" အား !!!!! "
" ဟာ ~~ ဘာလဲကွာ ~~ မနက်စောစောစီးစီး
အိပ်ရေးပျက်အောင် ~~ ဘယ်အကောင်အော်
နေတာလဲ ??!!!! "" ကင်ဂျုံ အင် !!! "
" အိုဆယ် ဟွန်း !!! "
~~~~~~~
ဆူပုတ်ပြီး မဲညစ်နေသော မျက်နှာထားနှင့်
တစ်ယောက်နှင့် တစ်ယောက် ပြာကျမတက်
အကြည့်များက ငြိမ်းချမ်းရေးမရှိသည့်
စစ်မြေပြင်တွင် ရာဇမာန်ထန်ထန် စစ်သူကြီး
နှစ်ဦးအလား ~~" ဒီကိစ္စကို မင်းနှုတ်လုံပါစေ "
" အပြောကောင်းလိုက်တာ ~~ ကျော်မကောင်း
ကြားမကောင်းကိစ္စကြီးကို ငါက လိုက်ပြောနေ
ရအောင် $ ရူးလား ~~ မင်းသာ
ကတိတည်ရမှာ "" ရော ~~ လက်မှတ်ထိုး "
" နောက်နေ့တွေလည်း ငါတို့က
သူစိမ်းတွေဘဲဆိုတာ မှတ်ထားပါ
အိုဆယ်ဟွန်း "" ငါတို့ မျက်နှာချင်းတောင် မဆိုင်ဖြစ်ရင်
ပိုကောင်းမယ် ကင် ဂျူံ အင် "ဤသိုဖြင့်
အိုဆယ်ဟွန်းနှင့် ကင် ဂျူံ အင်တို့ ကြားတွင်
လူမသိသူမသိ လျို ဝှက် ကတိတစ်ခု ရှိခဲ့သတဲ့ ~~~~~~~~~
ခပ်ဆွေ့ဆွေ့နှင့် မဆဲနိုင်တော့သော မိုးကို
စိတ်ပျက်လက်ပျက် ကျိန်ဆဲမိတော့
မဲမှောင်နေသော ကောင်းကင်တစ်ခွင်က
ပိုလို့ပင် ညိုမှိုင်းသွားလေသည်" Oh ~~ Shit !! သေမလို့ မတိတ်နိုင်သေး
တာလား "အပြည့်အဝကာကွယ်မပေးနိုင်သော
အမိုးအောက်တွင် ပေတေပြီး ရပ်နေသည့်
အကျိုးဆက်ကြောင့် ညှစ်ချ လျှင်တောင်
ရေတစ်ပုံးနီးပါးမက ရနိုင်မည့် ကိုယ်တွင်
ကပ်နေသော ရေစိုအဝတ်များက အင်မတိ
အင်မတန်မှ ကသိကအောင့်နိုင်လှသည်" အို ဆယ် ဟွန်း ~~ ခဏနေဦး "
" ဘာတုန်း "
ကုတ်မှောင်နေသော မျက်နှာပေးက
အကောင်းမြင်ချင်စရာတစ်စက်မှ မရှိသော်လည်း
ကိုယ်က အကူအညီတောင်းရမည်သူ
ဆိုတော့ ကြည့်ရသည် ကြည့်မရသည်ကို
ခဏဘေးချိတ်၍ ခပ်တည်တည်နှင့်
ထိုသကောင့်သားအား လှမ်းခေါ်မိတော့
မိန်းကလေးအကြိုက် ပန်းနုရောင်
ထီးလှလှလေးကထိုစုတ်ချွန်းချွန်းအကောင်နှင့် တွဲမြင်ရသည်က
ဘယ်လိုမှ စိတ်မသက်သာ ~~" ငါလည်း လိုက်မယ် ~~ ကားဂိတ်ထိ
လိုက်ပို့ "" သေလေ ~~ ကိုယ့်ဟာကို
မိုးအစိုခံပြီးသွား "" ရား ~~ လူလူချင်း ~~ ကူညီမှုရှိရတယ်ကွ
စိတ်ကောင်းကောင်း ထားစမ်းပါ
အိုဆယ်ဟွန်း ရာ ~~ "" အရူးက တစ်မူးသာနေသေးတယ် ~~
မင်းသာ လူစကားပြောစမ်း "ထိုသို့ထိုသို့ ချိုချို သာသာ စကားလှလှများနှင့်အတူ
စကားရည်လုကြပြီးနောက် တစ်ယောက်တောင်
အနိုင်နိုင် ဆောင်းရသည့် ထီးတစ်ချောင်းအောက်
တွင် သူမစိုရေး ငါမစိုရေး အငြင်းပွားရင်း
အိမ်ပြန်လမ်းအား မရည်ရွယ်ဘဲ အဖော်ပြု
ကြလေသည်~~~~~~~~~~
ပထမဆုံး Sekai လေးပါ
ကျနော့်ရဲ့ Precious OTP လေးတစ်ခု
စိတ်ကူးထဲ ဝင်လာတဲ့ Plot လေးမို့
ရေးလိုက်မိတာကျနော့် Fic တော်တော်များများက
အေးတယ် ပျင်းစရာကောင်းတယ်
အခြားသူတွေလိုမျိုး ဘာဆွဲဆောင်မှုမှမရှိဘူးခက်တာက အဲ့ဒါ ကျနော့် Type ဆို
တော့လည်း ဒီပုံစံဘဲ ထွက်လာမှာပါဟီး 😁😁
ချိုမှာလည်း မဟုတ်သလို
အခါးတွေချည်းလည်း မပါပါဘူးချစ်ယူ
YOU ARE READING
|| Been Through ||
Fanfictionလျို့ဝှက်ချက်တစ်ခုအား ဖုံးကွယ်ထားရန် နှစ်ဦးသဘောတူထားသော်လည်း အခြေအနေ တစ်ခုကြောင့် လူသိရှင်ကြားဖြစ်သွားလေသောအခါ ~~ ကင် ဂျူံ အင် × အိုဆယ်ဟွန်း