🌺 ကိုကို က ဟိုးကောင်းကင်ယံက ကြယ်လေး
ဆို ငယ်က ကြယ်လေး ကိုပိုင်ဆိုင်ချင်နေတယ့်
မြေပြင်က လူသား ၁ယောက် 🌺°~°~°~°~°~°ငယ်°~°~°~°~°~°~°
" အ ! နာတယ် "
တဆစ်ဆစ်နဲ့ နာကျင်နေသော လက်လေးကိုကြည့်ရင်း
Baekhyun နှုတ်က မြည်တမ်းလိုက်သော်လည်း
လက်ကို အကြမ်းပတမ်း ဆွဲထားသူကတော့
တစ်ချက်မှ လှည့်မကြည့်လာသလို လက်နုနု
ကို ဆွဲထားသော အားကလည်း ပိုလာသည်....." ကိုကို ! လက်ကို လွှတ်တော့ "
ကျွန်တော် အော်ပြောလိုက်တော့ ကိုကိုက
လက်ကို လွှတ်မပေးပေမယ့် ကျွန်တော့်ကိုပြန်
လှည့်ကြည့်လေသည်.... အကြည့်တွေက တော့
စူးရဲပြီး ကြောက်စရာကောင်းလှသည်... ကျွန်တော်
ရှေ့က ကိုကို သည် သိပ်ကြောက်စရာကောင်းနေသလို
မျက်နှာကလည်း တင်းမာလျက်~~" ဘာလို့ အဲ့ဆိုင်ထဲဝင်နေတာလဲ Park Baekhyun?
ရူးနေတာလား ဟမ် ? မင်းအရွယ်က တက်တူး
ထိုးရမယ့် အရွယ်လား !! "ကိုကို က ပြောရင်း ကျွန်တော့်ရယ့် လက်ကို
ခပ်ကြမ်းကြမ်း လွှတ်ချလိုက်ရာ နာကျင်မှု
ကို ပါတစ်ပါတည်း ခံစားလိုက်ရသေးသည်....Park Baekhyun??ကိုကို ခေါ်နေကျ
မဟုတ်တယ့် နာမည် ၁ခု~~ မုန်းလိုက်တာ
Park Baekhyun ဆိုတယ့် နာမည်ကို ...." ကိုကို ပြန်လိုက်ပါ~"
စကားဆက်ပြောချင်စိတ်လည်း မရှိတာမို့
လှည့်ထွက်မည် အပြု ~~နာကျင်နေသော
ညာဖက် လက်မောင်းကိုသာ အားနဲ့ ဆွဲလိုက်
သော ကိုကို~" မိဘတွေ ကိုမျက်နှာပျက်အောင်လုပ်ပြီး
မဟုတ်တာတွေ လုပ်နေတာလား Park baekhyun?
မင်းကြောင့် ငါတို့ ဘယ်လောက်မျက်နှာပျက်ရတယ်ထင်သလဲ ? "" မျက်နှာပျက်တယ် ? ဟက်....နောက်ဆုံး
တော့ ကိုကိုက ငယ့်ကို စိတ်ပူလို့ လိုက်လာတာ
မဟုတ်ဘဲ ကိုကို တို့ မျက်နှာပျက်သွားရလို့
ငယ့်ကို ဆူပူဖို့ လိုက်လာတာပေါ့ ဟုတ်လား ? ""Park Baekhyun!!! "
တကယ်ပါဗျာ~~ ကျွန်တော့် အတွက် ဘယ်
တော့မှ ထည့်မထွက်တယ့် ကိုကို ~ ကျွန်တော်
ဘာကြောင့် တက်တူး ဆိုင်လဲဝင်သလဲ?
အသားနာမှာ သိပ်ကြောက်တယ့် ကျွန်တော်
အဲ့လို လုပ်တာ ဘာကြောင့်လဲ ? နေ့လည်ခင်း
၁၂နာရီကျော် ပူခြစ်နေသော လမ်းမ မှာ
ဖိနပ် မပါပဲ ကျွန်တော် ဘာလို့ ပြေးထွက်သွားသလဲ?
ဒါတွေ သူ စိတ်မဝင်စားဘူးလား ? သူ ကျွန်တော့်
ကို အဲ့လောက်တောင် စိတ်မပူဘူးတယ့်လား ???
YOU ARE READING
🌺ငယ်🌺
Fanfiction☆ငယ်လေ... ကိုကို့ ကိုသိပ်ချစ်တယ်....☆ Chanbaek Yaoi Cover by>>@LenCo Graphics