🌺1🌺

13.1K 747 46
                                    

°~°~°~°~°ငယ်°~°~°~°~°~

လူအချို့ကပြောကြတယ် အချစ်ဆိုတာ လွတ်လပ်
မှုရှိတယ် အချုပ်အနှောင်ကင်းမဲ့တယ့် နယ်ပယ်၁ခု~~~

အဲ့ဒီ သက်မှတ်ချက်က သိပ်ကိုမှားယွင်းနေတယ်
လို့ ကျွန်တော်ထင်မိတယ် ....

ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်အခုခံစားမိတယ့်
အချစ်က လွတ်လပ်မှုမရှိ ! အချုပ်အနှောင်တွေ
ထိန်းချုပ်မှုတွေ ပြည့်နက်နေတယ့် နယ်ပယ်၁ခုလို...

စံသက်မှတ်ချက်တွေ နဲ့ စည်းမျဉ်းတွေဟာ သူနဲ့
ကျွန်တော့်ကို ဝေးကွာစေတယ် ....

ကျွန်တော် သိပ်ချစ်တယ့် သူဟာ ကျွန်တော်နဲ့
သက်ဆိုင်သူ ၁ယောက်ဖြစ်နေတယ် .... ကျွန်တော်
မပိုင်တယ့် သက်ဆိုင်သူပေါ့....

သူ.... သူဆိုတာ ကျွန်တော် သိပ်ချစ်တယ့်ကိုကိုလေ~~

" ငယ်... မြန်မြန်လာကွာ ... လမ်းလျှောက်တာ
သိပ်နှေးတာပဲ "

" ကိုကို... က ငယ်မလိုက်ချင်တာကို အတင်း ခေါ်
နေတာကိုး ... မြန်မြန်မလျှောက်နိုင်ဘူးဆို "

ကျွန်တော့်၏ တုံ့ပြန်စကားကြောင့် ကိုကို သည်
ခြေလှမ်းကြဲ များဖြင့် လမ်းလျှောက်နေရာမှ
ရပ်ကာ သူနဲ့ အနည်းငယ် ကွာဝေးနေသော
ကျွန်တော့်ကို မျက်ခုံးတွ တွန့်ချိုးကာကြည့်နေလေသည်....

" ငယ်ကလည်းကွာ Yoonmiက ငယ့်ရယ့်သူငယ်ချင်း
လေကွာ.... ဘာလဲ ငယ်က ကိုကိုနဲ့ yoonmiကို
မအောင်သွယ်ပေးချင်ဘူးလား ? "

ကိုကိုရယ် ဘယ်လိုများပြောလိုက်တာလဲ ? ငယ့်ဘက်
ကို နည်းနည်းလေတောင် မစဉ်းစားမိဘူးလားဟင် ?

အင်းလေ ငယ့်ရယ့်ဖြစ်တည်မှုက ကိုကိုရယ့်
နှလုံးသားထဲမှရှိမှ မရှိတာကို.....

" ကိုကို yoonmiကို တကယ် ... ချစ်..ချစ်
နေတာလား ဟင် ? "

ငယ် သိပ်နာကျင်ရတယ် ကိုကိုရယ်~~~ ဟင့်အင်း
လို့ ဖြေပေးပါလား ဟင် ? ငယ် ၁ခါလောက်တော့
ဆုတောင်းပြည့်ချင်မိတယ်....

သူ၏ မေးခွန်းကြောင့် ကိုကိုသည် ပြုံးသည်... ပြုံး
တာဘာကြောင့်များ နူးညံ့ရတာလဲ ကိုကိုရယ် ? ဒါပေမယ့်
အခြားသူကြောင့်ကိုကို နူးနူးညံ့ညံ့ ပြုံးတာကို ငယ်
မလိုလားဘူး....

🌺ငယ်🌺Where stories live. Discover now