အပိုင်း - ၈

820 48 0
                                    

“ အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် ”
---------------------- (အပိုင်း - ၈) ---------------------



“ကြောင်ကြောင်တို ထော်ပေး…ထော်ပေး”

မူးသာမူးသည် ကြောင်ကြောင်ဆိုသည့်နာမည် ကတော့ပီအောင်ခေါ်နိုင်သေးသည်။ ဇံပ တိုင်နှင့်ခေါင်းသာ ပြေးဆောက်ပစ်လိုက်ချင်တော့သည်။
“ပြန်ကြရပါအောင်ကွာညီငယ်ရာ အဘိုးသိရင်မကောင်းဘူးကွ”
“အာ…အတိုကလည်းကွာ ကြောင်ကြောင်ကို ထော်ပေးဆိုကွာ”
“အင်းပါကွာနောက်ရက်မှပဲကွာနော်”
ထိုရက်က ဇံပသည် ဖာ့ဇလီ ကိုတော်တော်စိတ်ညစ်စွာ သည်းခံရတော့သည်။ ထိုညက ဇံပသည် ဖာ့ဇလီ၏ ရင်တွင်းဖြစ်များကို သည်းခံကာ စိတ်မချမ်းမြေ့စွာ ထိုညကိုဖြတ်သန်းခဲ့ရသည်။ ဇံပ ဖာ့ဇလီ အတွက်တော့ စိတ်မကောင်းပါ။ အားလဲမပေးချင်၊ လူငယ်သဘာဝကြောင့် သာမန်သာယာ မူ့တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေး ရတော့သည်။
ဇံပ၏ ဆုတောင်းမပြည့်ခဲ့ပါ၊ ထိုသို့ဖြစ်ပြီး နောက်ပိုင်းရက်များတွင် ဖာ့ဇလီ ကိုထိန်းသိမ်းကာ အနားတွင် စောင့်ရှောက်နေရသောကြောင့် ဖာ့ဇလီ၏ စိတ်ထားများကို တည်မိခေါက်မည့်သည့် အနေထားမှ နားလည်လာခဲ့သည်။ ဖာ့ဇလီမှာ လူငယ်ပီပီတတ်တတ်ကြွကြွသိပ်မရှိတော့ ငေးမောငိုင်တွေးနေတာက များနေသည်။ အဘိုးလုပ်သူကပင်မေးလာတတ်ခဲ့သည်။

