🌺19🌺

5.4K 479 48
                                    

Sehun pov~~🌺

Baekhyun ခေါ်လို့ လိုက်သွားပေမယ့် ကျွန်တော့် ခြေလှမ်း
တွေက သိပ်မမှန်လှပါ ~~ ညက ကြားထားတယ့်
စကားအချို့ကြောင့် ရင်ထဲလေးလံပြီးနာကျင်နေရတယ်....
ညက baekhyuneeနဲ့ kai နဲ့ စကားပြောနေတာ
တွေကို ကျွန်တော် မထင်မှတ်ပဲကြားခဲ့လိုက်ရတယ်...kai
ကလည်း baekhyuneeကို ချစ်နေခဲ့သည်တဲ့လေ~~

ဟက်!! ဘယ်ဘဝက ရေစက်တွေများပါလိမ့်??
ကျွန်တော် ချစ်နေတယ့် သူကို ကျွန်တော့်အချစ်ဆုံး
သူငယ်ချင်းကလည်း ချစ်နေခဲ့သည်~~

သူများ စကားပြောတာကို ချောင်းနားထောင်ဖို့ စိတ်ကူး
မရှိလှပေမယ့် ကိုယ့်ရယ့် အရေးပါဆုံးသူ ဖြစ်တာကြောင့်
သိချင်လှသည့် စိတ်တို့ကြောင့် ရပ်နေရာမှာ တစ်ဖဝါးမှ
မခွာမိ! အသံမထွက်အောင်အသာရပ်ရင်း နားထောင်
နေမိသည်....

နောက်ပိုင်းကြားရတယ့် Kai ရယ့် ရင်ဖွင့်စကားသံ
တို့က ကျွန်တော့်ကို အပြစ်သား၁ယောက်လို ခံစား
စေသလို ခံစားချက်ချင်း တူနေသည်မို့ စာနာမိသည်...
Kai ချစ်ရပါသောသူသည် kai အား ပြန်မချစ်နိုင်သလို
ကျွန်တော်ချစ်ရပါသော သူသည်လည်း ကျွန်တော့်ကို
ပြန်မချစ်နိုင်ပါ....နောက်ထပ် တူညီမှုက ကျွန်တော်တို့
၂ယောက်လုံး ချစ်နေသူသည် ၁ယောက်တည်း ဖြစ်နေသည်....

"နောင်ဘဝကျရင် ငါ့ရယ့်လက်တွဲဖော်ဖြစ်ပေးပါ puppy"

Kai ရယ့် စကားသံကြောင့် ကျွန်တော့် ရင်ထဲနင့်
နေအောင် ခံစားရသည်...kai က baekhyunee
ကို အရမ်းချစ်တာပဲလား??

"Kai-ah ဟင့်!!"

တသဲ့သဲ့ ငိုရှိုက်နေသော baekhyuneeကြောင့်
နာကျင်နေသော ကျွန်တော့်ရင်ဘတ်က စုတ်ပြတ်မတတ်!
သူငိုရင် ကျွန်တော် ရင်ထဲ သေလောက်အောင်နာကျင်
တာ~~သူ့မျက်ရည်တွေကို ကျွန်တော် သိပ်မုန်းတာ~~

"မချစ်တဲ့သူကို မရွေးချယ်ပါနဲ့ puppy"

အရှေ့ကစကားတွေထက် ထိုစကားလေးကို
ကြားလိုက်ရတော့ ကျွန်တော့်သည် အဆုံး
မရှိသော တွင်းနက်ကြီး၁ခုထဲ ထိုးကျသွားသလို
ခံစားလိုက်ရသည်~~

"မချစ်တဲ့သူ" ဒီစကားလေးက ကျွန်တော့်ရယ့်
မျှော်လင့်ချက် အားလုံးကို ချက်ချင်း ရိုက်ချိုးပြစ်လိုက်ပေသည်...
သေချာတာပေါ့....ကျွန်တော်ဆိုတယ့် Oh sehun က
Baekhyuneeရယ့် သူငယ်ချင်း ၁ယောက်....ဒီ့အထက်
မပိုတာကို သိတာကြောင့် သူ မချစ်တယ့် သူဆိုတာ
ကျွန်တော့်ကို ဆိုလိုလိုက်တာ ဟု ကျွန်တော် သိလိုက်ရသည်.....

🌺ငယ်🌺Where stories live. Discover now