discover now