Under The Cold Rain

5.8K 555 0
                                    

" အို ဆယ်​ ဟွန်း "

" ...... "

" အို ဆယ်​ ဟွန်း ! "

" ...... "

" အို ဆယ်​ ဟွန်း ~~ လဒ​ကောင်​ !! "

စွတ်​စွတ်​ရွတ်​ရွတ်​ နားကြပ်​တစ်​ဖက်​အား
လာဆွဲဖြုတ်​​သော သ​ကောင့်​သားအား
ဤ ​နေရာတွင်​ ရိုက်​သတ်​ချင်​ပါ​သော်​လည်း
ဒေါသနှင့်​ယှဉ်​လျှင်​ မိမိဘဲ နစ်​နာမည်​ဖြစ်
သော​ကြောင့်​ ​ပေ​စောင်း​စောင်း​ကြည့်​​နေ​သော
ကင်​ ဂျုံ အင်​ အား ဘာလဲဟု ​မေးဆပ်​ပြ
တော့ ပွစိခက်​​နေသည့်​ သူ့ဆံပင်​ ကို
ထိုးပြ​လေသည်

" ဘာဖြစ်​လဲ "

" မင်းလုပ်​လို့ ​ဆေးအ​ရောင်​​တွေ ချွတ်​ကုန်
ပြီကွ "

သူ​လက်​ညိုးထိုးပြရာ ​နေရာကို လိုက်​ကြည့်​မိ​တော့
ဂုတ်​သားတစ်​​လျှောက်​ စီးကျ​နေ​သော ​ရေစက်
များက ပန်း​ရောင်​ဖြစ်​​နေ​လေသည်

" ခွီး ~~ မင်း အ​ပေါစား ကြီးဆိုးထား
တာကိုး ~~ "

" ​​အဲ့ဒါမင်း​ကြောင့်​ "

" ဘာမှမဆိုင်​ဘူး ကင်​ ဂျုံ အင်​ ~~ ကိုယ့်​ဟာ
ကိုယ်​ အင်​မိလာပြီး ~~ တရားခံလာမရှာနဲ့ "

မဆီမဆိုင်​ ပြသာနာလာရှာ​နေသဖြင့်
စိတ်​တိုတိုနှင့်​ ပိတ်​​ပြောလိုက်​​တော့
ငြိမ်​ကျသွား​သော ကင်​ ဂျုံ အင်​ သည်
မ​နောကံနှင့်​ ဆယ်​ဟွန်း အား ကျိန်​ဆဲ​နေ
သလားမသိ ~~

" မနက်​ဖြန်​ ဖွားက မင်းနဲ့အတူ
လာခဲ့ပါတဲ့ "

" အမ်​ ~~ ဖွားက ~~ ဘာလဲ ~~
ငါတို့နှစ်​​ယောက်​ လက်​ထပ်​ဖို့ ကိစ္စ
အတွက်​​ကြောင့်​ လို့​တော့ မ​ပြောနဲ့ "

မျက်​လုံးပြူးမျက်​ဆံပြူး အသည်းအသန်
တုန်​လှုပ်​​နေ​သော ဆယ်​ ဟွန်း အား
ဂျုံ အင်​ တစ်​ချက်​ ကြည့်​လိုက်​ပြီး
သည်းကြီးမည်းကြီး ရွာချ​နေ​သည့်
မိုး​ရေ​အောက်​က ရှင်းလင်း​​နေဆဲ
ကားလမ်းမကြီး​ပေါ် ပြန်​အကြည့်​ ပို့လိုက်​သည်

" ​အေး "

အပိုအလို မရှိ တုံးတိ​သော အ​ဖြေကို
မကြားနိုင်​ဟန်​ဖြင့်​ ဆယ်​ဟွန်း တစ်​​ယောက်
သူ့ရင်​သူ ဖိကာ အကြီးအကျယ်​ ​ရှော့ရသွား
သလို ​ဖော်​ပြ​လေသည်

" အသက်​ငယ်​ငယ်​​လေးဘဲ ရှိ​သေးတဲ့
လူငယ်​​ယောကျာ်း​လေးနှစ်​​ယောက်​ကို
ဘာလို့များ အတင်း ​ပေးစားချင်​​နေကြလဲ
မသိ "

