ChanYeolကျောင်းကပြန်ရောက်ရောက်ချင်းနုံး နေတာနဲ့ ရေမိုးချိုးပီး အ၀တ်အစားလဲနေစဉ် အောက်ထပ်မှ Ommaခေါ်သံကြားလိုက်ရသည်။
"ChanYeol သားရေ ဒီမာဘယ်သူလာလဲ ဆင်းကြည့်ပါဦး"
သူ့ဆီကိုလာစရာဘယ်သူရှိလို့လဲ လို့တွေးရင်း ရေစို နေသော ဆံပင်များကို မျက်နှာသုတ်ပဝါဖြင့်သုတ် ရင်း အောက်ဆင်းလာလိုက်သည်။
အောက်ရောက်တော့ဧည့်ခန်းတွင်သူ့ကို ကျောပေး ထိုင်နေသော ကောင်လေးတစ်ယောက် ဒီနောက် ကျော ကိုရင်းနှီးပါတယ်လို့ စဉ်းစားနေတုန်း
"ဟော ဟိုမာလာပြီ။"လို့Omma ပြောပြောချင်း သူဒီဘက်လှည့်လာသည်။
"Oh Sehun!"
ထိုကောင်လေးကတော့ပြုံးလျက်
"Sehun မင်း ဘယ်လိုလုပ် Seoulကိုပြန်ရောက် လာတာလဲ?လာလည်တာလား?"
Sehun မျက်နှာချင်းဆိုင်က ခုံကို ၀င်ထိုင်ရင်း မေး လိုက်တော့
"ဟင့်အင်း အပြီးပြန်လာတာ"
"ဟ ဘယ်လိုဖြစ်လို့လဲကွ"
"ပျင်းလို့ Canadaက လူတွေနဲ့ ငါအကြောမတည့် ဘူး"
"မင်းက သောက်ကြောတင်းတာကို အန်ကယ် ဘာမှမပြောဘူးလား?"
"ကောတာပေါ့ ငါကအသိမပေးပဲ ရောက်ချ လာတာ လေ"
"အခုရော အခြေအနေ?"
"ကတိတွေအထပ်ထပ်ပေးပီး လိမ္မာမယ် ဘာညာ ပေါ့ကွာ"
"မင်းအဲ့တာ အခုဘာဆက်လုပ်မလဲ?"
"ဘာမှမလုပ်ဘူး သင်တန်းပဲတက်ပီး လျှောက်သွား မယ်"
"ကလေကချေကောင်"
"မင်းရော ဘယ်လိုလဲ အဆင်ပြေလား?"
"ငါကဒီနေ့မှ uni စတက်ရတာလေ မင်းတို့ uni ထက်နောက်ကျတယ်"
"ဩော် အတန်းထဲမာကောင်မလေးချောချော လေးတွေ ဘာတွေမရှိဘူးလား"
"ငါဘယ်သိမလဲ မင်းလို လိုက်ဘူးနေတာမှ မဟုတ် တာ"
"တော် ပီ တခုခု သွားစားရအောင် ဗိုက်ဆာနေပီ"
"အိုခေ ခနစောင့် အ၀တ်အစားသွားလဲလိုက် ဦးမယ်"
ဆိုပီး အပေါ်ထပ်ကိုတက်သွားသည်။ChanYeol ပျော်နေသည်။Oh Sehunကလွဲ၍ ပေါင်းစရာ မရှိဖြစ်နေသော Park ChanYeol တစ်ယောက် ပျော်နေသည်။နောက် သူမပျင်းရတော့ဘူးမလား