🌺10🌺

5.5K 561 43
                                    

🌺ငယ် လေ ကိုကို့ ကို အဆုံးအရှုံး မခံနိုင်ဘူး
ဘာလို့ ဆို သိပ်ချစ်လို့ပါ 🌺

°~°~°~°~°~°ငယ်°~°~°~°~°~°

At Inchoen Airport ✈

" Baekhyun~~ ဒီ မာဖလာ ပတ်ထား "

" အွန်း "

မာဖလာ အနီရောင်လေး ကို ပြစ်ပေး
လိုက်သော်လည်း "အွန်း " ၁လုံးသာ
ပြောလာပြီး သူစားနေသော ရေခဲမုန့် ဆီ
အာရုံ ရောက်နေပြန်သော Baekhyun
ကြောင့် Sehun လည်း ပြောမနေတော့ဘဲ
Baekhyun ရယ့် လည်ပင်းမှာ
ပတ်ပေးလိုက်တယ်....

မနက်ကတောင် ကိုယ်ငွေ့ နေသေးတာ
မို့ ဆေးတိုက်ပြီး အနွေးထည် သေသေချာချာ
ဝတ်ပေး ခဲ့လို့ သာ အနွေးထည်တွေ ပါလာတာ
မဟုတ်ရင် အင်္ကျီအပါး လေးနဲ့
လိုက်လာမည့် baekhyun~

နေမကောင်းတာ က သူ~ စိတ်ပူနေတာ
က ကျွန်တော် ~ တခြား ဆီပဲနော့ ~~

လေယာဉ် ပေါ်တက်ဖို့ မိနစ် ၄၀လောက်လို သေး
တာမို့ ငြိမ်ငြိမ်လေး ထိုင်ဖို့ပြောပေမယ့်လည်း
လုံးလုံး လုံးလုံး နဲ့ ဟို ဟာ သွားကြည့်လိုက် ဒီဟာ
သွားကြည့်လိုက်နဲ့~~တချက်မှ အငြိမ်မနေဘူး...

အဲ့တော့ ငြိမ်ဆေး ဖြစ်တယ့် ရေခဲမုန့်
ဝယ်ကျွေးထားရတယ်...မတည့်ပေ
မယ့်လည်း puppy eyesတွေဒဏ်ကို
မခံနိုင်လွန်းလို့သာ....

" Baekhyun~~ ဟိုဘက်မှာ ပန်းတွေ
အရမ်းလှတာ"

" ဟင် ? တကယ်လားkai ငါကြည့်ချင်တယ် "

ငမဲကောင် !!! ငြိမ်ဆေး ကျွေးထားပါတယ်
ဆိုတာကို လာခေါ်ပြန်ပြီ ~ မရဘူး ...

" kim kai! ပန်း မမြင်ဖူးဘူးလား ?
ဟို ၁ယောက် လာ ပြန်ထိုင် !!
နေမကောင်းဘူး ဆိုတာ ကို လားလား နဲ့ "

"ဟင့် "

Puppy အပုက မကျေမနပ်ဖြင့်
ခြေဆောင့်ကာ ဘေးနားလာထိုင်သည်!
Kai ကတော့ မျက်နှာကို မဲလို့~

" ခွီး!!! "

Sehun တဖက် လှည့်ကာ ကြိတ်ရယ်လိုက်သည်~
သို့သော် သူ့ အရယ်တွေဟာ အရှေ့၌ တပ်ထားသော
TV ကို ကြည့်ရင်း ရပ်သွားရသည်....

" ဟင် ....Park Chanyeol!! "

TV ထဲမှာ Park Chanyeol နဲ့
ကောင်မလေး၁ယောက် လက်ချင်းချိတ်ထား သည်!
ဒုက္ခပဲ Baekhyun မြင်သွားပြီလား ?

Sehun အထိပ်တလန့်နဲ့ ကြည့်လိုက်မိ
တော့ baekhyun က ရေခဲမုန့်ကို သာ
စားနေသည်မို့ ....

"Baekhyun ~လာ ငါနဲ့ ပန်းတွေ သွားကြည့်မယ် "

" ဘာလား ? ခုနက သွားမယ် အား!! "

နောက်ကနေ ရပ်ကာ လာပြောသော
Kim kaiရယ့် ခြေထောက်ကိုတက်နှင်းလိုက်ရင်း....

ငမဲကောင် !!!

" တကယ်လား ? "

"အွင်း ...သွားမယ် မြန်မြန်လာ "

လက်သေးသေးလေး ကိုဆွဲကာ ထွက်လာလိုက်သည်...
တော်သေးတာပေါ့ ~~ ငါ ကို ခွင့်လွှတ်ပေးပါ
Baekhyun-ah ~~ဖုံး ကွယ်ထား တာ
မင်း အတွက်ပါ ....

Sehun ဘယ်သူမှ မမြင်အောင်
သက်ပြင်း တိုးတိုး ချလိုက်ရင်း....

°~°~°~°~°~°ငယ်°~°~°~°~°~°
အိမ်ကြီး ၁အိမ်၏ အခန်း ကျဉ်း
လေး ၁ခု အတွင်း၌ ငိုနေသော
ကောင်လေး ၁ယောက် အား ချော့နေသော
မိန်းမကြီး...

" Omma~~ ကျွန်တော် ကြောက်တယ် "

" မကြောက်ပါနဲ့သားရယ်~ommaရှိတယ်"

"ဟင့်အင်း~~hyunee က ကျွန်တော့်ကို
မုန်းသွားတော့မှာ~ ကျွန်တော်ကြောက်တယ်~
ကျွန်တော် hyunee မုန်းတာ မခံချင်ဘူး"

" သား~ hyunee က သားညီလေးလေ
သား ကို မမုန်းပါဘူး "

" တကယ်လား ဟင် ? "

"သားတို့တွေ ညီအစ်ကို ထာဝရ ဖြစ်နေသရွေ့
သူ သားကို မမုန်းပါဘူးကွယ် "

" သား hyuneeကို ချစ်တယ် omma "

"သား ချစ်လို့ရပါတယ် Chanyeollie ရယ် "

ငါတို့က ညီအစ်ကို တွေမို့လို့ ဘယ်တော့
မှ မမုန်းကြေးနော် Hyunee ~~

°~°~°~°~°TBC°~°~°~°~°~°
လက်က ပုံမှန် သိပ်မဖြစ်သေးတော့
Tying ကြာကြာ မရိုက်နိုင်လို့ တိုသွား
ရင်တောင်းပန်ပါတယ် 😦
အရမ်း တင်ချင်လာလို့ပါ ☺ မျက်စိနှောက်သွားလား

နောက် အပိုင်း က စပြီး Pcy ကြိရယ့်
Povလေးတွေ လာပါတော့မယ် ရှင့် 😁

ဒီ တစ်ခါတော့ daddy ကို မုန်းမယ်
မထင်တော့ပါ လေ 😁

🌺ငယ်🌺Wo Geschichten leben. Entdecke jetzt