“ အချစ်သည် တစ်ခါတစ်ရံ လမ်းမှားတတ်သည် ”
----------------- (အပိုင်း - ၂) --------------------------
ဟယ်ရီကိုဘယ်လိုပင်ချော့မေးမေး ဘာမှထွက်မလာတော့၊ မျက်ရည်များသာကျနေသည်။ ကြောက်တယ် ဆိုသည့် စကားတစ်ခွန်း နှစ်ခွန်းသာထွက်လာတော့သည်။
တစ်နာရီကျော်ကျော် လောက်ကြာတော့ ဒမြအဖွဲ့များ သူတို့အားလုံးကိုခေါ်ထုတ်သွားကြသည်။ ဖာ့ဇလီ ကတော့ ဘယ်ရောက်နေသည်မသိ၊ အပြင်ကို မထွက်ခင် မျက်နာများကို အ၀တ်များဖြင့်အုပ်ကာခေါ်သွားတော့သည်။******
အုန်း........
ကျော်ကျော် ၏မျက်နာဖုန်းကို ချွတ်ပေးပြီး နောက်ကျော ကို ဆောက် တွန်းခြင်းကိုခံလိုက်ရ၍ ရှေ့သို့ဟပ်ထိုးလဲကြသွားတော့သည်။ ကျော်ကျော် ကြောက်လန့်တကြား ဘေးပတ်ဝန်ကျင်ကိုကြည့်လိုက်တော့ သံတိုင်များဖြင့် ပြုလုပ်ထားသော် အချုပ်ခန်း အသေးစားထဲတွင်ရောက်လို့နေသည်။ အချုပ်ခန်းက ဆီးအုန်းတောထဲမှာ ခုမှ ဆောက်လုပ်ထားသည့်ပုံစံ ပေါက်နေပါသည်။ ကျော်ကျော် တစ်ယောက်တည်းပါ၊ ကျန်သည့်လူများတော့ ဘယ်ရောက်ကုန်ပြီးလည်းမသိတော့၊ အရင်အချိန် တုန်းက ဘာတွေဖြစ်ဖြစ် ဘေးမှာအဖေါ်ရှိသေးတော့ သူ့အနေနဲ့ အားရှိပါသေးသည်။ ခုတော့တစ်ယောက်မှမတွေ့ပါ၊ အပြင်မှာတော့ ဒမြအဖွဲ့များ ဟိုးဒီသွားလာနေတာတော့ မြင်တွေ့နေရသည်။ သူ့အချုပ်ခန်းနှင့် ခပ်လှမ်းလှမ်းရှိ ကိုက် ၁၀၀ လောက်တွင်တော့ ပြင်းထောင်အိမ်ကြီး ရှိနေပါသည်။ အိမ်ကြီးကရှေးဟန်ပုံစံဖြင့် ခိုင်ခိုင်ထည်ထည်ဆောက်လုပ်ထားသည့်ပုံစံပါပဲ။ ကျော်ကျော် ရင်ထဲမှာ အားငယ်စိတ်တွေက ကြီးစိုးလာတော့သည်။ အိမ်ကိုလည်းလွမ်းလာသည်။ အမေ အဖေ နှင့်ကြီးမေ တို့ကို သတိရလွမ်းလာသည်။ မျက်ရည်များလည်း ကျလာပါတော့သည်။****
ကျော်ကျော် လွမ်းသည့်စိတ်နှင့် စိတ်ဓါတ်ကျမှု့ပေါင်းပြီး ဘယ်အချိန်အိပ်ပျော်သွားသည်မသိချေ၊ မိမိဘေးသို့လူတစ်ယောက်လာထိုင်တော့ မှနှိုးလာကာ ထကြည့်လိုက်မိသည်။
“ဟာ ..ဖားဇလီး..မင်းဘာမှမဖြစ်ဘူးနော်”
“အင်း ငါကတော့ဘာမှမဖြစ်ဘူး”
“ဒါဆို...”
