❤️❤️

4.3K 378 4
                                    

ကျွန်တော်သတ်မှတ်ထားသော
ချစ်ခြင်းတရားဟူသည်
ဆင်ပေါက်လေးလို ကားထွက်နေသော
နားရွက်လေးများပင်ဖြစ်သည် ......

" သွား သွား မချစ်ချင်တော့ဘူး မချစ်ချင်တော့ဘူးဆို
နေ အဲ့လူကြီးကိုမချစ်ချင်တော့ဘူး "

" Chan ကလည်း "

" ဘာလဲ ငါတကယ်ပြောတာ ငါအခုကစပြီးအဲ့လူကြီး
ကိုမေ့ပစ်လိုက်ပြီ "

ပြောလိုက်ရင်လည်းဒါဘဲ မေ့မယ် မသိတော့ဘူးဆိုတာ
ကြီးဘဲ တကယ်တည်းကြဘာမှမဟုတ်

" ပြီးတာဘဲ အိမ်ပြန်မယ်လေ အတန်းဆင်းနေပြီဟာ
မင်းကစာသင်ခန်းထဲဘာထိုင်လုပ်နေသေးတာတုန်း "

" ဒေါသထွက်လွန်းလို့ထိုင်နေတာလေ "

အမှန်က အကိုကြီး Kris Wu ရဲ့ဆိုင်ကယ်ရပ်ထား
သေးတာတွေ့လို့ မူယာမာယာများနေတာ

ခက်တယ် ခက်တယ် Park Chan Yeol တို့က
ဥာဏ်တစ်ထွာတစ်မိုက်နဲ့ဟန်ဆောင်ချင်နေသေးတယ်

" အဟမ်း အဟွတ် ဟွန်း "

အမယ် အမယ် ဟိုကလျှောက်လာတာတွေ့တာနဲ့
ဒေါင်ဒေါင်မြည်နေတဲ့သူက ချက်ချင်းကြီးချောင်းတွေ
ဘာတွေကောက်ဆိုးပြနေတာ

နောက်ဆုံးတော့လည်း ဟိုကဆိုင်ကယ်သာဝေါခနဲ
မောင်းထွက်သွားတယ် သနားစရာ ချောင်းဆိုးရောဂါ
သည်လေးဟာကျန်ခဲ့ရရှာရဲ့

" ထ ထ ပြန်မယ်ကွာ "

" တွေ့ကြတာပေါ့ကွာ နာပြီသာမှတ် ဒီလူကြီးသေမယ် "

ဘေးနားကတဗြစ်တောက်တောက်နဲ့အရည်မရအဖတ်
မရ ကြုံးဝါးသံသာကြားရတယ်

ခက်တာက ဘာမှဆက်မဖြစ်လာတော့တာဘဲ 😂

" ငါ့ကိုဒီနေ့အရှက်ခွဲသွားတဲ့လူကြီးတွေ့ကြသေးတာ
ပေါ့ကွာ "

ဘယ်ရမလဲ IG မှာချက်ချင်းစကားသွားပြောပလိုက်
တယ်

ဟင်းးးး Seen တောင်မပြဘူးကွာ စိတ်ပုတ်ချက်

Message တွေတသီတတန်းနဲ့ဟိုကောင်စုတ်လေး
ဟာ ညဖက်တွေအထိလည်းလာရှုပ်တတ်ပါသေးတယ်

ညသန်းခေါင်ထိ Seen မဖြစ်အောင်တမင်ထားထား
တဲ့ အကောင့်ပိုင်ရှင်လေးကတော့ Profile ထဲမှာ
အပူပင်ကင်းစွာ ပါးချိုင့်လေးခွက်ဝင်နေအောင်ရယ်
ပြနေစဲပင်

Baby Innocent ( Mini Story )Where stories live. Discover now