အပိုင်း (၅) ဇာတ်သိမ်းပိုင်း

903 50 0
                                    

လမင်းတစ်စင်းထက် လင်းသောကြယ်စင်
•••••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၅)
ဇာတ်သိမ်းပိုင်း

တစက်စက်ကျနေတဲ့ ရေမှုန်နွေးနွေးလေးတွေ….

တစ်ခုခု ပင်ပန်းတာမျိုးခံစားရရင် ရေနွေးစိမ်ချိုးတာက ကျွန်တော့်ရဲ့အကျင့်လိုဖြစ်နေသည်… Shampoo နံ့သင်းသင်းတွေနှင့်အတူ ကျွန်တော်ခါရမ်းလိုက်ပြီး ဘေးက စင်ပေါ်က မွေးပွတဘက်ကို လှမ်းယူကာ ခါးမှာပတ်ပြီး ရေချိုးခန်းထဲကနေ ရေသုတ်ရင်းထွက်လာလိုက်သည်….

မေမေရော ဖေဖေပါ မင်းကျောင်းမှာ အလှူတစ်ခုရှိတာမို့ အတူထွက်သွားလိုက်တာ ညနေပိုင်းမှ ပြန်ရောက်မယ်လို့ တော့ ပြောသည်… ကျွန်တော်တို့ အပြင်မထွက်ခင် ပြန်မရောက်လျှင်တော့ ဖုန်းတစ်ချက်ဆက်မေးရမယ် ဆိုတာတော့ တွေးမိလိုက်သေးသည်….

ဒီနေ့ညက တောင်ကြီး တစ်မြို့လုံးရဲ့ မီးလှည့်တဲ့ညဖြစ်သလို တောင်ကြီးတန်ဆောင်တိုင်ရဲ့ အစည်ကားဆုံးက အဖိတ်နေ့ည…..

အခုလိုအချိန်မျိုးသာ ရာသီဥတုကသိပ်မအေးဘူးထင်ရပေမယ့် ညကွင်းထဲမှာနေရင်း စိမ့်စိမ့်ချမ်းတတ်လာတာ ကျွန်တော်တို့ တောင်ပေါ်သားတွေအသိဆုံး… ဒါကြောင့်လည်း အထဲကဆွယ်တာအပါးသားတစ်ထည်ခံပြီး ခေါင်းစွပ်ပါတွဲလျက်သား ဂျာကင်တစ်ထည်ကို ရွေးလိုက်သည်… မာဖလာခပ်ပျော့ပျော့်တစ်ထည်ကိုလည်း တစ်ခါတည်းရွေးလိုက်ပေမယ့် ဂျာကင်ရော မာဖလာကိုပါ မ၀တ်မိသေး…

ကျွန်တော်သုံးနေကျ Bleu de Chanel ကို ခပ်ဆတ်ဆတ်လည်တိုင်ဆီ တစ်ချက်ဆွတ်လိုက်တုန်း အားသွင်းထားတဲ့ ဖုန်းကနေ message tone လေး မြည်လာတာမို့ ဖွင့်ကြည့်လိုက်တော့ unknown ဆိုပေမယ့် သူ့အပေါ်က dialogue bubble မှာ ဟိုတရက်က ညပိုင်းပို့ထားတဲ့ နံပါတ်မို့ သိလိုက်တယ်….

“ have a glance through ur window… ;) ”

ထူးထူးဆန်းဆန်းပါလား…. ပြတင်းပေါက်ကတစ်ချက်ကြည့်ပါတဲ့…… သိပ်မစဉ်းစားမိသေးခင်မှာ လက်က လိုက်ကာစကိုဖယ်ရင်း  ခေါင်းကို တစ်ချက်စောင်းကြည့်လိုက်မိပြီးသား…..

ခါတိုင်းမြင်နေကျမြင်ကွင်းပါ သိပ်တော့ မထူးခြား… ရေတံခွန်ဘေးက မြက်ခင်းပြင်နှင့် ကျွန်တော်စိုက်ထားသော ပန်းပင်များ… မြက်ခင်းရဲ့အဆုံး bench လေးမှာက တစ်ခု ထူးခြားနေသည်…

လမင်းတစ်စင်းထက် လင်းသောကြယ်စင်Onde histórias criam vida. Descubra agora