လမင်းတစ်စင်းထက် လင်းသောကြယ်စင်
•••••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၂)Alphard ကားအနက်ရောင်သည် ဦးတည်ရာတစ်လျှောက်က တောင်ကြီးမြို့ရဲ့ ရေအေးကွင်းရပ်ကွက် အပေါ်ဖက်တွေဆီသို့……
တောင်နံရံကိုနောက်ခံထားပြီး ခေတ်မှီလွန်းစွာ decoration လုပ်ထားတဲ့ နံ့သာညိုရောင် သုံးထပ်တိုက်တစ်လုံးရှေ့ရောက်တော့
“ ဝါး…….. so cool…… ” တံခါးလျှောပွင့်လာတာနှင့်အတူ မိန်းကလေးတွေ တအံ့တသြ အော်လိုက်ကြသည်…..အ၀င်တံခါးကတည်းက ပေါ်တီကိုအောက်အထိ ပုဏ္ဍရိတ်ပန်းပင်ကို သေချာဖြတ်ထားတဲ့ walkway…
ဘေးဘက်ကနေတလျှောက်လုံးရှိနေတဲ့ အလှစိုက်ထင်းရှူးပင်တွေရဲ့အဆုံးတစ်လျှောက်….
နှင်းရည်မစိုတစိုလေး စိမ်းလဲ့နေတဲ့ မြက်ခင်းပြင်…. အားလုံးက ရှမ်းပြည်ရဲ့ အငွေ့အသက်အပြည့်…အကုန်လုံးကားပေါ်ကနေဆင်းကြပြီးတော့ ပေါ်တီကိုအောက်မှာ အထုပ်တွေချနေတုန်း မှန်တံခါးချပ်တွေရဲ့နောက်ကနေ ထွက်လာသူက ကိုခန့်….
“ အာ.. ညီတို့ ရောက်လာကြပြီလား…. လာကြပါကွာ…. အေးဆေးပေါ့….. ”
“ ဟုတ်အကို…. ဒါညီတို့ သူငယ်ချင်းအကုန်ပါ… Patrick တစ်ယောက်တော့ လိုတာပေါ့…. ဟဟဟ
ကျွန်တော်ကတော့ အကိုဆီဖုန်းဆက်တဲ့ ထက်သုနောင်၊ သူကတော့ ဘုန်းမာန်ရှိန်၊ နောက်တယောက်က သားသုခ၊ ဟိုဘက်ဆုံးကကောင်ကတော့ ကျွန်တော်တို့ရဲ့ ငဆိုး…. ဟဟ ထက်သူရထင်….. မိန်းကလေးတွေကတော့ ဟိုအနီနှင့်တစ်ယောက်က မဒီမေ၊ အလယ်က ရွှေဆင်းကြာဖြူ၊ နောက်တယောက်က မှူးဝတီခင်….. ”“ အာ… အားလုံးက နာမည်တွေရော လူတွေပါ အပျံစားတွေပဲ ညီလေးတို့ရော ညီမလေးတို့ရော…. ”
“ အယ်… ကိုခန့်ကလည်း မခေပါဘူး… ညီမတို့ မုန့်ပါလာပါတယ်နော.. ကျွေးမှာပါ… ”
အသွက်ဆုံး မှူးက ၀င်နောက်တာကို မဒီက ဆက်ပြောနေသေးသည်….“ အေးလေနောမှူး..... ငါတို့ကိုသာလာမြောက်နေ… ကိုခန့်ကမှတကယ့် Gent ပဲဟာ….. ”
အနက်ရောင်လည်ကတုံးနှင့် ပုဆိုးခဲရောင်စိပ်စိပ်ဝတ်ထားသော ကိုခန့် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ရင်း တဟားဟားရီကာ
CZYTASZ
လမင်းတစ်စင်းထက် လင်းသောကြယ်စင်
Romansလမင်းတစ်စင်းထက် လင်းသောကြယ်စင် •••••••••••••••••••••••••••••••••••••••••••••••••• Written by Khant Myat Nyi လမင်းကြီးက အရမ်းချစ်ဖို့ကောင်းတာပေါ့ ညီ .... ။ ဒါပေမယ့် ..... တစ်ခါတစ်ရံမှာ ပျောက်ကွယ်သွားတတ်တယ် ။ ကိုယ်ကတော့ အလင်းနည်းချင်နည်းပါစေ ... ။ြ...