The Secret Agreement

10.1K 553 6
                                    

" အား !!!!! "

" ဟာ ~~ ဘာလဲကွာ ~~ မနက်​​စော​စောစီးစီး
အိပ်​​ရေးပျက်​​အောင်​ ~~ ဘယ်​အ​ကောင်​​အော်
နေတာလဲ ??!!!! "

" ကင်​ဂျုံ အင်​ !!! "

" အိုဆယ်​ ဟွန်း !!! "

~~~~~~~

ဆူပုတ်​ပြီး မဲညစ်​​နေ​သော မျက်​နှာထားနှင့်
တစ်​​ယောက်​နှင့်​ တစ်​​ယောက်​ ပြာကျမတက်
အကြည့်​များက ငြိမ်းချမ်း​ရေးမရှိသည့်
စစ်​​မြေပြင်​တွင်​ ရာဇမာန်​ထန်​ထန်​ စစ်​သူကြီး
နှစ်​ဦးအလား ~~

" ဒီကိစ္စကို မင်းနှုတ်​လုံပါ​စေ "

" အ​ပြော​ကောင်းလိုက်​တာ ~~ ​ကျော်​မ​ကောင်း
ကြားမ​ကောင်းကိစ္စကြီးကို ငါက လိုက်​​ပြော​နေ
ရ​အောင်​ $ ရူးလား ~~ မင်းသာ
ကတိတည်​ရမှာ "

" ​ရော ~~ လက်​မှတ်​ထိုး "

" ​​နောက်​​နေ့​တွေလည်း ငါတို့က
သူစိမ်း​တွေဘဲဆိုတာ မှတ်​ထားပါ
အိုဆယ်​ဟွန်း "

" ငါတို့ မျက်​နှာချင်း​တောင်​ မဆိုင်​ဖြစ်​ရင်
ပို​ကောင်းမယ်​ ကင်​ ဂျူံ အင်​ "

ဤသိုဖြင့်
အိုဆယ်​ဟွန်းနှင့်​ ကင်​ ဂျူံ အင်​တို့ ကြားတွင်
လူမသိသူမသိ လျို ဝှက်​ ကတိတစ်​ခု ရှိခဲ့သတဲ့ ~~

~~~~~~~

ခပ်​​ဆွေ့​ဆွေ့နှင့် ​​မဆဲနိုင်​​တော့​သော မိုးကို
စိတ်​ပျက်​လက်​ပျက်​ ကျိန်​ဆဲမိ​တော့
မဲ​မှောင်​​နေ​သော ​ကောင်းကင်​တစ်​ခွင်​က
ပိုလို့ပင်​ ညိုမှိုင်းသွား​လေသည်

" Oh ~~ Shit !! ​သေမလို့ မတိတ်​နိုင်​​သေး
တာလား "

အပြည့်​အဝကာကွယ်​မ​ပေးနိုင်​​သော
အမိုး​အောက်​တွင်​ ​ပေ​တေပြီး ရပ်​​နေသည့်
အကျိုးဆက်​​ကြောင့်​ ​ညှစ်​ချ လျှင်​​တောင်
ရေတစ်​ပုံးနီးပါးမက ရနိုင်​မည့်​ ကိုယ်​တွင်
ကပ်​​နေ​သော ​ရေစိုအဝတ်​များက အင်​မတိ
အင်​မတန်​မှ ကသိက​အောင့်​နိုင်​လှသည်

" အို ဆယ်​ ဟွန်း ~~ ခဏ​နေဦး "

" ဘာတုန်း "

ကုတ်​​မှောင်​​နေ​သော မျက်​နှာ​ပေးက
အ​ကောင်းမြင်​ချင်​စရာတစ်​စက်​မှ မရှိ​သော်​လည်း
ကိုယ်​က အကူအညီ​တောင်းရမည်​သူ
ဆို​တော့ ကြည့်​ရသည်​ ကြည့်​မရသည်​ကို
ခဏ​ဘေးချိတ်​၍ ခပ်​တည်​တည်​နှင့်
ထိုသ​ကောင့်​သားအား လှမ်း​ခေါ်မိ​တော့
မိန်းက​လေးအကြိုက်​ ပန်းနု​ရောင်
ထီးလှလှ​လေးက

ထိုစုတ်​ချွန်းချွန်းအ​ကောင်​နှင့်​ တွဲမြင်​ရသည်​က
ဘယ်​လိုမှ စိတ်​မသက်​သာ ~~

" ငါလည်း လိုက်​မယ်​ ~~ ကားဂိတ်​ထိ
လိုက်​ပို့ "

" ​သေ​လေ ~~ ကိုယ့်​ဟာကို
မိုးအစိုခံပြီးသွား "

" ရား ~~ လူလူချင်း ~~ ကူညီမှုရှိရတယ်​ကွ
စိတ်​​ကောင်း​ကောင်း ထားစမ်းပါ
အိုဆယ်​ဟွန်း ရာ ~~ "

" အရူးက တစ်​မူးသာ​နေ​သေးတယ်​ ~~
မင်းသာ လူစကား​ပြောစမ်း "

ထိုသို့ထိုသို့ ချိုချို သာသာ စကားလှလှများနှင့်​အတူ
စကားရည်​လု​ကြပြီး​နောက်​ တစ်​​ယောက်​​တောင်
အနိုင်​နိုင်​ ​ဆောင်းရသည့်​ ထီးတစ်​​ချောင်း​အောက်
တွင်​ သူမစို​ရေး ငါမစို​ရေး အငြင်းပွားရင်း
အိမ်​ပြန်​လမ်းအား မရည်​ရွယ်​ဘဲ အ​ဖော်​ပြု
ကြ​လေသည်


~~~~~~~~~~

ပထမဆုံး Sekai ​လေးပါ
ကျ​နော့်​ရဲ့ Precious OTP ​လေးတစ်​ခု
စိတ်​ကူးထဲ ဝင်​လာတဲ့ Plot ​လေးမို့
ရေးလိုက်​မိတာ

ကျ​နော့်​ Fic ​တော်​​တော်​များများက
အေးတယ်​ ပျင်းစရာ​ကောင်းတယ်
အခြားသူ​တွေလိုမျိုး ဘာဆွဲ​ဆောင်​မှုမှမရှိဘူး

ခက်​တာက အဲ့ဒါ ကျ​နော့်​ Type ဆို
တော့လည်း ဒီပုံစံဘဲ ထွက်​လာမှာပါ

ဟီး 😁😁
ချိုမှာလည်း မဟုတ်​သလို
အခါး​တွေချည်းလည်း မပါပါဘူး

ချစ်​ယူ

|| Been Through ||Donde viven las historias. Descúbrelo ahora