“ဟုတ်တယ် ဂျက်ကိုတော့ ပြန်လွှတ်လိုက်ပြီး ဟယ်ရီကိုလည်း ဆေးရုံးပို့လိုက်ပြီးထင်တယ်”
“မင်းစိတ်အားငယ်နေတာလား သူတို့ ကရောဘာဖြစ်လို့လည်း”
“အင်း ဂျက်ကိုသူတို့ပြောတဲ့အတိုင်း ငွေနဲ့လဲလိုက်တယ် ပြီးတော့ ဟယ်ရီ ကိုလည်းလွှတ်လိုက်တယ်”
“မင်းကြတော့ရော”
“ငါကသေလူလေ”
“ဟာ..မဟုတ်တာ”
“ဟုတ်တယ် သူတို့တောင်းဆိုတာက ငါ့အဘိုးကိုပဲ သမ္မတရာထူးက ထွက်ခိုင်း တယ်လေ”
“ဘယ်လို”
“ဟုတ်တယ် နိုင်ငံတော် တစ်ခုလုံးအတွက် နဲ့ ယှဉ်ရင် ငါ့အသက်က ဘာဖြစ်မှာလည်းကြောင်ကြောင်ရာ”
“မဟုတ်သေးပါဘူး”
“အင်း..ငါလည်းအဲလောက်တန်းဘိုးရှိမှန်း ငါ့ကိုယ်ငါတောင်မသိဘူးသိလား”
ဖာ့ဇလီ မျက်ရည်များကျလာတော့သည်။ ဖာ့ဇလီ ကိုကျော်ကျော် ဖက်ကာနှစ်သိမ့်လိုက်မိသည်။
“အားမငယ်ပါနဲ့ကွာ မင်းဘေးမှာငါရှိသေးတာပဲ”
“မင်းကိုလည်း မနက်ဖြန်ဆိုပြန်လွှတ်ကြတော့မယ် ငါတောင်းဆိုထားတာပါ”
“ဘယ်လို”
“ဟုတ်တယ် ကြောင်ကြောင် ငါ့ကြောင့်တော့ နောက်ထက်လူအသက်မသေစေချင်ဘူးလေ”
“မင်းပြောတာတွေငါနားမလည်ဘူး သေခြားရှင်းပြပါလား”
“ဟယ်ရီဘာကြောင့် ကြောက်သွားတာလည်း သိလား”
ကျော်ကျော် ခေါင်းခါးပြလိုက်သည်။
“ဟင့်အင်း”
“သူ့ကိုဖုန်းဆက်ခိုင်းတဲ့အချိန်မှာ ဟယ်ရီကို ဗွီဒီယိုပါရိုက်ထားတယ် အဲ့ဒီအချိန်မှာ တိုက်ရိုက် သူတို့ လူကြီးတွေနဲ့ (၀န်ကြီး) စကားပြောကြတယ် သူတို့တောင်းဆိုတာမပေးရင်း အားလုံးကိုသတ်ပစ်မယ်လို့ ချိမ်းခြောက်ကြတယ် စံနမူနာအနေနဲ့ ပဲ ငါတို့နဲ့တူတူ ဖမ်းလာတဲ့ နှစ်ယောက်ထဲ ကတစ်ယောက် ကိုသေနတ်နဲ့နှထင်ကိုပစ်ပြီးသတ်လိုက်တယ်လေ”
“ဟင်”
”အဲဒီလိုလုပ်ပြီး ငါ့ကိုမြင်ချင်တယ် ဆိုတဲ့ငါ့အဘိုးကြောင့် ငါ့ကိုခေါ်ထုတ်သွားတဲ့အချိန်မှာပဲ မင်းတို့ကိုလည်း စခန်းပြောင်းလိုက်ကြတယ်လေ၊ သူတို့ကလူလည်တွေပဲ သိတာပေါ့ ကွာငါ့တို့အဘိုးဘက် ရဲတွေလိုက်လာမယ်ဆိုတာကိုလေ”
“အော်..ဒါကြောင့်သူတို့နေရာရွေ့လိုက်ကြတာကိုး”
“အင်း ငါ့ကိုပြပြီးတောင်းဆိုနေတဲ့အရာက မဖြစ်နိုင်တာကို သူတို့တောင်းဆိုလိုက်ကြတယ် အချိန်မပေးဘူးတဲ့ နောက်နေ့မနက်မှာပဲ လိုချင်တယ်တဲ့လေ ဒါမျိုးဆိုတာဖြစ်နိုင်ပါ့မလား ကြောင်ကြောင်ရယ် ငါလည်း ငါ့ကြောင့်မင်းတစ်ခုခုမဖြစ်စေဘို့တောင်းဆိုခဲ့ရတယ် မင်းကိုပြန်လွှတ်ပေးဘို့ပေါ့ မဖြစ်နိုင်ဘူးလို့ တော့မဟုတ်ဘူးပေါ့ လက်လှမ်းမှီရာလေး လုပ်ကြည့်တာပါ”
သူစိတ်တွေပျက်သွားတော့သည်။ ကျော်ကျော် ဘာလုပ်ရမည်နည်း။
“ကျေးဇူးတင်ပါတယ်ကွာ”
“ရပါတယ် မင်းကိုနောက်ဆုံးအနေနဲ့သူငယ်ချင်း အဖြစ်ခင်လိုက်ရလို့ငါဝမ်းသာပါတယ်”
“မဟုတ်တာကွာ နောက်ဆုံးလို့တော့မပြောပါနဲ့”
ဖာ့ဇလီ ခပ်ယဲ့ယဲ့လေးပြုံးလိုက်သည်။
”ခဏနေရင်ငါ့ကိုပြန်ခေါ်သွားတော့မှာ”
“ဘယ်ကိုခေါ်သွားမှာလည်း”
“ဟိုးအိမ်ကြီးထဲကိုပေါ့”
“ဟင်”
“ဟုတ်တယ် ငါမင်းနဲ့တွေ့ချင်လို့ ခဏလာတာ အချိန် တစ်နာရီလောက်ပဲရမယ်ကြောင်ကြောင်”
“ငါ့ကိုဘာလို့ခွဲထားတာလဲ”
ဖာ့ဇလီ ပြန်မဖြေပါ သူ့မျက်ဝန်းများကတော့ အားမရှိတော့သည့်ကလေးငယ်လိုပင် ဖြစ်နေတော့သည်။