သက်​ပြင်းရှည်​တစ်​ခုကို ဆွဲချရင်း
သံ​ဝေဂရသည့်​ပုံမျိုးဖြင့်​ တရားသမားကဲ့သို့
ညည်းတွား​နေသည်​ကို မကြားရက်​နိုင်​သူ
ဂျုံ အင်​မှာ အခု​နေ နားထဲသာ ဂွမ်းစို့ထားရလျှင်
မည်​မျှ နားချမ်းသာလိုက်​မည်​နည်းဟု ​တွေး
တော​နေ​သည်

ဒရမ်​မာ ကား​တွေ ဇာတ်​လမ်း​တွေ ထဲကလို
ဆယ်​ဟွန်းနဲ့ ဂျုံ အင်​တို့သည်​ ဟိုးငယ်​ငယ်
လေးထဲက သ​ဘောတူထားတာမျိုးလည်း မဟုတ်

မိဘချင်းရင်းနှီးကြလို့ ​ရွှေလမ်း​​ငွေလမ်း
ဖောက်​ထားကြတာမျိုးလည်း မဟုတ်

မည်​သို့​​သော ​ရေစက်​ဆိုး​ကြောင့်​များ
ဤစုတ်​ချွန်းချွန်း​ကောင်​နှင့်​ ပတ်​သတ်
မိလဲ မသိ ~~

" ​သေချာတာက​တော့ ငါတို့နှစ်​​ယောက်
မဖြစ်​မ​နေ လက်​ထက်​ရမှာဘဲ "

သားလိမ္မာတစ်​​ယောက်​လို ရင့်​ကျက်​​နေသည့်
ပုံစံမျိုးဖြင့်​ မည်​သည့်​အပူအပင်​တစ်​စက်​က​လေး
မှမရှိသည့်​အတိုင်း ​သွေး​အေးပြ​နေပါ​သော
ချောကလက်​​ကောင်​သည်​ ဆယ်​ဟွန်း
အတွက်​ ​​ကောင်းမွန်​​သော ​ဆုံစည်းခြင်း
မျိုး​တော့ မဟုတ်​တန်​ရာ ~~

မိုးအ​မှောင်​​ရော ညအ​မှောင်​ပါ ​ရောယှက်
လာသည့်​ တစ်​ခု​သော ည​နေခင်းတွင်
လူ​ခြေရှင်း​သည့်​ ကားမှတ်​တိုင်​ကို
အမှီပြုကာ မိုးတိတ်​မည့်​အချိန်​ကို ​စောင့်​ရင်း
မသိမသာ အစချီလာ​သော ဇာတ်​လမ်းတစ်​ပုဒ်
တွင်​ အဓိကဇာတ်​​ကောင်​နှစ်​​ယောက်​မှာ
ကင်​ ဂျုံ အင်​ နှင့်​ အို ဆယ်​ ဟွန်း တို့
ဖြစ်​ကြသတဲ့

~~~~~~~~~~~~

အခုမှ ဇာတ်​လမ်းအစပျိုးတုန်း
အပိုင်းအများကြီးမရှိပါဘူး

နည်းနည်း​လေးနဲ့ ရိုးရိုး​လေးဘဲ​ရေးမှာ
ဘာမှစိတ်​ဝင်​စားစရာ ​​တော့ ရှိလိမ့်​မည်
မဟုတ်

အခု​နောက်​ပိုင်း ကိုယ့်​အ​ရေးအသားကိုယ်
တန်​ဖိုးထားလာလို့လားမသိ

Vote ​လေး 30 ​လောက်​ရရင်​ကို
အရမ်း​ပျော်​​နေတာ

ကျ​နော်​ ဘာ​ရေး​ရေးဖတ်​မဲ့ဆိုတဲ့သူ​လေး​တွေ
ရှိ​တော့ အားတက်​တာ​ပေါ့ 

ချစ်​တယ်​​နော်​ ❤❤

|| Been Through ||Where stories live. Discover now