အပိုင်း - ၆

784 60 1
                                    

“ အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် ”
---------------------- (အပိုင်း - ၆) --------------------



အား............
လက်၏အပူကို ကြိတ်မှိတ်ကာ အံတင်း၍ အသံမထွက်နိုင်အောင် လည်းကြိုးစားရသည်။ လက်၏ ကြိုးကိုရုန်းကန်နေရင်းက ကြိုးစများမီးဆွဲစ ပြုလာသည်။ ကျော်ကျော် အံတင်းကြိတ်မှိတ်ကာ လက်၏အပူကိုတော့ သူခများ မျက်စိဆုံမှိတ်ကြိတ်မှိတ်ကာ နုတ်ခမ်းများ ပြတ်မလာအောင် ထင်ရအောင် ကြိတ်ခဲကာ အသံမထွက်အောင် အောင့်အီတိတ်ခံ နေရတော့သည်။
လက်ကိုချည်ထားသော ကြိုးမှာမီးဆွဲစပြုလာတော့သည်။ မီးစလောင်တော့ လက်ကိုပါအပူမီးဆွဲ တော့သည်။ ကြီုးစကလောင်သော မီးက လက်ကိုရဲတက်ကာ လောင်ထွက်သွားသည်။ ကျော်ကျော် ရုန်းအားများကို ဆုစည်းကာ အတင်းရုန်းထွက်လိုက်တော့သည်။

ဝုန်း.........................
ကျော်ကျော် အားလွန်ကာ ထိုင်ခုန်နှင့်အတူ လဲကျသွားတော့သည်။ ကျော်ကျော် လက်ကိုချည်ထားသော ကြိုးကမီးလောင်နေဆဲ၊ ထိုကြောင့် ကျော်ကျော်လောင်နေသော မီးကိုလဲ ငြိမ်းလိုက်ရတော့သည်။ ထိုသို့မှမလုပ်လျှင် အိမ်ကြီးအားမီးလောင် သွားစေပြီး ဖာ့ဇလီ ကိုကယ်ထုတ်ရန် ခက်ခဲလေမည် မဟုတ်လား။ ထိုင်ခုန်၏ လက်တစ်ဖက်တန်းလန်း နှင့်လှုပ်ရှားနေရသော ကျော်ကျော် ကတော့ အချိန်သည် လိုအပ်တာထက် နည်းနည်း ကြန့်ကြာနေတော့သည်။
လက်ကိုမီးလောင်သည့် ဒါဏ်ကိုပင်မမှု့နိုင် စိတ်ကလောကြီးစွာ လွတ်မြောက်ရန်အတွက် လုပ်ဆောင်ရတော့သည်။ ခြေကျင်းဝတ်မှ ပွန်းပဲ့ဒါဏ်များကလည်း သွေးများဆို့နေပါတော့သည်။ ကျော်ကျော် မီးများကို ငြိမ်းသတ်ပြီးတော့မှ ကျန်ရှိလက်တစ်ဖက်မှ ကြိုးများကို လွတ်နေသော ဘယ်လက်နှင့်အတူ ပါးစပ်၏ အကူညီဖြင့်ခက်ခက်ခဲခဲ ဖြေရတော့သည်။
အိမ်ရှင်အဘွားသည် အပေါ်ထက်မှ ၀ုန်းဆိုသော အသံကြောင့် အိမ်ရှင်အဘိုးအား အပေါ်သို့တက်ကြည့်ရန် ပြောလိုက်သဖြင့် အိမ်ရှင်အဘိုးသည် အပေါ်သို့တက်လာပါတော့သည်။ အဘိုး၏သွက်လက် မှု့ကတော့ အနည်းငယ်နှေးကွေးလှပါသည်။ သူသည်ကျော်ကျော် အားချုပ်ထားသော အခန်းတံခါးကို သော့ဖြင့်ဖွင့်ရန် လုပ်ဆောင်နေတုံး ကျော်ကျော် ၏လက်က ကြိုးကလည်း လျော့ကျသွားတော့သည်။
အိမ်ရှင်အဘိုးသည် တံခါးကိုဖွင့်၍ ၀င်လိုက်သောအခါမှာ အခန်းက မီးတိုင်လည်း လဲကျနေပြီး ကျော်ကျော်အားချည်ထားသော ထိုင်ခုံလည်းလဲကျနေသော မြင်ကွင်းကိုမြင်လိုက်ရတော့သည်။
“ဟင် ကောင်လေးဘယ်ရောက်သွားပြီးလဲ”
တံခါးနောက်ကွယ်ကနေပြီး ကျော်ကျော် ပုန်းနေရာမှ အိမ်ရှင်အဘိုးကြီးကို နောက်ကနေပြီးခုန်အုပ်လိုက် ပါတော့သည်။

အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် Место, где живут истории. Откройте их для себя