အပိုင်း - ၁

4.3K 96 2
                                    

“ အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် ”
---------------------- (အပိုင်း - ၁) --------------------------



အွန့်..
နောက်ကစောင့်တွန်းလိုက်သော လူတစ်ယောက်ကြောင့် ကျော်ကျော် အဝေးပြေးကားပေါ်တက်ရန်ဟန်ပြင်နေသော ခြေလှမ်းများယိုင်သွားသည်။

”အာ sorry aban”

မိမိနောက်မှ တွန်းလိုက်သော မလေးကောင်လေးကို ကျော်ကျော်ဘုကြည့် ဖြစ်ကြည့်လိုက်သည်။
“မင်းတို့တွန်းတာ ကြည့်လုပ်ကြ ဘေးကလူတွေကို အားနာစရာဖြစ်ကုန်ပြီး”
ထိုကောင်လေးကတော့ သူ့၏ဘော်ဒါများကို အပြစ်တင်သံဖြစ်ပြောကာ တောင်ပန်သွားသည်။
ကျော်ကျော်မှာတော့ မခံချင်မခံသာရှိနေခဲ့သည်။ အော်..မိမိနိုင်ငံမဟုတ်သည့် မလေးနိုင်ငံတွင် အလုပ်လုပ်ရန်ရောက်လာသောကျော်ကျော် ကတော့သည်းခံရင်း ဖြစ်ဘာတတ်နိုင်မည်နည်း။ မလေးနိုင်ငံသို့မထွက်လာခင်တုန်းကတော့ လူကြီးသူမ များပြောခဲ့သောစကားကိုကြားယောင်မိပြန်သည်။

“ကိုယ့်နိုင်ငံမှာမဟုတ်တဲ့နေရာမှာ သည်းခံပြီးနေနိုင်ရမယ့်ကွဲ့”
“ဟုတ်ကဲ့”
“ကိုယ်နိုင်ငံမှာ ကိုယ်က ကြက်ဖဖြစ်ပေမယ့် သူများနိုင်ငံရောက်ရင်တော့ ကြက်မလိုနေရမယ်”
“ဟင်...လူကနေပြီး ကြက်မလိုမျိုးနေရမယ်...နေချင်ပါဘူး သားက ဥမှမဥတတ်တာကိုး”
“တယ်လေ”
“ဟုတ်တယ်လေ ကြီးမေကလည်း ကြက်မလိုနေရင် ဥနေရအုံးမယ်”
“ဟဲ့ ...စကားအဖြစ်ပြောတာ ငါတီးလိုက်ရ”

သြော်ခုတော့ ကျော်ကျော် ကြက်မကြီးလို ကတော်ကတော် နဲ့ဥရတော့မယ်နဲ့တူသည်။ မိမိကိုလာတိုက်သော ထိုအုပ်စုကတော့ ကားပေါ်တက်ကာသွားတော့သည်။
ကားပေါ်ရာက်တော့ ကျော်ကျော် လှုပ်ချင်ကိုင်ချင်စိတ်မရှိတော့ စိတ်ဓတ်တွေလည်း ဘုံဘုံကျနေပြီး၊ ထိုကြောင့် နောက်ဆုံးကားလက်မှတ်ရသည့် နှင့် ထိုင်စောင့်နေပါတော့သည်။
လုပ်ရက်တယ် နှင်းနွဲ့ရယ် နင်ငါ့ကိုရက်စက်တယ်လို့တော့ မပြောချင်ပါဘူး ငါ့ကံကြမ္မာ ကိုက မလှပတာပါ၊

ဝေး....၀ါး....ဟေး....
စိတ်ညစ်နေသောအချိန်တွင် ကားပေါ်သို့တက်လာသော မလေးနိုင်ငံသား ကျော်ကျော်နှင့်ရွယ်တူလောက်ရှိသည့်ကလေး တွေကြောင့် လွမ်းသည့်ဒဏ် လေးပင်လွင့်ထွက်သွားတော့သည်။ ထိုလူရွယ်များ၏အခြေအနေကို အကဲခတ်လိုက်လျှင် ပိုက်စံရှိသားသမီးများ ဖြစ်မည်ဆိုသည်ကို သိသာလွန်းလှပါသည်။ တစ်ခြားသောအခြေအနေများတွင် ကျော်ကျော်တစ်ယောက် ဘယ်လိုမှမဖြစ်ပေမယ့် ယခုသောအချိန်များတွင် ထပေါက်ကွဲပစ်လိုက်ချင်သည်။ လူရွယ်များကလည်း ၉ယောက်လောက် ရှိမည်ထင်သည်။ မိမိဘေးသို့လူရွယ်က ပစ်ထိုင်လိုက်သောကြောင့် ကျော်ကျော်ပင် စိတ်ရှုပ်သွားသည်။ သွားပြီး ဒီညခရီးတော့ သူကောင်းကောင်း နှိပ်စက်ခံရတော့မည်။
သူတို့အဖွဲ့များကလည်း ပျော်ရွှင်နေကြသည်မှာ ဘေးလူများကို ဂရုမစိုက်ချေ။ ကားစထွက်တော့ ည ၉နာရီကျော်ချေပြီး၊ ကေအန်(လ်) ကိုရောက်မည့်အချိန်က မနက်မိုးလင်းမှဖြစ်တော့မည်သာ။ ကျော်ကျော်လည်း မျက်လုံးကိုဇွတ်မှိတ်ထားရင် စိတ်က နေ့လည်က အဖြစ်ကိုပြန်မြင်ယောင်သွားသည်။
မျက်ဝန်းထဲမှ မျက်ရည်ကြည်တစ်စကို သုတ်လိုက်ပြီး၊ မကျသည့်ဘူးဟုလို့ တင်းထားတဲ့ကြားကပင် ဆုံးရှုံးလိုက်ရတဲ့ အသိတစ်ခု အရှုံးသမား ဘ၀ကိုမျက်ရည်တစ်စ နဲ့အဆုံးသတ်ပြီး ပါသွားစေချင်သည်။

အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် Tempat cerita menjadi hidup. Temukan sekarang