“ဇံပ မင်းကောင် စိတ်တွေညစ်နေတာလာ ဘာတွေဖြစ်နေလဲ သေခြားဂရုစိုက်ပါအုံးကွာ ငါ့မှာဒီမြေးလေးပဲ ရှိတာ တစ်ခုခုသိအောင်လုပ်အုံး”
ထိုသို့သော် စကားများဖြင့်သတိပေးကာ ပြောလာသည့်အထိ မိသားစုဝင်များပင် သတိထားလာတော့သည်။ ဖာ့ဇလီ အတွက်တစ်ခုခုလုပ်မှဖြစ်တော့မည်။ အဖြူအမည်းသဲကွဲသွားအောင် လုပ်ဆောင်ရမည်။
ဒေါက်…ဒေါက်…
တံခါးခေါက်သံကြောင့် ကျော်ကျော် သွားဖွင့်ပေးလိုက်တော့ မထင်မှတ်ထားသော ကိုဇံပ ကိုတွေ့လိုက်ရတော့သည်။
“အော်ကိုဇံပ လာလေ”
“အေးကျော်ကျော် မင်းနေကောင်းလာလို့ ခဏ၀င်လာကြည့်တာ”
“အော်ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
ကျော်ကျော် အဖြေသာပေးလိုက်သည်။ မျက်လုံးများက ကိုဇံပကိုကျော်ကာ နောက်သို့ကြည့်နေမိသည်။ ကိုဇံပ အိမ်ထဲဝင်သွားသည့်အထိ ကျော်ကျော်က တံခါးဝတွင်ရပ်လျှက် အပြင်သို့ကြည့်နေသေးသည်။
“ဘယ်သူမှ မျှော်မနေနဲ့ ငါတစ်ယောက်တည်းလာတာ”
“အော်…အဟက်…ဘယ်သူမှမျှော်ပါဘူး ဒီအတိုင်းကြည့်နေတာ”
“အေးပါအေးပါ လာကွာ ငါလဲပျင်းနေတာနဲ့ မင်းနဲ့သောက်မလို့ ဘီယာဝယ်လာတယ်”
“အော်…”
“အမြည်းတွေလဲပါတယ် ဘဲကင်လေ ပုကန်ယူခဲ့ပါအုံး”
ဇံပပြောသလိုလိုက်လုပ်နေရသော ကျော်ကျော် မှာတော့ သံပတ်ပေးထားသည့် စက်ရုပ်သဖွယ် ဖြစ်နေတော့သည်။
နှစ်ယောက်သား သောက်လိုက်ကြသည်မှာ ပါလာသည့် ဘီယာ အလုံး ၂၀လည်း ၂ လုံးသာကျန်တော့သည်။
“မင်းသောက်နိုင်သာပဲ”
“ကိုဇံပကိုတော့ ဘယ်မှီမလဲဗျာ”
“မင်းမူးသေးဘူးလာ”
“နည်းနည်းတော့ ရီဝေေ၀ ဖြစ်တာပေါ့”
“မင်းကောင်းမလေးရောဘယ်လိုလဲ”
“ဘာကိုလဲဗျ”
“မင်းကောင်းမလေးလေ မင်းကိုဆေးရုံးမှာလာတွေ့တဲ့ကောင်မလေး”
“အော်…သူကသူငယ်ချင်းပါဗျာ…သူဘ၀နဲ့သူပါဗျာ ကျနော်နဲ့ဘာမှ မဆိုင်ပါဘူး”
“အော်…ဒီလိုလာ….ဒါနဲ့မင်းကြားပြီးပြီလာ”
“ဘာကိုလဲဗျ”
“ဖာ့ဇလီ ကိုသူ့အဘိုးက မိန်းမပေးစားတော့မှာ”
“………….”
ဇံပ ကျော်ကျော်ကိုကြည့်လိုက်တော့ မျက်နာကြီးက အောက်ငုံ့ကာ သူ့၏ခြေထောက်ကြီးကို ကြည့်နေတာတွေ့ ရတော့ မျက်နာကို မည်သို့မှဖတ်လို့မရချေ။
“အဲဒါကွာ ဒီကောင်လည်းပျော်နေတာ ငါ့တောင်သတိမရဘူးဖြစ်နေတာ”
“………”
“ဒါကြောင့်ငါလဲ ပျင်းနေတာနဲ့ မင်းဆီကိုထွက်လာတာ”
“သူ…ပျော်နေတယ်ပေါ့…”
“အင်းမပျော်ပဲရှိမလာကွ ကောင်းမလေးက ချောချောလေ ဒါကြောင့်ဒီကောင်ကြွေနေတာပေါ့”
“အော်….”
ကျော်ကျော် အသံကခြောက်ကပ်ကပ် ထွက်လာသည်ကိုတော့ ဇံပခံစားရပါသည်။ သို့ပေမယ့် ဒီကောင်ဖာ့ဇလီ လောက်တော့ ပွင့်အန်ထွက်မလာချေ။ ဇံပမကျေနပ်သေးပါ။
“သူတို့က ငယ်ငယ်ကတည်းက ရင်းနှီးနေကြတာ မိဘတွေလဲသိ…xxxxxxx xxxxx xxxxxx xxxxxx xxxxx
