🌺7🌺

5.6K 562 79
                                    

🌺အချစ်ကြီးတယ့် သူက ပိုရှုံး တယ်ဆိုတယ့်
စကား က ငယ့်အတွက် ပဲထင်ပါတယ် ကိုကို 🌺

°~°~°~°~°~°ငယ်°~°~°~°~°~°

ကိုကို။ ဒီစကားလုံးလေး ၂လုံးက ကျွန်တော်
ဆိုတယ့် Baekhyunလူမှန်းသိတတ် စ
အရွယ်တည်းက သူတစ်ဦးတည်းကိုသာ
ခေါ်ဝေါ်ခဲ့သော နာမ်စားလေး ၁ခု !

ကျွန်တော် ငယ်ငယ်တုန်းက သိပ်ဆိုးတာတယ့်
ဒါကြောင့် ကိုကို ကျွန်တော့် အပေါ် အသည်းခံ
နိုင်ဆုံး လူသား လို့ ommaက မကြာ ခဏပြော
လေ့ရှိတယ်~

ကိုကို ကို ကျွန်တော် ငယ်ငယ်တည်းက
အရမ်း ခင်တွယ်ခဲ့တယ်~အလယ်တန်း
လောက်ရောက်တော့ ကိုကို့ က အထက်
တန်းဆိုတော့ အရမ်းလည်း ချောပြီး
အရပ်ရှည်လာတာမို့ ကျွန်တော် က
ကိုကိုရယ့် ကိုယ်ရံတော်လေး ဖြစ်လာ
ရတယ်~ ကောင်မလေး တွေ ကိုကို့အနား
ကပ်ရင် ကျွန်တော်က ရန်ရှာတယ်~ ဒါကြောင့်
ကိုကို က ရည်းစား မရှိခဲ့ဘူး ~

ကျွန်တော် အထက်တန်းလောက်ရောက်တော့
ကိုကို့ အပေါ် ခံစားချက်တွေ ပြောင်းလဲလာတယ်
ကိုကို ကလည်း လူပျိုပေါက်စ ဆိုတော့
အနေအထိုင်ကတည်ကြည်သွားပြီ~ အရမ်း
လည်း စမတ်ကျတယ်~ ဒီတစ်ခါလည်း
ကျွန်တော် ကိုကို့ ကို ကာကွယ်ပေးပါတယ်
ကိုကို ကြိုက်တယ့် ကောင်မလေးတွေနဲ့
ကိုကို က အောင်သွယ်ခိုင်းရင် ကျွန်တော် က
ရင်အနာခံပြီး အောင်သွယ်ပေးတယ်~အဲ့တုန်းက
ကိုကို စိတ်ဒုက္ခမရောက်စေအောင် ကျွန်တော်
နှလုံးသားလေးကို လမ်းခင်းပြီး ကူညီပေးတယ်~~

ဒါပေမယ့် အခု၁ခေါက်တော့ ကျွန်တော်
သဘောထားမကြီးနိုင်တော့ဘူးထင်ပါတယ်ဗျာ~
ကိုကိုနဲ့ ပတ်သက်လာရင် ကျွန်တော့် နှလုံးသားလေး
က အထိမခံနိုင်တော့ဘူး~ တစ်ခုခု ဆို အရမ်း
နာကျင်တတ်လာပြီ~

နောက်ဆုံး ကျွန်တော် ဘယ်လောက်ထိ
ခံစား ရလဲဆိုတာ ကျွန်တော့် အချစ်ဆုံး
သူငယ်ချင်းတွေတောင် သိကုန်ကြပြီ
Sehunက သိတော့ တားတယ်~
Kai က မသိသေးပေမယ့် နည်းနည်း
ရိပ်မိလောက်မှာပါ ~ သူသိရင်လည်း
တားမှာပဲ~ နောက် တစ်ခု ကိုကို က
အခု ကျွန်တော့်ကို kim yoonmiလောက်
တောင် တန်းဖိုးမထားတော့ဘူး ~ သူ့အတွက်
Yoonmi ကသာ ပထမဖြစ်နေတယ်~ မနက်က
ကိစ္စပဲကြည့်လေ~ ကိုကိုက yoonmi အတွက်ကြောင့်
ကျွန်တော့်ကို ထားသွားခဲ့တယ်~ omma
ပြောတယ့် အချိန်မှာ ကျွန်တော်လေ နှလုံးသားက
နာကျင်မှု က တဆစ်ဆစ်နဲ့ စူးအောင့်နေတာပဲ
ဘယ်လိုမှမခံစားနိုင်အောင်ပဲ....ommaလည်း
ထွက်သွားတော့ ကျွန်တော် ကြမ်းပြင်ပေါ်ပုံလျက်သား
လဲကျပြီး အသည်းအသန် ငိုကြွေးမိတာ မျက်လုံးတွေလည်း
ကျိန်းစက်လို့~~

🌺ငယ်🌺Where stories live. Discover now