❤️

7K 457 12
                                    

ဝိုင်းစက်စက် အဖြူထည်မျက်ဝန်းလေးကို
ချစ်မြတ်နိုးကြောင်းပြောတဲ့အခါ
သံသယကင်းစွာယုံကြည်ပေးပါ ......

" Tskkk ဒီအမှိုက်တွေကတော့လေ "

စားပွဲခုံပေါ်က အသည်းပုံချိုချဉ်လေးတွေကို မကြေမချမ်းအမြင်ကပ်မိတဲ့အခါ

ကျွန်တော့်ခုံနဲ့မျက်စောင်းထိုးနားက အူကြောင်ကြောင်
ကောင်ကလေးဟာ စိုးရိမ်တကြီးလှည့်ကြည့်တယ်

မုန်းစရာကောင်းတဲ့ဒီကလေးဆန်ဆန်ပုံရိပ်လေးကို
ကျွန်တော်ဟာဖြစ်ညှစ်ချင်မိတဲ့အထိအူယားမိပါရဲ့

" ဟင်း လက်ပူးလက်ကြပ်မိလို့ကတော့လား တစစီ
လုပ်ပစ်မယ်မှတ် "

ကျောပြင်သေးသေးလေးဟာတုန်တက်သွားတယ်

ဟက် အဲ့ဒါကိုဘဲကျေနပ်နေရတာ

" Junnie ya ဟိုလူကြီးကရိပ်မိနေပြီလားမသိဘူး "

" မဖြစ်နိုင်ပါဘူး Chan ရယ် မင်းကလည်းစိုးရိမ်
တတ်ပြန်ပြီကော "

" သူ့ပုံကြီးက ကြောက်စရာကြီး Junnie ရဲ့
ငါတော့မှားပြီထင်တယ် ဟင့် ~ "

" Yaaa မှားစရာလား မင်းသူ့ကိုကြိုက်တယ်ဟုတ် "

" အင်း "

" အဲ့ဒါဆိုပြီးတာဘဲ "

ဘောပင်နဲ့ခေါင်းလေးကိုအသာထိုးလို့ Jun ကလူကြီး
ယောင်ဆောင်ပြီးဆရာလုပ်လေရဲ့

ပြူးကြည့်နေတဲ့အသည်းယားစရာ Chan ဟာ
တကယ်ဘဲအပြစ်ကင်းပြီးချစ်ဖို့ကောင်းလွန်းတာပါ
လေ

မနက်ခင်းတိုင်း အသည်းပုံတွေ ကြယ်တွေ ကြိုးကြာ
တွေ Pikachu ရုပ်တွေနဲ့ ကျွန်တော့်စားပွဲခုံဟာ
အမြဲတစေရှုပ်ပွနေတတ်တယ်

ဒါဟာလေ ဟိုဟာလေးလက်ချက် ~

" ဒါတွေဘယ်သူလာတင်ထားပြန်တာလဲ "

အသံကိုမကြားကြားအောင်မြှင့်တင့်အော်ပစ်လိုက်
တော့ သကောင့်လေးဟာ နို့ဘူးလေးကိုပိုက်နဲ့စုပ်
သောက်နေရင်း သူထိုင်နေတဲ့နေရာကနေ မျက်လုံး
လေးစွေကြည့်တယ်

" ဟိုကောင်လေး ဘာလှည့်ကြည့်တာလဲ "

" အဟွတ် အဟွတ် အဟွတ် "

Baby Innocent ( Mini Story )Where stories live. Discover now