အပိုင်း (၁)

1.3K 44 0
                                    

လမင်းတစ်စင်းထက် လင်းသောကြယ်စင်
•••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၁)

တစ်ယောက်တည်း E-mail စစ်နေရာကနေ ကျွန်တော့်နှုတ်ခမ်းများသိသိသာသာကွေးလောက်အောင် ပြုံးမိသွားသည်….. တစ်ဦးတည်းသော ညီလေးပီပီ အကို့ဆီကိုပို့သောစာမှာ သူလိုချင်တာ လိုအပ်တာတွေချည်း မှာထားသည်… နောက်ဆုံးသတ်ခါနီးတောင်မှ သူ့ဘော်ဒါတွေ ဒီနှစ်တန်ဆောင်တိုင်လာကြမှာမို့လို့ အစစ တာဝန်ယူပေးပါတဲ့…. မတတ်နိုင် ကိုယ်အားသည်မအားသည်က နောက်မှထား၊ ညီလေးရှိမနေလို့ အဆင်မပြေဘူးဟု ဧည့်သည်တွေမခံစားမိစေလိုတာက ကျွန်တော်တို့ တောင်ပေါ်သားတိုင်းအကျင့်…..

ကျွန်တော့်ညီလေးဆိုတာက #မင်းရာဇ၀င်သွေး….
ပြည်တွင်း private collage တစ်ခုကနေ technological engineering ဘွဲ့တစ်ခုယူပြီး အခု Singapore မှာ Master ယူဖို့ သွားတက်နေသည်… နေရာတကာလူငယ်အထာအပြည့်သူ့မှာက .. အမူအရာအပြင်အဆင်ထက် ပင်ကိုယ်အရည်အသွေးကိုဦးစားပေးသော ခေတ်လူငယ်တွေရဲ့ image ပွင့်လင်းပေါ့ပါးလွန်းသော လူငယ်ပုံစံ အပြည့်… ဒါကြောင့်အမျိုးတွေကတောင်ပြောယူကြသည်… ညီအကိုနှစ်ယောက်က ပြဒါးတစ်လမ်း သံတစ်လမ်း တဲ့…

ကျွန်တော်ကတော့ ဦးရည်ချွန်သွေး ဒေါ်နန်းစစ်ဝတီ တို့ကမွေးတဲ့သားအကြီးပေါ့… ညီသွေး က အငယ်..

#ခန့်မဟာသွေး ဆိုပေမယ့် ကိုခန့်လို့ပဲ ခေါ်ကြသည်… YUFL ကနေ English ဘွဲ့ယူ၊ Eco မှာ MBA ယူပြီးမှ တောင်ကြီးက မိဘလုပ်ငန်းတွေကိုပဲ ဦးစီးနေတာ.. ပုဆိုးကွက်စိပ်အရောင်ရင့်ရင့်နှင့် လည်ကတုံးရှပ်တွေဝတ်နေကျဆိုပေမယ့် သာမန်လူငယ်ပုံစံပျောက်မသွား… စကားပြောညက်ပြီး problem တိုင်းကို လှလှပပ ကိုင်တွယ်တတ်သူမို့ ဖေဖေက တော်တော်များများကို ကျွန်တော့်ကိုလွှဲထား ပြီး အနားရနေသည်…

ဘယ်လိုပဲ ပြင်ပရုပ်တွေကွဲပြားနေပေမယ့် ကျွန်တော်တို့ ညီအကို နှစ်ယောက်လုံးရဲ့တူညီတဲ့ ထူးခြားချက်တွေက တစ်ယောက်နှင့်တစ်ယောက် ညီအကိုဆိုတာထက် နားလည်မှုအပေးနိုင်ဆုံးနှင့် သူငယ်ချင်းလိုပါ ပေါင်းသင်းကြသူတွေ… ညီသွေးက ကျွန်တော်ချစ်တာ သိနေလို့လည်း အမြဲအနိုင်ယူ တတ်တာများသည်..

လမင်းတစ်စင်းထက် လင်းသောကြယ်စင်Dove le storie prendono vita. Scoprilo ora