Let Be Stranger

3.9K 446 8
                                    

မ​နေ့က ဂိမ်းအ​ဆော့များပြီး အိပ်​​ရေးပျက်
ထားသည့်​အရှိန်​​ကြောင့်​ မနက်​​စော​စော
အတန်းချိန်​များတွင်​ ​​ခေါင်း​ထောင်​၍ မရ​အောင်
အိပ်​ငိုက်​​နေပြီး ​နေ့လည်​ Break Time တွင်
ဗိုက်​ဖြည့်​ရန်​ မစဉ်းစား​တော့ဘဲ စာ​ရေးခုံ​ပေါ်
ခေါင်း​မှောက်​ကာ အိပ်​ချလိုက်​သည်

" ဂျုံ အင်​ ~~ ထဦး ~~ "

" ဘာတုန်း ~~ ငါအိပ်​ချင်​တယ်​ ~~
လာမနှိုးနဲ့ ~ "

" တစ်​ခုခု မစား​တော့ဘူးလား ~~
မ​နေ့တည်းက ​ခေါက်​ဆွဲပြုတ်​တစ်​ဘူး
တည်းနဲ့ ~~ ကိုယ့်​ကိုကိုယ်​ နတ်​ဘုရား
များ ထင်​​နေလား "

လူကိုလည်း အတင်းလှုပ်​နှိုး ​ဘေးနားက​နေပါ
ပေါက်​​ပေါက်​​ဖောက်​​နေသည့်​ သ​ကောင့်
သားတို့​ကြောင့်​ ဖွင့်​မရ​သော မျက်​လုံးတစ်​စုံ
ဖြင့်​ ​မော့​ကြည့်​လိုက်​သည်

" အ !! ​အေးတယ်​ "

" ​ကောင်းတယ်​ ~~ အဲ့ဒါမှ မျက်​လုံးပွင့်​မှာ "

ပါး​ပေါ်လာကပ်​​သော အ​အေးဘူးကို ဆွဲလုပြီး
ချက်​ချင်း​ဖောက်​​သောက်​ပစ်​လိုက်​​တော့
ခုဏကထက်​ ကျယ်​လာ​သော မျက်​လုံးနှင့်
အနည်းငယ်​ ပြယ်​သွား​သော အိပ်​ချင်စိတ်​က
ဗိုက်​ဆာခြင်းကို သတိပြုမိသွားသည်

" ​ဗိုက်​ဆာပြီမဟုတ်​လား ~~
ရော့ "

ခုံ​ပေါ်တင်​လိုက်​​သော အိတ်​ကြီးအိတ်​ငယ်​နှင့်
အစားအစာ​ပေါင်းစုံက ဂျုံ အင်​ တစ်​​ယောက်
တည်းစားမှာလား သူတို့မြိုမှာကို
တမင် ​လူကို ​ခေါင်းစဉ်​တပ်​ပြီး ဝယ်​လာသလား
မသိ ~~

" ငါ့အတွက်​လား ~~ မင်းတို့မြိုမလို့လား "

" ချစ်​သူငယ်​ချင်းကြီးကလည် အတူတူ
ဝေစား မျှစား​လေကွာ "

သွားဆယ်​နှစ်​​ချောင်း​ပေါ်​အောင်​ ဖြဲပြ​နေ​သော
သူငယ်​ချင်းတစ်​စုအား စိတ်​ကုန်​လာ၍
ဖက်​ရန်​မဖြစ်​​တော့ဘူး အိတ်​​တွေကိုသာ
လှန်​​လောပြီး ​တွေ့ရာနှင့်​ ​ဗိုက်​ဖြည့်​လိုက်​သည်

|| Been Through ||Tempat cerita menjadi hidup. Temukan sekarang