ကိုဇံပကတော့ ပြောနေသည်။ ဘာတွေပြောနေသည်ကိုတော့ ကျော်ကျော် နားထဲမ၀င်လာတော့၊ ကျော်ကျော် ရင်ထဲမှာ မုန်းတိုင်းငယ်ဖြတ်သန်းနေသည်။ ရင်တွင်ထဲမှာ ကြွေမွနေတော့သည်။ ပျော်ရွှင်ခဲ့ရသည့် အချိန်က အနည်းငယ်သာ၊ သို့ပေမယ့်ကျော်ကျော် ရင်ထဲမှာတော့ တစ်ဘ၀စာပါ။ ဒါကိုဖာ့ဇလီ သိရဲ့လာ။
“မင်းကောလာမှာလာ”
“…….”
“ဟေ့ကောင် ကျော်ကျော် ဘာဖြစ်နေတာလဲ”
“ဗျာ…ဘာပြောလိုက်တာလဲ”
“မင်းငါပြောတာမကြားဘူးလာကွာ ငါ့မှာတော့ ပြောနေလိုက်တာ အမြုပ်ထွက်တော့မယ် မင်းကတော့ မတုန်မလှုပ်ကွာ တိုင်ကြီးကို စကားပြောနေရသလိုပဲ”
“အော် ….ကျနော်တောင်ပန်ပါတယ် ကျနော်မကြားလိုက်လို့ ဘာပြောလိုက်တာလဲအကို”
“မင်းသူတို့မင်္ဂလာဆောင်ကြရင် လာမှာလာလို့မေးတာ”
“သူတို့…….”
“အင်း.”
“သူတို့မင်္ဂလာဆောင်က ဘယ်တော့လဲ”
“ရက်တော့မသိသေးဘူးပေါ့ ဆောင်တဲ့ရက်ကြရင် မင်းလာမှာလာ လို့မေးတာ ငါကမင်းနဲ့ပဲသိတာလေ မင်းလာမှ ငါလဲယောင်တောင်တောင် မဖြစ်မှာ သူတို့အသိုင်းဝိုင်းက ငါမသိတာများတယ်လေ”
“အော်….ဟုတ်ကဲ့..လာရမှာပေါ့လေ..လာရမှာပေါ့”
ဇံပမှာတော့ အမြုပ်ထွက်အောင်ပြောပြီး ခံစားချက်များထွက်မလာလို့ ပြောလိုက်ရတာ ဒင်းကတော့ ဘာမှမဖြစ်သလို ကျောက်ရုပ်၊ ဒီကောင် ဖာ့ဇလီကို သာမန်လိုပဲ သဘောထားလို့ ဖြစ်မှာပါ၊ ဒါလဲကောင်းပါတယ်လေ။ ထိုနောက် ဇံပ ပြန်ရန်ပြင်လိုက်တော့သည်။
“ကဲငါပြန်တော့မယ်”
“ဟုတ်..”
ဇံပပြန်သွားသည်ကို ကျော်ကျော်လိုက်မပို့ပဲ ဒီအတိုင်းကျောက်ရုပ်သဖွယ် ထိုနေရာတွင် ထိုင်နေပြီး ခေါင်းကြီးငုံ့ကာ ကျန်နေသည်ကို ဇံပမှာတော့ ကြောင်တောင်တောင်ဖြင့် ထပြန်လာရတော့သည်။
“တောက်…ငါလဲအရူးပဲ ဘာမှမဖြစ်တာကို အလုပ်မှတ်နေတယ်..တောက်..၊ ငါ့မှာတော့ အရူးလိုပဲ မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို အဟုတ်မှတ်ပြီး အမူးပြောသမျှယုံပြီးလိုက် လုပ်ကြည့်နေမိတယ် ဟိုကောင်ကတော့ ဘာမှမဖြစ်ပဲ ကျောက်ရုပ်တုတ်တုတ်မှမလှုပ်၊ ဖာ့ဇလီ ရေး မင်းအတွက်တော့ စိတ်မကောင်းဘူး ကျော်ကျော်ကတော့ မင်းအပေါ်မှာသာမန်ပဲကွ”
ဇံပ တစ်ယောက် တစ်ကိုယ်တည်းပြောကာ ထထွက်လာရင် ရပ်ထားသော ကားပေါ်တက်လိုက်ရင်က.
“မဟုတ်တော့မဟုတ်သေးဘူး….ဒီကောင်ကိုဒဲ့ပြောလိုက်ရတာကောင်းမှာပဲ၊ ဖာ့ဇလီက မင်းကိုကြွေနေတယ်ကွလို့၊ အင်းဒီအတိုင်း ပဲပြောလိုက်တာကောင်းမယ်၊ ပြန်သွားပြောတာကောင်းမယ် ဒီကောင်ကို”
ဇံပ ကားပေါ်မှဆင်းကာ ကျော်ကျော် အိမ်ဆီသို့ပြန်လှည့်ပြန်လာတော့သည်။

အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် Donde viven las historias. Descúbrelo ahora