ဇာတ်​သိမ်းပိုင်း

1.5K 86 1
                                    

“ အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် ”
---------------------- (အပိုင်း - ၉) ----------------------
                         ဇာတ်​သိမ်းပိုင်း



“မင်းမူးနေပြီး တော်ပြီးဘာမှပြောမနေနဲ့ ထအုံးလာငါတွဲပေးမယ် ဘယ်နာထိသွားသေးလဲ”
ဒီတစ်ခါတော့ ဖာ့ဇလီ မရုန်းတော့ပါ အသာတကြည်ကျော်ကျော် တွဲထူတာကို ထလိုက်လာသည်။ ကျော်ကျော် ဖာ့ဇလီ ကိုတွဲထူပြီး ထိုင်ခုံမှာ ထိုင်စေလိုက်ပြီး၊ ဖာ့ဇလီ ၏လက်ကို ကိုင်ကြည့်လိုက်သည်။
“လက်တွေ ထိခိုက်သွားသေးလာလို့ကြည့်တာပါ”
ဖာ့ဇလီ အသာငြိမ်ကာ ကျော်ကျော် ကိုကြည့်နေမိသည်။
“တော်သေးတာပေါ့ ဘာမှမဖြစ်လို့…မသောက်နိုင်ပဲ ဘာလို့သောက်လာတာလဲ”
“ငါ့ချစ်သူကို….လွမ်းလို့..”
“ဘယ်လို”
“ဟုတ်တယ်…ငါ့ချစ်သူလေးကိုလွမ်းလို့”
“အော်……”
ကျော်ကျော် ငိုင်ကျသွားသည်။ ကျော်ကျော်ထင်လိုက်သည်ကတော့ ဖာ့ဇလီ နှင့်သဘောတူထားသည့်ကောင်မလေး အားရည်ရွယ်သည်ဟု ထင်မှတ်လိုက်သည်ပါ။
ဖာ့ဇလီ လက်နှင့် တစ်ချို့အစိတ်ပိုင်းများကို ကြည့်ပြီးနောက် ကျော်ကျော် ထရပ်လိုက်သည်ကို ဖာ့ဇလီက ကျော်ကျော်လက် ကိုလှမ်းဆွဲလိုက်သည်။

“ဘယ်သွားမလို့လဲ”
“ဘာဖြစ်လို့လဲ မင်းလဲဘာမှ မထိခိုက်ပဲလေ ငါလဲအနားယူတော့မယ်”
“ထိခိုက်တာပေါ့”
ကျော်ကျော် မျက်မှောင်ကုတ်ကာ ကြည့်လိုက်ပြီး…
“ဘယ်နေရာမှာလဲ”
ဖာ့ဇလီက သူ၏ရင်ဘက်ကို ထောက်ပြသည်။ ကျော်ကျော် အဟုတ်မှတ်ကာ ဖာ့ဇလီ ၏အကျီင်္ကိုလှန်ကြည့်လိုက်တော့သည်။ ဘာမှရှိမနေပါ။ (မှောက်ယက်လဲကျသွားသဖြင့် စိုးရီမ်ကာကြည့်မိခြင်း ဖြစ်ပါသည်။ )
“ဘာမှလဲ မဖြစ်ပါဘူး”
“ရင်ဘက်ထဲကနာတာဟ”
“ဘာနဲ့ခိုက်မိလို့လဲ”
ကျော်ကျော် နောက်သို့လှည့်လိုက်ပြီး ဖာ့ဇလီ လဲကျသွားသည့်နေရာသို့ကြည့်လိုက်တော့ ဘာမှရှိမနေပါ။

XXXXC

“ဘာမှလဲမရှိပဲနဲ့ကွာ”
“ရင်ဘက်ထဲကအတွင်းထဲကနာတာကွ”
“တော်ပြီး မင်းမူးနေပြီး..နားလိုက်တော့”
ဖာ့ဇလီ ကျော်ကျော် ကိုဘုကြည့်ဖြင့် ကြည့်နေရင်းက မသက်သာစွာ ထရပ်လိုက်ပါတော့သည်။
“ဘယ်သွားအုံးမလို့လဲ”
“မင်းမှငါ့မလိုအပ်ပဲ ငါတစ်ခြားအခန်းကိုပြောင်းမလို့”
“မင်းကိုမလိုအပ်လို့ ဟုတ်လား”
“အင်းလေ အရင်လိုငါ့ကိုမှမချစ်တော့တာ”
“ဘာကွ”
“ဟုတ်တယ်လေ အရင်လိုငါ့အတွက်….”
“တော်…ဆက်မပြောနဲ့…”
“ဘာလို့မပြောရမှာလဲ ငါ့မှာတော့ အရူးတပိုင်းဖြစ်နေတာ မင်းကတော့ နေနိုင်လိုက်တာ မချစ်ပဲနဲ့ ဘာလို့ ဂရုစိုက်နေလဲကွ၊ ဘာလို့ဝေဒနာတွေပေးနေလဲကွ”
“ဒီမှာကြည့်စမ်း”

အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် Nơi câu chuyện tồn tại. Hãy khám phá bây giờ