အပိုင်း (၄)

525 32 0
                                    

လမင်းတစ်စင်းထက် လင်းသောကြယ်စင်
•••••••••••••••••••••••••••••••••••••••••••••••••
အပိုင်း (၄)

တန်ဆောင်တိုင်အဖိတ်နေ့ပီသစွာ တောင်ကြီးတစ်မြို့လုံး သက်ဝင်လှုပ်ရှားနေတာက ရိုးရာ…. ထိုလှုပ်ရှားမှုတွေနှင့်အတူ ကျွန်တော်လည်း ရင်ခုန်နေမိသည်… တစ်ခုခုကို motivate လုပ်ထားသလို ခံစားလို့ရနေသည်….

အင်းလေး၊ ပင်းတယ၊ ရွာငံ၊ ဟိုပုန်း အကုန်လည်ပတ်ထားကြပြီးသားဆိုတော့ ဒီနေ့ကို သူတို့ကို တောင်ကြီးမြို့ထဲပဲ လည်ပတ်ဖို့ စီစဉ်ထားကြသည်…. မနက်ပိုင်းဘုရားသွားကြမည် ဆိုပေမယ့် တောင်ကြီးရာသီဥတုအရ အာားလုံး ဂျင်းဘောင်းဘီလေးကိုယ်စီနက် … ချစ်စရာလေးတွေ.. အရင်ဆုံး စူဠာမုဏိဘုရားပေါ်တက်လာလိုက်သည်…

ကားမထိုးခင် ရပ်လိုက်ကတည်းက ကြာဖြူက ATM ကနေ ငွေထုတ်မည်ပြောတော့ အကုန်လုံးသွားလိုက်ကြသည်… ထက်သူရထင် ကတော့ ကျွန်တော့်ကို စောင့်မည်ပြောပြီး ကျန်နေခဲ့သည်…

“ မနက်အိမ်ကထွက်လာကတည်းက မင်းက ပြုံးစိစိနှင့် ဘာဖြစ်နေတာလဲ … တစ်ခုခုပဲကွ ဟကောင်… ” အတူလည်ပတ်ကြတဲ့အချိန်တွေအတွင်းက ငယ်ပေါင်းတွေလိုဖြစ်လောက်အောင်ကို သူတို့တွေက ခင်ဖို့ကောင်းနေတာမို့ သူနှင့်လည်း ပွင့်လင်းမှုတွေနှင့် မလုံမလဲ မေးလိုက်မိသည်…

“ ဟား.. ဟား… လူပျိုကြီးရာ….. ကျွန်တော်က အမြဲပြုံးနေကျပဲဗျ… အဲဒီအပြုံးက my attraction.. ” ခပ်နောက်နောက်ဖြင့် ပြောချင်ရာပြောပြီး ဆင်းသွားတော့ ကျွန်တော်ပဲ ထုံးစံအတိုင်း ကျန်ရစ်ခဲ့ရတော့သည်…

ကားထိုးပြီး သူတို့ရှိတဲ့ ဆီသွားဖို့ အလှည့် ကျွန်တော့်ကို လှမ်းခေါ်သံကြောင့် ရုတ်တရက် ခြေလှမ်းတွေက ခေါ်သံဆီကို ကြည့်လိုက်မိတော့

ရုတ်တရက်ဖမ်းမရပေမယ့် မစိမ်းတဲ့ မျက်နှာ…
သူ့မျက်နှာပေါ်က နေကာမျက်မှန်ကြောင့်လည်း ဖြစ်မည်ထင်သည်… long coat နီညိုရောင်ကို ဘောင်းဘီအနက်ရောင်နှင့် တွဲပြီး မာဖလာအဖြူနှင့် နက်ပြာပတ်ထားကတည်းက တောင်ကြီးရာသီဥတု နှင့် မစိမ်းတဲ့သူဆိုတာ မှန်မိနေသည်.. လက်ပြပြီး ကျွန်တော့်ဆီတစ်လှမ်းခြင်း လျှောက်လာနေ​တော့ ပြန်ပြုံးပြပြီး ကျွန်တော်လည်း စောင့်နေလိုက်သည်….. အနားရောက်တဲ့အထိ စကားမပြောသေး…

လမင်းတစ်စင်းထက် လင်းသောကြယ်စင်Where stories live. Discover now