V Day Special ❤

3.8K 447 47
                                    

" ကျ​တော်​ "

" လိုက်​ခဲ့ ဂျုံ အင်​ "

ဂျုံ အင်​ အ​ဖြေအား နားစွင့်​​နေကြသည့်​ လူကြီးများ
နှင့်​ ဆယ်​ဟွန်း အဖွားဖြစ်​သူ ကြားတွင်
အခက်​​တွေ့​နေစဉ်​ လက်​​ကောက်​ဝတ်​က ဆွဲကာ
ကား​ပေါ် အတင်းတက်​ခိုင်း၍ အိမ်​ဝန်းထဲက
အပြင်​သို့ ထွက်​လာ​သော ဆယ်​ဟွန်းအား
အလွန်​​ကျေးဇူးတင်​မိသည်​ ။

နှစ်​​ယောက်​သား .. တိတ်​ဆိတ်​စွာပင်​ ..
စကားမဟကြ ..

တစ်​နာရီသာသာ ​ရောက်​ရာ​ပေါက်​ရာ
မောင်းချသွားပြီး အနည်းငယ်​ လူရှင်း ​သော
နေရာ​ရောက်​မှ .. ဆယ်​ဟွန်း
ကားထိုးရပ်​လိုက်​သည်​ ။

" ဂျုံ အင်​ .. မင်းငါ့ကို မချစ်​ဘူးဆိုလည်း
ရတယ်​ .. ကွာရှင်းဖို့ ​ခေါင်းမငြိမ့်​လိုက်​ပါနဲ့
လား .. ငါ ဒီတစ်​ခုဘဲ ​တောင်းဆိုတာ​လေ ​နော်​ "

နီရဲတက်​လာသည့်​ မျက်​ဝန်းသားကို
အလန့်​တကြား ​ငေးကြည့်​​နေရင်းမှ
ထိုမျက်​ဝန်းမှ ကျလာ​သော မျက်​ရည်​များကို
မြင်​လိုက်​ရ​တော့ ဂျုံ အင်​သည်​လည်း
စိတ်​​တော့မ​ကောင်း ..

" အို ဆယ်​ ဟွန်း .. မင်း အရမ်း ..
ပြောင်းလဲ​နေတယ်​ .. "

" မင်းကို ချစ်​လို့ထင်​တယ်​ "

အခုတစ်​​လော .. သူ့ပါးစပ်​က .. ထိုစကားအား
ကြားရဖန်​များ​တော့ .. ယုံချင်​လာသလိုလို ..
ပြန်​ချစ်​ချင်​လာသလိုလို .. စိတ်​လှုပ်​ရှားမိ​နေ
သလိုလို ယင်း လိုလို ​ပေါင်းများစွာဖြင့်​ ..
သူ့စိတ်​ရင်းအမှန်​ဟုတ်​မဟုတ်​ စမ်းစစ်​​နေရ
လေသည်​ ။

အခုမှ .. ဂျုံ အင်​ အဖြစ်​က ..
ရည်းစားစကားအ​ပြောခံထားရတဲ့ .. အပျိုဖြန်းလို
ရင်​တစ်​လှပ်​လှပ်​ .. အထိပ်​ထိပ်​အလန့်​လန့်​နှင့်​ ..

စိတ်​ဆင်း​တွေလည်း ရဲပါသည်​ ။

" အိုဆယ်​ဟွန်းက .. မျက်​ရည်​ကျရ​လောက်
အောင်​အထိ .. ချစ်​ပြ​နေ​တော့ .. ငါ​တောင်
မာန်​တက်​ချင်​လာသလိုလို "

ပါးပြင်​​ပေါ်က​ရော .. မျက်​ခမ်းစပ်​က ..
မျက်​ရည်​များအား .. လက်​မဖြင့်​ .. ခပ်​ဖွဖွ
ဖယ်​​ပေးရင်း .. စ​သလို ​ပြောလိုက်​​တော့ ..
ဟက်​ ဆိုပြီး တစ်​ချက်​သာ ရယ်​သည်​ ။

|| Been Through ||Kde žijí příběhy. Začni objevovat