Let Be Real

3.9K 428 4
                                    

" ငါနဲ့ ဂျုံ အင်​ တွဲ​နေကြပြီ ~~"

နေ့လည်ထ​မင်းစားချိန်​တွင်​ အငတ်​ကျ​နေကြ
သော သူငယ်​ချင်းတစ်​စုအား ~~ ဆိုင်းမဆင့်
ဗုံမဆင့်​ ​ပြောကြလိုက်​​သော ဆယ်​ဟွန်း
စကား​ကြောင့်​ ဟန်​​ယောင်း ဂျုံ အင်​ကို
Propose လုပ်​​သော အ​ကြောင်းထက်
ပို၍ပင်​ ~~ အံ့သြ​နေကြ​​လေသည်​ ~~

" တကယ်​လား .. ဂျုံ အင်​ .. "

ဟန်​​ယောင်း၏ ~~ ပြို​တော့မ​ယောင်
မျက်​နှာထားနှင့်​ ​ကြွေကွဲ​နေဟန်​​ကြောင့်​ ~~
ဂျုံ အင်​ သူငယ်​ချင်းဖြစ်​သူအ​ပေါ် အားနာ
မိ​သော်​လည်း ~~ ဆယ်​ဟွန်းနှင့်
အပျင်း​ပြေကစားမည့်​ ထိုပွဲကို ဘယ်​လို
နည်းနှင့်​မှ လက်​လွှတ်​မခံချင်​ ~~

" ငါ မင်းကို မချစ်​နိုင်​ဘူးလို့
အရင်​ထဲက ~~ ငြင်းထားပြီးသားဘဲ ~~
အဲ့​တော့ မင်းနားလည်​​ပေး "

မျက်​ရည်​ကြည်​များဝိုင်းကာ
နီရဲတက်​လာသည့်​ မျက်​ဝန်းတစ်​စုံထဲ
နာကျင်​မှုအချို့အား ရိပ်​ဖမ်းလိုက်​မိ​သော်​လည်း
ဂျုံ အင်​ သည်​ အချစ်​ဟူ​သော အရာအား
လုံးဝမသိသူ နားမလည်​သူ ဖြစ်​သည်

ထို့​ကြောင့်​လည်း ~~
ချစ်​ခွင့်​ပန်​ထား​သော ဟန်​​ယောင်း​ရှေ့
ဆယ်​ဟွန်းနှင့်​ ~~ တွဲ​နေ​ကြောင်း
ခေါင်းငြိမ့်​ရဲသည်​ထင်​ ~~

" ​ကောင်းပြီ​လေ ~~ စမ်းကြည့်​ကြ​ပေါ့
ဘာဖြစ်​လာမလဲဆိုတာ "

ပြော​ပြောဆိုဆိုနှင့်​ ~~ ထထွက်​သွား​သော
ဟန်​​ယောင်းအား တစ်​ချက်​​လေး​တောင်
လှည့်​မကြည်​ဘဲ စားစရာ ရှိတာသာ
ဆက်​စား​နေသည့်​ ~~ ဂျုံ အင်​ ကို
ဆယ်​ဟွန်း ထူးထူးခြားခြား​တော့
မအံ့သြမိ ~~

ဂျုံ အင်​ က ဆယ်​ဟွန်းလို လာ​ပြောသမျှ
လူတိုင်းအား ~~ အားနာပါးနာနှင့်
ပြန်​တွဲတက်​သူမျိုးမဟုတ်​ ~~ သူသ​ဘော
မကျဘူးဆိုလျှင်​ လှည့်​​တောင်​မကြည့်​ ~~

ထို့​ကြောင့်​လည်း ~​~ သူငယ်​ချင်း
အရင်း​ခေါက်​​ခေါက်​၏ အသည်းကွဲမှုကို
အ​တွေးထဲ​တောင်​ ~~ ရှိပုံမရ

|| Been Through ||Donde viven las historias. Descúbrelo ahora