ကျွန်တော်ဆိုးသည်ဖြစ်စေ လိမ္မာသည်ဖြစ်စေ
ကိုကြီး Kris ကအမြဲတမ်းချစ်နေမှာတဲ့ဗျ ……" ကိုကြီး Kris ဟိုဟာလေး အာာ "
Park Chan Yeol တစ်ယောက် BBQ ဆိုင်မှာ
အခန့်သားသာယာနေသည်ပေါ့ကင်တာလည်း ကိုကြီး Kris ခွံ့ကျွေးတာကလည်း
ကိုကြီး Kris ဆိုတော့ လုပ်စရာရှိတဲ့အလုပ်ကပါးစပ်
လေးအသာဟပြီး ခွံ့တာမှန်သမျှကြေညက်အောင်
ဝါးစားပေးရုံဘဲလေ" အာ့မကြိုက်ပါဘူးဆိုနေ အခြားဟာကျွေး "
" ကောင်စုတ်လေး ဝါးနေတာကိုဘာလို့နှုတ်ခမ်းဆူ
ထားတာလဲ နမ်းပစ်လိုက်ရမလား ပြော "" ဟွန့် "
" ကြည့် ကြည့် ထပ်ထော်မလာနဲ့နော် အဲ့နှုတ်ခမ်းကို
တအားနမ်းပလိုက်တော့မယ် "" အာာာ မနမ်းနဲ့ မနမ်းနဲ့ ထပ်ခွံ့ပါဆို "
" ခင်ဗျားလေးနော် ခိုင်းစားတာ တအားများနေပြီ "
" အာ့ဆို မွ "
အဲ့လိုလေးတစ်ချက်လောက်မွပေးလိုက်တာနဲ့ ကိုကြီး
Kris တို့ကပီတိတွေဖြာပြီးကျေနပ်သွားပြီဒါဘဲလေ ဟွင်း ဟွင်း ဘာမှတ်နေသလဲ
" အ နာတယ် ကောင်စုတ်လေးရဲ့ မကိုက်နဲ့ကွာ "
" မသိဘူး ကိုက်ချင်လို့ပါဆို "
အချိန်တိုင်းနီးပါးလောက် ကိုကြီး Kris ရဲ့ပါးကြီးတွေ
ကို ကိုက်ပစ်နေကြခန္ဓာကိုယ်ကဝသည်လည်းမဟုတ်ဘဲ ဘာလို့များ
ကိုကြီး Kris ရဲ့ပါးတွေဟာဖောင်းကားနေတာပါလိမ့်ဒါဟာကျွန်တော်မတွေးတတ်သော ပုစ္ဆာတစ်ပုဒ်ဖြစ်
လေသည်" တော်ပီကွာ ပုစိလေး ပါးတွေလည်းသွားရာတွေထင်
ကုန်ပြီ သားရည်တွေနဲ့လည်းစိုရွှဲကုန်ပြီ "" မရဘူး မရဘူး ကိုက်ချင်နေသေးတယ် "
" ကို့ပါးတွေပေါက်ထွက်ကုန်တော့မယ် ပုစိရဲ့ ကို့ကို
မသနားဘူးလားဟင် "" မပေါက်ပါဘူးဆို ဖြေးဖြေးလေးဘဲကိုက်မယ်လေ
နော် စိတ်ချ "" ဆိုးလိုက်တာ ကလေးရာ "
ကျွန်တော့်ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးပြီးချစ်စနိုးနဲ့
ပါးလေးတွေကိုခပ်ဖွဖွနဲ့တရှုံ့ရှုံ့လိုက်နမ်းနေတယ်