လမင်းတစ်စင်းထက် လင်းသောကြယ်စင်
••••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၃)ရှမ်းပြည်ရဲ့မနက်ခင်းနေရောင်ခြည်နုနု…..
စိမ်းညို့ညို့တောင်တန်းတွေပတ်လည်ဝိုင်းနေတာက အင်းလေးကန်….
တလက်လက်ထနေတဲ့ရေပြင်ပေါ်မှာ ပြေးလွှားနေတာက အပြာရောင်စက်လှေလေး….
တဖျပ်ဖျပ်ခတ်နေတဲ့စင်ရော်တွေကိုငေးကြည့်နေမိသည်…… ကားဖြန့်ထားသောတောင်ပံနှစ်ဖက်နှင့် သူတို့ခန္ဓာကိုယ်တို့က လိုက်ဖက်လွန်းနေသည်…. ထို့ကြောင့်လည်း လူတွေက အချိုးအဆက်တင့်တယ်သောသူဆိုလျှင် စင်ရော်တောင်ပခုံးလို့ တင်စားကြတာဖြစ်မည်… အင်းလေးဒေသထွက် ပဲခွေကြော်တွေကို ပစ်ပေးလျှင်လည်း လှလှပပ ဖမ်းယူသွားတာက စိတ်ကြည်နူုး စရာကောင်းလွန်းနေသည်…..
နာရီဝက်လောက် အင်းလယ်ကိုဖြတ်လာအပြီးတော့ လူနေအိမ်တစ်ချို့ တွေ့လာရသည်…
“ အကိုရေ…. အမှတ်တရပစ္စည်းဆိုင်မှာ ခနလေးရပ်ပေးပါဦးဗျာ…. ”
ကျွန်တော်စက်လှေသမားကို လှမ်းပြောလိုက်တော့ အားလုံးက
“ ဟေး…. ကိုခန့် ဝယ်ပေးတော့မယ်ကွ….. ”စနောက်ပျော်ရွှင်နေကြပုံက လူငယ်အရသာအပြည့်…….
x x x x x x x x x x x x x x
ရေပေါ်မှာပဲ နှစ်ထပ်ပျဉ်ထောင်ကြီးကြီးမားမား အိမ်တစ်လုံး…..
အ၀င်မှာကတည်းက လှေကားက နှစ်ဖက်သွားပုံစံလုပ်ထားပြီး ဘယ်ဘက်သွားလျှင်အင်းလေးရိုးရာ ချည်ထည်တွေဘက်ရောက်ပြီး ညာဘက်ကတက်ပါက လက်မှုငွေထည်တွေခင်းကျင်းထားရာအခန်းကို အရင်ရောက်မည်ဆိုတော့ လူငယ်တွေပီပီ သူတို့ အဝတ်အထည်တန်းဖက်ကိုအရင် သွားကြသည်….လှေရပ်လိုက်ပြီဆိုကတည်းက အကုန်လုံး ၀ရုန်းသုန်းကား တက်သွားကြပေမယ့် ကိုခန့်တစ်ယောက်တည်း shoe ချွတ်နေသေးတာမို့ ကျွန်တော် စောင့်နေလိုက်သည်…
သူပြီးလို့မော့ကြည့်လာပြီး လှမ်းတက်ဖို့အလုပ်… လှေကလည်း ဘေးကပ်လိုက်ချိန်နည်းနည်း ကွာသွားသည်….. သူ့ခြေတစ်ဖက်လှမ်းတက်အပြီးဆိုတော့ ဟန်ချက်ပျက်သွားတာပေါ့….
YOU ARE READING
လမင်းတစ်စင်းထက် လင်းသောကြယ်စင်
Romanceလမင်းတစ်စင်းထက် လင်းသောကြယ်စင် •••••••••••••••••••••••••••••••••••••••••••••••••• Written by Khant Myat Nyi လမင်းကြီးက အရမ်းချစ်ဖို့ကောင်းတာပေါ့ ညီ .... ။ ဒါပေမယ့် ..... တစ်ခါတစ်ရံမှာ ပျောက်ကွယ်သွားတတ်တယ် ။ ကိုယ်ကတော့ အလင်းနည်းချင်နည်းပါစေ ... ။ြ...